မြင်စိုင်းမင်းသားနှင့် ပြင်ဦးလွင်မှ သူ့ကျွန်မခံများ
ပြင်ဦးလွင်သမိုင်းတွင်မြင်စိုင်းမင်းသား၏သူ့ကျွန်မခံသော နယ်ချဲ့တော်လှန်ရေအင်အားစု၏ လှုပ်ရှားမှုမှာ ထင်ရှားခဲ့လေသည်။
မြင်စိုင်းမင်းသားသည်မင်းတုန်းမင်းတရားကြီး၏မိဖရားများအနက်တစ်ပါးဖြစ်သော လက်ပန်ဇင် မိဖုရား၏ သားတော်တစ်ပါးဖြစ်သည်။
သီပေါမင်း နန်းတက်စဉ်က အခြားသောမင်းညီမင်းသားများကိုဖမ်းဆီးပြီးအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းပြုလုပ်စဉ်ကပင်တိမ်းရှောင် ပုန်းအောင်နေခဲ့ရလေသည်။
၁၈၈၅ ခုနှစ် သီပေါမင်းအား ဗြိတိသျ နယ်ချဲ့သမားတို့ကဖမ်းဆီးခေါ်ဆောင်သွားစဉ် မြင်းစိုင်းမင်းသား၏ အသက်မှာ ၁၇နှစ်သာရှိသေးသည်။ သီပေါမင်းအား နယ်ချဲ့ အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ဝင်းတော်မှူး ဦးပေါင်နှင့် သြဇာအာ ဏရှိသောပဂ္ဂိုလ်များက မြင်စိုင်းမင်းသားအားဗြိတိသျှ နယ်ချဲ့ဆန်ကျင်ရေးနှင့်သူ့ကျွန်မခံရေးတို့ အတွက် ခေါင်းဆောင်ရန်သိမ်းသွင်းစည်းရုံးခဲ့လေသည်။
ထို့နောက်အနောက်ဝင်တော်မှူး ဦးပေါင်သည် မြင်စိုင်းမင်းသားတပ်အတွက် သူ့ကျွန် မခံမြန်မာတပ်သားပေါင်း ၂၀၀ ခန့် ကို စုစည်းပေးလိုက်ပြီးမန္တလေးအရှေ့ဘက်ရှိ ဇီးပင်ကြီးရွာအနီးတွင် တပ်စွဲစေခဲ့သည်။ ထိုနေရာမှာမန္တလေးမြိုတော်နှင့် ပတ်ဝန်းကျင် ကို အပေါ်စီးမှ မြင်သာသောနေရာဖြစ်သည် သာမက၊ နယ်ချဲ့အင်္ဂလိပ်စစ်တပ်များ တောင်ပေါ်သို့ တက်လာသောအခါ အပေါ်စီးမှ တိုက်ခိုက်နိုင်သော နေရာလည်း ဖြစ်သည်။
မြင်းစိုင်းမင်းသား၏ သူ့ကျွန်မခံသောတပ်သည် ဇီးပင်ကြီးသို့ရောက်ရှိတပ်မစွဲ မီက ပင်မြန်မာမင်းလက်အောက်ခံ ပြင်ဦးလွင်၊လက်ျာခြောက်ရွာ (တောင်)၊လက်ျာ ခြောက်ရွာ (မြောက်) ၊ သုံးတောင်၊တွင်းငယ်နှင့် အုန်းခွန်တို့မှ နယ်အုပ်များသည် ရရာလက်နက်များကိုစွဲကိုင်ပြီှးဗြိတိသျှနယ်ချဲ့ တပ်များကို တွန်လှန်ရန် နေပြည်တော်မှဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြသည်။ သို့ရာတွင်လမ်းခရီးတစ်နေရာ အရောက်တွင် နယ်ချဲ့တပ်များ မန္တလေးကိုသိမ်းပိုက်ပြီး သီပေါဘုရင်ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသတင်းကြားရသဖြင့် တောင်ပေါ်သို့ ပြန်ဆုတ်ခဲ့လေသည်။
