ပြင်းဦးလွင်က သီပေါမင်း၏ အနွယ်တော်များ
အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ပြီးနောက် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် အင်္ဂလိပ်စစ်တပ်သသည် သရက်ညမြို့၌ ၁၈၈၅ ခုနှစ်တွင် စုစည်းခဲ့ကြသည်။ အင်္ဂလိပ်စစ်တပ်သည်အမြောက်များနှင့် ခြေလျင်တပ်များကို ဖောင်ပေါ်တင်ကာ၊ ထိုဖောက်များကို မီးသင်္ဘောများဖြင့်ဆွဲပြီး ချီတက်လာကြသည်။
နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သရက်နှင့်မင်းလှကြားတွင်း မြန်မာသင်္ဘောများကို အင်္ဂလိပ်တို့ဘက်မှ ဧရာဝတီနှင့်ကသရင်း သင်္ဘောနှစ်စင်းမှ တိုက်ခိုက်၏။ မြန်မိာလက်အောက်တွင် အမှုထမ်းနေသော အီတာလျံလူမျိုး ကိုမိုတိုသည်သင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။ မြန်မာသင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။
မြန်မာသင်္ဘောပေါ်မှ မြစ်ကြောင်းပိတ်ဆို့ရေး အစီအစဉ်ပြမြေပုံတစ်ခုကို အင်္ဂလိပ်တို့ ရရှိသွားသည်။ ထိုကြောင့် အင်္ဂလိပ်များသည် ဧရာဝတီမြစ်ရိုး မည်သည့်နေရာများ၌ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်ရန် မြန်မာများဘက်မှ စိုင်းပြင်းထားသည်ကို ကောင်းစွား သိရှိခွင့် ရရှိသွားလေသည်။
သို့ဖြင့် အင်္ဂလိပ်တို့သည် မည်သည့်နေရာ၌ တိုက်ပွဲပြင်းထန်မည်။ မည်သည့်နေရာတွင်
တိုက်ပွဲပြင်းထန်မည်မဟုတ်ဆိုသောအချက်များကိုကြိုတင်သိရှိထားလေသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသော အင်္ဂလိပ်တပ်များသည် မင်းလှတွင် မြန်မာတပ်များနှင့် အကြီးအကျယ် တိုက်ခိုက်ကြရ၏ ညောင်ဦးတွင်လည်း အနည်းငယ် တိုက်ခိုက်ကြရ၏ တိုက်တိုင်းပင်ခေတ်မီလက်နက်ကိုင်ဆောင်ထားသောအင်္ဂလိပ်တ ပ်များက အရေးသာသောကြောင့် ရှေသို ဆက်လက်ချီတက်မြဲချီတက်သွားကြသည် နိုဝင်ဘာလ (၂၅) ရက်နေ့တွင်မြင်းခြံသို့ ဆိုက်ရောက်ခဲ့လေသည်။
နိုဝင်ဘာလ(၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် အင်္ဂလိပ်တမ်များသည်မန္တလေးသို့ ဆိုက်ရောက်လာကြပြီး ပရင်းဒါဂပ်သည် ကင်းဝန်မင်းကြီးအားမိမိထံလာရောက်တွေ့ဆုံရန် ခေါ်ဝင်ခဲ့သည်။
သိုသော်ကင်းဝန်မင်းကြီးအချိန်မီရောက်လာခြင်းမရှိသောေ ကြာင့်သင်္ဘောများပေါ်မှအင်္ဂလိပ်စစ်တပ်
များသည် ကုန်ပေို့ဆင်းကာ ဘင်ခရာအစုံအလင် တီးမှုပြီး၊ နံဘေးဝဲယာမှကြည့်ရှုနေကြသည့် မန္တလေးမြို့သူမြို့သူများကြားမှမန္တလေးနန်းတော်ကြီးရှိရာသို့ ချီတက်သွားကြ၏။
ထိုတပ်များ၏ ရှေ့မှနေပြီး ကာနယ်စလေဒင်၊ ကာနယ်စလေဒင်၏ စကားပြန်ဖြစ်သူ မစ္စတာနယ်ကောလက်နှင့် ဧရာဝတီ မီးသင်္ဘောကုမ္ပတီမှ ကပ္ပတိန်မော်ဂန်တို့ လိုက်ပါလာကြသည်။
မော်ဂန်မှာ မန္တလေးနန်းမြို့တော် အတွင်းပိုင်း၌ မည်သည့်အရာများ ၇ှိသည်ကို ကောင်စွာသိသော နေရာကျွမ်းကျင်သူ ဖြစ်သောကြောင့်ဖြစ်သည်။
