လင်းပင်မင်းသားနှင့် ရေနံသာခင်ခင်ကြီးတို့မှာ သားသမီး (၆) ယောက် ထွန်းကားခဲ့ရာတွင်
၁။ လင်းပင်ထိပ်တင်မကြီး
၂။ လင်းပင်ထိပ်တင်ကြီး
၃။ လင်းပင်ထိပ်တင်လတ်
၎။ လင်းပင်ထိပ်တင်မလတ်
၅။ လင်းပင်ထိပ်တင်ထွေး
၆။ လင်းပင်ထိပ်တင်မထွေး တို့ ဖြစ်သည်။
လင်းပင်ထိပ်တင်မလတ်မှာ နောင်သောအခါ သြစတြေလျားနိုင်ငံသား ပြင်ဦးလွင် မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် Mr. Herbert Bellamy ဆိုသူနှင့် အိမ်ထောင်ပြုပြီး ပြင်ဦးလွင် (ယခု ပြင်ဦးလွင်ဂေါက်ကွင်းအနီ Rase View နေအိမ်တွင် နေထိုင်ခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် လင်ပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသည်၊ နတ်က ပေးသော ကလေးဖြစ်သည်ဟုဆိုကာ လင်ပင်ထိပ်တင်မလတ်၏သမီးကို ရတနာနတ်မယ် ဟု အမည်ပေးခဲ့သည်။
ရတနာနတ်မယ်၏ အင်္ဂလိပ်အမည်မှာ John Rose Bellamy ဖြစ်သည်။ ပြင်ဦးလွင် စိန်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄) ကျောင်းတွင် အထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ မြင်းစီရာတွင်လည်း ထူချွန်သူတစ်ဦးဖြစ်သည်။ ရုပ်ရည်ရှုပကာမှာ တင့်တယ်ချောမောပြီး အရပ်မောင်း ထောင်းထောင်း မောင်းမောင်း ထည်ဝါခံ့ညားသဖြင့် ပြင်ဦးလွင်သာမက မင်းစိုရာဇာ အသိုင်းအဝန်း တွင်ပါထင်ရှားခဲ့လေသည်။
လင်းပင်မင်းသားနှင့် ရေနံသာခင်ခင်ကြီး

ရတနာနတ်မယ်
( ပြင်းဦးလွင်က သီပေါမင်း၏ အနွယ်တော်များ ) ဤတွင်ပြီးပါပြီ ။ ။
No comments:
Post a Comment