မြင်စိုင်းမင်းသားသည်လမ်းတစ်ဝက်မှပြန်လည်ဆုတ်ခွာလာသောပြင်ဦးလွင်မှသူ့ကျွန်မခံများကို ၎င်းင်း၏တပ်၌ လာရောက်ပူုးပေါင်းရန်အတွက် ဇီးပင်ကြီးစခန်းသို့ဆင့်ခေါ်ခဲ့သည်။ နောက်တွင်မန္တလေးရှိ အင်္ဂလိပ်နယ်ချဲ့တပ်ထံ အညံ့ခံခဲ့သောလက်ျခြောက်ရွာ (မြောက်) နယ်အုပ် ဦးလွင်မှလွဲ၍ ကျန်နယ်အုပ်များနှင့် နောက်လိုက်များ အားလုံး မြင်စိုင်းမင်းသားထံ သစ္စာတော် ခံကြလေသည်။
ထိုစဉ်ကမြင်စိုင်းမင်းသားထံ သစ္စာတော် ခံကြသော ပြင်ဦးလွင်အပါအ၀င် နယ်(၆) နယ်မှသူ့ကျွန်မခံ ခေါင်းဆောင်များမှာ ဗိုလ်ကျော်မောင် (လွန်ကောင်းရွာ)၊ဗိုလ် တော် (ရွှေဓားဗိုလ်ခေါ် ဗိုလ်ငယ်၏ ယောက်ဖ)၊ ဗိုလ်လှိုင်၊ဗီုလ်မှဲ့ (ညံညင်းသာရွာ)၊ ဗိုလ်သင် (စုန်ပေါအိုင်ရွာ)၊ ဗိုလ်တုတ်(စုန်းပေါအိုင်ရွာ)၊ ဗိုလ်မြ (ညံညင်သာရွာ) တို့ ဖြစ်ကြသည်။ ၁၈၈၆ ခုစ်နှစ်၊ ဇန်န၀ါရီလတွင် ၏ဘုံဘေဘားမား သစ်ကုမ္မဏ (The Bombay Burma trading Corporation Limited) မှ မျက်နှာဖြူအရာရှိမစ္စတာကာရေး(Mr. Grey) အပါအ၀င် ဥရောပတိုက်သား (၄) ဦးတို့သည် တောတွင်းမှ ၎င်းတို့၏အလုပ်စခန်းသို့ အုပ်ပြန်ဝင်ရန် အသွားကျောက်ဆည်ခရိုင်၊စဥ့်ကိုင်အနီးတွင် မြင်စိုင်းမင်းသား၏ သူ့ကျွန်မခံတပ်သားများတိုက်ခိုက်ခြင်းကို ခံခဲ့ကြရာတွင် တိုက်ပွဲ မှာ (၄)နာရီကြာပြီးနောက် မစ္စတ်ာကာရေး (Mr. Garay) မှမပ ကျန်အပေါင်းပါအား လုံးကျဆုံးခဲ့ကြလေသည်။
မစ္စတာကာရေးကိုမူ မြင်းစိုင်းမင်းသား၏ အခြေစိုက်စခန်းရှိရာ ဇီးပင်ကြီး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြလေသည်။
ထိုအချိန်တွင် ဗြိတိသျှတို့သည် မစ္စတာကာရေးအား ကယ်တင်ရန်နှင့်မြင်စိုင်းမင်း သား၏ အခြေစိုက်စခန်းကို တိုက်ခိုက်ချေမှုန်းရန်အတွက်အင်္ဂလိပ်စစ်တပ်မှ ဟမ်းရှားယားတပ် (Ham-shires) ကို စေလွှတ်ခဲ့သည် ထိုတပ်ကို မြင်စိုင်မင်းသားတပ်က တောင်ခြေရှိထုံးဘိုမှ ဆီ၍ တိုက်ခိုက်ခဲ့သည် ဟမ်းရှားယား တပ်မှ အင်္ဂလိပ်လူမျိုးဗိုလ်ကြီးလွိုက် (captain L.Loryd) နှင့် တပ်သားနှစ်ဦးမှာ ပြင်းထန် စွာ ဒဏ်ရာရှိခဲ့ပြီးနောက် မန္တလေးသို့ ဆုတ်ခွာသွားကြလေသည်။