နန်တော်ကြီး၏ အရှေဘက်တံခါးမှနေ၍ ကင်းဝန်မင်ကြီးက ကာနယ်စ လေဒင်အားဆီကြိုသည်။
ကင်းဝန်းမင်းကြီးက စစ်တပ်များကို မူကားနန်းတော်သို့ ၀င်ခွင့်ပေးရန် မသင့်ကြောင်း ပြောသောကြောင့် ကာနယ်စလေဒင်သည် ဗိုလ်ချူပ် ပရင်ဒါဂပသိသာရန် တံခါးဝတွင် စာတစ်စောင်းရေးပြီး ထားခဲ့၏။
မြန်နန်းပြားသာဒ်တော်ကြီးအတွင်းသို့ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီးတို့ ဆိုက်ရောက်သွားသောအခါ၌ သီပေါမင် (၁၈၇၈-၁၈၈၅)နှင့် စုဖုရားလတ်တို့သည် သီဟာသနရာဇပလင်ပေါ်တွင် ယှဉ်တွဲရှိနေကြသည်ကို တွေ့ရသည်။
မြန်မာစစ်သားအချို့နှင့် ၀န်းကြီးအချို့လည်း ၀ပ်ပြီးခစား နေကြသည်။ဖိနပ်ကိုလည်း မချွတ်၊ တုပ်ကွရိုကျိုးခြင်းလည်း မရှိတော့ဘဲမားမားမတ်မတ်ကြီး ၀င်ရောက်လာသော ကာနယ်စလေဒင်ထံတွင် သီပေါမင်းအညံ့ခံရလေတော့သည်။
သို့သော်လည်း အင်္ဂလိပ်တပ်များ ခေါ်ဆောင်ရာသို့ ချက်ချင်းလိုက်ပါနိုင်ခြင်း မပြုဘဲ နောက်တစ်နေ့မှ ခေါ်ဆောင်သွားရန် စီစဉ်ထားလေသည်။
နောက်တစ်နေ့တွင်သီပေါမင်းမင်းအားမြစ်ဆိပ်(ဂေါဝိန်ဆိပ်)သင်္ဘောများရှိရာသို့ခေါ်ဆောင်သွားရာ၌
ပထမဆုံး အင်္ဂလိပ်စစ်ဗိုလ်ချုပ် ပရင်ဒါဂပ်၊ ထိုနောက် အင်္ဂလိပ် အလံတော်၊ ထို့နောက် အင်္ဂလိပ်ခြေလျင်တပ်သားများ၊ ထို့နောက် တိုင်းတားမင်းကြီး၊ ထို့နောက်ထီးဖြူလေးစင်းစိုက်သောဗိရိုလှည်း၌ သီပေါမင်း၊ စုဖုရားလတ်၊
ဆင်ဖြူရှင်မိဖုရားကြီးတို့ကို တင်ကာ နောက်မှ အင်္ဂလိပ်စပ်သားများက ဘင်ခရာများကို တီးမှုတ်ကာ ဆောင်ယူသွားကြ၏။
သီပေါမင်းပါသော ဗီရိုလှည်းအား သေနတ်လှံစွပ်ကိုင် အင်္ဂလိပ်စစ်သားများ ၀န်းရံထားကြ၏။ မန္တလေးမှ သီပေါမင်းအား သူရိယဟုခေါ်သော ဧရာဝတီ ဖလုပ်တီးလားပိုင် သင်္ဘောပေါ် သို့တင်ကာ ရန်ကုန်သို့ ခေါ်ဆောင်သွားလေသည်။
ရန်ကုန်သို့ ရောက်ရှိနေသောအခါ၌ ကန်နင်း (ဃညေညငညါ) ပင်လယ်ကူး သင်္ဘောတစ်စင်းပေါ် သို့ တင်ကာ ပထမ အိန္ဒိယပြည် အဒရပ်မြို့သို့ ဆောင်ယူသည်။ ထိုနောက် ဘုံဘေနယ် ရတနာဂီရိမြိုကတွင် အကျယ်ချုပ် ဖြင့် ထားလေသည်။ ၁၉၁၆ ခုနှစ်တွင် ရတနာဂီရိမြို့၌ သီပေါမင်း နတ်ရွာစံပြီးနောက် စုဖုရားလတ်အား ရန်ကုန်သို့ ပြန်လည်သွားရောက် နေထိုင်ခဲ့သည်။
၁၂၈၇ ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင်နတ်ရွာစံသောကြောင့်ရွှေတိဂုံ စေတီတော်တော်ဘက်၊
ကန်တော်မင် ပန်းခြံအတွင်းတွင် သင်္ဂြိုဟ်ခဲ့လေသည်။
29.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၈ )
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
Subscribe to:
Post Comments (Atom)
3 comments:
သမိုင်းကြောင်း လာဖတ်သွားတယ်။ မြန်မြန်ဆက်ရေးပါဦး။
အခုမှ အသေးစိတ်သိရတော့တယ်..ကျေးဇူးခင်ဗျာ
ဟေး....... ဖတ်နေတုန်းကတော့
အုန်းလီးဝမ်း..
မန့်မယ်လုပ်တော့
သရီးပါဆန်
တူးကဦးသွားတယ်
ကိုကိုရွှေပြည်ဦးရယ်..းP
ခင်မင်စွာဖြင့်
စည်သူ။
Post a Comment