ထိုသို့ ဆုတ်ခွာသွားစဉ် သူ့ကျွန်မခံများက နောက်မှ လိုက်တိုက်သဖြင့် အင်္ဂလိပ်တပ်သား အများအပြား ထပ်မံ ဒဏ်ရာရှိခဲ့ လေသည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ဗြိတိသျှနယ်ချဲ့တပ်များသည် ဇီးပင်ကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြင်စိုင်းမင်းသားနှင့် သူ့ကျွန်မခံ တပ်သားများသည် အင်္ဂလိပ်စစ်တပ်များ ရောက်လာခြင်းမပြုမီကပင် မစစ္စတာကာရေး (မြ.ွမပေ) ကို ခေါင်းဖြတ်သတ်ခဲ့ပြီးနောက် စခန်းကို စွန့်ခွာ ၍ ကျောက်ဆည် နယ်ဘက် တွင် စခန်းသစ်တစ်ခု ထပ်မံတည်ထောင်ခဲ့ကြသည်။
မြင်စိုင်းမင်းသားသည် ကျောက်ဆည်နယ်ဘက် မှနေ၍ အင်္ဂလိပ်နယ်ချဲ့တပ်များအား ဆက်လက်တော်လှန်တိုက်ခိုက်နေစဉ် ၁၈၈၆ ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် သီပေါစော် ဘွား၏ လက်အောက်ခံဖြစ်သော ဘော်ကြိုဟိန်နှင့် ဆမ်ဆယ်မြို့စားတို့ သည်သီပေါ စော်ဘွားထွား၏ စေခိုင်းချက်အရ လက်နက်ကိုင် နောက်လိုက်တပ်သားများနှင့် အတူ ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ရွာလုံးကို မီးရှို့ခဲ့ကြသည်။ (သက္ကရာဇ်၁၇၈၃ ခုနှစ်၊ မိုးညှင်းမင်းတရား ကြီးလက်ထက်တွင် ပြင်ဦးလွင်ကို သီပေါစော်ဘွားက သူပိုင်ဆိုင်ကြောင်း အကြိမ်ကြိမ်အရေးဆိုခဲ့ဖူးသည်။)
ပြင်ဦီးလွင်ရွာကို သီပေါစော်ဘွားတပ်များက အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်လိုက် သည် ဆိုသော သတင်းမှာ ကျောက်ဆည်နယ်တွင် စခန်းချထားသော မြင်စိုင်းမင်းသားက ၎င်း၏ သစ္စာတော်ခံ လက်ျာခြောက်ရွာစား (တောင်) နယ်အုပ်ကို သစ္စာတော်ခံ နယ်သူနယ်သားများကို စုစည်းစေပြီး ပြင်ဦးလွင်ရွာကို ပြန်လည်သိမ်း ပိုက်ရန် စေလွှတ်ခဲ့လေသည်။
လက်ျာခြောက်ရွာစား(တောင်) နယ်အုပ်၏ သူ့ကျွန်မခံတပ်ဖွဲ့သည် ပြင်ဦးလွင်သို့ရောက်ရှိသော အခါ စေတီတစ်ဆူအနီးတွင် တပ်စခန်းချထားသည့် ဘော်ကြိုဟိန်း၏ ပဒေသရာဇ်တပ် ကိုဝင်ရောက်တိုက်ခိုက်သည်။ တိုက်ပွဲမှာတစ်နေ့နှင့် တစ်ညကြာသည် အထိပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် ဘော်ကြိုဟိန် ၏တပ်ခုခံနိုင်စွမ်း မရှိတော့ဘဲ ဂုတ်ထိပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့လေသည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ လူပေါင်း (၄၁) ဦးအသက်ဆုံးရှုံးခဲ့ကြရလေသည်။
ပြင်ဦးလွင်မှ သူ့ကျွန်မခံ ပြင်ဦးလွင်သားများက ပင်လိန်ရွာနှင့်ဝက်ဝံရွာတို့သည် ဘော်ကြိုဟိန်း၏ သီပေါစော်ဘွားတပ်ကိုအကူအညီပေးခဲ့သဖြင့် ရွာကိုမီးရှိုခဲ့သည်။
ဤတိုက်ပွဲမှာ နယ်ချဲ့အင်အားစုကို တိုက်ခိုက်နေသော ပြင်ဦးလွင်မှသူ့ကျွန်မခံမျိုးချစ်အင်အားစုကို ပဒေသရာဇ်အင်အားစုက နောက်ကျော ဓားဖြင့်ထိုးခြင်းဖြစ်သည်။
မြင်စိုင်းမင်းသား၏ သူ့ကျွန်မခံသောတပ်များကို အင်္ဂလိပ်စစ်တပ်ကကျောက်ဆည်နယ်တွင် စစ်ဆင်ရေးဆင်နွှဲခဲ့ရာ လက်နက်အင်အား၊လူအင်အားမယှဉ် သာတော့သည့်အဆုံး သူ့ကျွန်မခံတပ်များ ပြိုကွဲသွားသည်။မြင်စိုင်းမင်းသားမှာမှု ရှမ်းပြည်တောင်ပိုင်းရွာငံဒေသသို့ဆုတ်ခွာပြီးနောက်ငှက်ဖျားရောဂါဖြင့် ကံကုန်သွားရှာ လေတော့သည်။
နယ်ချဲ့ အင်္ဂလိက်စစ်တပ်များ ပြင်ဦးလွင်ကို သိမ်းပိုက်ခြင်း
မြင်းစိုင်းမင်းသား ပရှိတော့သည့် နောက်ပြင်ဦးလွင်ဒေသတွင် သူ့ကျွန်ပခံတေပ်သားများက အင်္ဂလိပ်ကို ဆက်လက်ပြီး ပုန်ကန်ခဲ့သည်။
ဗြိတိသျှ စစ်ဦးစီးဌာနချုပ်ကလည်း ပြင်ဦးလွင်ကို အထင်သေး၍ မဖြစ်၊ ကြာလျှင် သူ့ကျွန်ခံတပ်များ အင်အားပိုမိုကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ပြင်ဦးလွင်ကို အမြန်ဆုံး စစ်ချီတိုက်ခိုက်ရန် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြင်ဆင်စေခဲ့လေသည်။
၁၈၈၆ ချုနှစ်၊ ဇွန်လတွင် တပ်ဖွဲ့တစ်ဖွဲ့လျှင် တပ်သားအင်အာ (၅၆၁) ဦးပါဝင်သော စစ်ပုလိပ်တပ်ဖွဲ့ (MilitaryPloiceLevies) (၂) ဖွဲ့သည် ကြွက်နဖားတွင် တပ်စခန်းချပြီး ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်လေသည်။
၁၈၈၆ခုနှစ်၊ အောက်တိုဘာလတွင် မြေပြန့်ဒေသနှင့် ပြင်ဦလွင် အပါအဝင် တောင်ပေါ်ဒေသများမှ သူ့ကျွန်မခံသော အင်အားစုများပူးပေါင်းပြီး ကြွက်နဖားတွင် တပ်စွဲထားသော စစ်ပုလိပ်တပ်ဖွဲ့ကို (၃) ရက်တိုင်တိုင် ၀ိုင်ဝန်းပြီးတိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် အင်္ဂလပ်စစ်တပ်စစ်ကူ ရောက်လာသဖြင့် အ၀ိုင်းခံထားရသော စစ်ပုလိပ်တပ်ဖွဲ့မှာ သက်သာရာ ရရှိခဲ့လေသည်။
ဤတိုက်ပွဲမှာ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသားမျာ စည်းလုံးညီညွတ်မှု အင်အားကို ဗြိတိသျှနယ်ချဲ့တို့အား ပြသလိုက်သော တိုက်ပွဲဖြစ်သည်။
ကြွက်နဖား တိုက်ပွဲနှင့်ပတ်သက်၍ စစ်ပုလိပ်တပ်ဖွဲ့ကို ဦးဆောင်တိုက်ခိုက်ခဲ့သူ ဒုတိယ ရဲဗိုလ် ချုပ်မစ္စတာ အေဒီကာနန်ဒါ (Mr. A.D. Kiernandar) က အောက်ပါအတိုင်း မှတ်ချက်ချခဲ့လေသည်။
အကယ်၍ စစ်ကူများ ရောက်မလာပါက သူ့ကျွန်မခံသော အင်အားစုများ၏လက်ချက်ကြောင့် သူ၏ တပ်သားများမှာ မြန်မာ့မြေပေါ်မှ လုံးဝပျောက်သွားစရာရှိသည် ဟူ၍ ဖြစ်သည်။
ကြွက်နဖားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်များ အရေးနိမ့်ခဲ့ပြီးနောက် ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပါတော့သည်။
ထိုစစ်ဆင်ရေးတွင် ဗိုလ်မှူးကြီးစတက်မင်း (Col. Stedman) ဦးစီးသော အမှတ် (၃) ဂေါ်ရခါး သေနတ်ကိုင်တပ်ရင်း (3rd Gurka Rifles) နှင့် အမှတ် (၂၃) မှ မဒရပ်စ် ခြေ၏လျှင်တပ်ရင်းမှ တပ်ခွဲ (၁) ခွဲ့တို့ပါဝင်သည်။ သို့သော်အမှတ် (၂၃) မှ မဒရပ်စ်ခြေလျှင်တပ်ရင်းမှ မဒရာစီတပ်သားများမှာ တောင်ပေါ်ဒေသ၏ အအေးဒဏ်ကို မခံနိုင်သဖြင့်ဇီးပင်ရောက်တွင် ထုံးဘိုသို့ ပြန်လည်ဆုတ်ခွာသွားကြလေသည်။ ထို့နေက်အမှတ် (၂၃) မဒရပ်စ် ခြေလျင်တပ်ရင်းအစား ဗိုလ်မှူးကြီးမေ (Col. May) ဦးစီးသော အမှတ်(၅) ဘင်ဂေါခြေလျင်တပ်ရင်း (5th Bengal Infantary) ကို အစားထိုးခဲ့လေသည်။
ထိုတပ်ရင်း (၂) ရင်းသည်အုန်နှဲတောင်ကြားလမ်မှ ချီတက်လာကြသည်။ သူ့ကျွန်မခံတောင် ပေားတပ်သားများကအုန်းနှဲနှင့် ပေပင်အကြားတွင် ဆီကြိုတိုက်ခိုက်ခဲ့ရာ အင်္ဂလိပ်ဘက်မှတပ်သား(၂) ယောက် ကျဆုံးပြီး စစ်ဗိုလ်တစ်ယောက်ဒဏ်ရာ ရှိခဲ့သည်။
သိုရာတွင် လက်နက်အင်အား၊ လူအင်အားအရာ၌ မယှင်နိုင်သောကြောင့် သူ့ကျွန်မခံတပ်များ ဆုတ်ခွာ ပေးခဲ့ရလေသည်။
ဖော်ပြပါ အင်္ဂလိပ်စစ်တပ်မှ တပ်ရင်းနှင့် အတူ မစ္စတာကန်နန်ဒါ (Mr. A.D Kiernandar) သည် နိုင်ငံရေးနှင့် အရပ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးအရာရှိအဖြစ် လိုက်ပါလာသည်။ မစ္စတာကန်နန်ဒါ သည်စစ်ကြောင်းတစ်လျှေက် သူ့ကျွန်မခံဗိုလ်များကို ငွေနှင့်ရာထူးပေး၍စည်းရုံးရန် လိုက်ပါလာခြင်းဖြစ်သည်။
ထို့ပြင် စစ်ကြောင်းနှင့်အတူ မန္တလေးသို့ ထွက်ပြေးပြီး အင်္ဂလိပ်တို့ထံအညံ့ခံခဲ့သူ လက်ျာခြောက်ရွာ (မြောက်) နယ်အုပ် ဦးလွင်လည်းလိုက်ပါလာပြီး တွင်းသယ်သူကြီးသည် လမ်းခုလပ်တွင် လာရောက် ပူးပေါင်းသည်။ထိုသူ (၂) ဦးအား နယ်အုပ်များအဖြစ် ခန့်အပ်ခဲ့သည်။ သုံးတောင်မှ ဗိုလ်အံ၊ပြင်သာမှ ဗိုလ်တုတ်ကြီးတို့မှာလည်း အင်္ဂလိပ်တို့ထံ သစ္စာခံသဖြင့်နယ်အုပ်များအ ဖြစ်ခန့်အပ်ခြင်းခံခဲ့ရလေသည်။
၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်နယ်ချဲ့တပ်များသည် ပြင်ဦးလွင်ကိုသိမ်းပိုက်နိုင်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် ပြင်ဦးလွင်နှင့် နယ်များကို သိမ်းပိုက်နိုက်ခဲ့သော်လည်း သူ့ကျွန်မခံတပ်များ၏ တစ်ဗိုလ်ကျ တစ်ဗိုလ်တပ်ပြီး အင်္ဂလိပ်နယ်ချဲ့ကို ဆက်လက်၍တိုက်ပွဲဝင်ခဲ့ကြလေသည်။
မက္ခရာမင်းသား၏ သားနှစ်ဦးဖြစ်ကြသော စောရန်နိုင်နှင့် ချောင်းခွမင်းသားတို့သည် ပြင်ဦးလွင်နယ်သို့ ၀င်ရောက်လာပြီး အင်္ဂလိပ်နယ်ချဲ့တို့ကိုဒုက္ခပေးခဲ့သည်။
၁၈၈၇ ခုနှစ်တွင် စကြားမင်းသားအမည်ခံ သူ့ကျွန်ခံ ဗိုလ်တစ်ဦး ဦးဆာင်သောတပ်သားအင်အား (၂၀၀) ခန့်အထိရှိပြီးလျှင် တပ်သား (၃၀၀)အထိစုစည်းနိုင်သည့် အင်အားစုသည် ပြင်ဦးလွင်နှင့် ကျောက်ဆည်နယ်စပ်ရှိ ရဲရမန်းအရပ်တွင် တပ်စခန်းချ၍ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့သည်။ စကြားမင်းသား၏ သူ့ကျွန်မချံတပ်ကို နှိမ်နင်းရန်အတွက်အင်္ဂလိပ်စစ်တပ်က စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲရာတွင်လက်မရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြင်ဦးလွင်မှ လက်ထောက်ကော်မရှင်နာ မင်းကြီး အင်္ဂလိပ်လူမျိုး ဗိုလ်ဒါရာ (Leiutenant Darrah, Asistant Commissioner at Pyinoolwin) ကျဆုံးပြီး အင်္ဂလိပ်အရာရှိတစ်ဦးဒဏ် ရာရရှိခဲ့လေသည်။
များမကြာမီမှာငပ် အင်္ဂလိပ်စစ်တပ်က စကြာမင်းသားအား ကျောက်ဆည်နယ်စပ်တွင်ဖမ်းဆီးရမိခဲ့သဖြင့် ကျောက်ဆည်တွင်ပင်ကြိုပေးကွပ်မျာက်လိုက်လေ၏။
စကြာမင်းသား ကျဆုံးပြီးနောက် ၁၈၈၇ ခုနှစ်တွင် စကြာမင်းသား၏ လက်ကျန်သူ့ကျွန်မခံ တပ်သားမျာကို စုစည်းပြီး ပြင်ဦးလွင်ဒေသ၌ အင်္ဂလိပ်တို့အား ဆက်လက်၍ ဒုက္ခပေးလေသည်။ ၁၈၉၀ ခုနှစ်တွင် အင်္ဂလိပ်တို့က ဗိုလ်ကျော်ဇောတပ်အား တိုက်ခိုက်ချေမှုန်းရန်အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့သဖြင့် ဗိုလ်ကျော်ဇောသည် ရှမ်းပြည်နယ်မြောက်ပိုင်ဘက်သို့ တိမ်းရှောင်သွားလေတော့သည်။
၁၈၈၅ခုနှစ်တွင် မန္တလေးမြို့ကို အင်္ဂလိပ်တို့သိမ်ပိုက်ပြီးနောက် မန်းလေးတိုက်ပွဲတွင် ကျဆုံးခဲသော အင်္ဂလိပ်စစ်သည်များအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ခု မန်းလေးနန်းတွင်း ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။
သိုရာတွင် မေမြို့ဘုရင်ခံ အိမ်တော်တည်ဆောက်ပြီးနောက် ဘုရင်ခံများ ဘုရားဝတ်ပြုရန်အတွက် အဆောက်အဦး တစ်ခုလိုအပ်သဖြင့် မူလကမ်းလေးနန်းတွင် တည်ဆောက်မည့် အစီအစဉ်ကိုပယ်ဖျက်ပြီး မေမြို့ဘုရင်ခံအိမ်တော်နှင့် မျက်နှာချင်းဆိုင်အနီးတွင် တည်ဆောက်ရန်ရွေချယ်ခဲ့သည်။
ဘုရားရှိခိုကျောင်းအမည်မှာ All Saints Church ဖြစ်သည်။ ၁၉၁၂ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေတွင် ဘုရားရှစ်ခိုးကျောင်း၏ အုပ်မြစ်ကို မြန်မာပြည်လက်ထောက် ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင် (Sir. Harvey Adamson) ချပေးခဲ့သည်။
မြန်မာပြည်သိမ်းပိုက်ရာတွင် ကျဆုံးသူများအတွက် အောက်မေ့ ဖွယ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်ဟု အင်္ဂလိပ်လိုအဓိပ္ပါယ် ရသည့် ကမ္ပည်းကျောက်စာ ရေးထိုးထားသည် ကိုတွေ့ရသည်။ ဘုရာရှိခိုးကျောင်ပုံစံမှာ လက်ရာမြောက်ပြီး ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားကြသည်။ ဘုရားကျောင်းပုံစံကို အင်္ဂလိပ်အစိုးရ၏ အတိုင်ပင်ခံ ပိသုကာ အင်ဂျင်နီယာ (Mr.Seton Morris) ဆိုသူကရေးဆွဲခဲ့သည်။
ယခုအခါ သန့်ရှင်းသူပေါင်းဘုရားကျောင်း အမည်ဖြင့်ပြင်ဦးလွင် နေခရစ်ယာန် ဘာသာဝင်များကတက်ရောက် ၀တ်ပြုလျက်ရှိသည်။ ယခင် Church Road ယခုဇီဝက လမ်း ပြည်သူဆေးရုံကြီးအနီးတွင် တည်ရှိသည်။
2 comments:
ညီလေးရေ
ပြင်ဦးလွင် အကြောင်းလာဖတ်သွားတယ်။ အခုမှ ရောက်ဖူးတာပါ။ စာတွေကောင်းတယ်။ အများကြီးဆက်လက် ရေးသားနိုင်ပါစေ။
ဖတ်လို့ကောင်းတယ်။ ဆက်ရေးဦးနော့။
Post a Comment