11.9.09
မိတ်ဆွေများဆီသို့
ကျွန်တော်ဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ ( ၁၁/၉/၂၀၀၉ ) မှစတင်၍ (၁လ/၂လ) ခံ့မျှ blog ကိုဝင်ရောက် ကြည့်ရှုဖြစ်မှာ မဟုတ်ပါဘူး....
ထိုကြောင့် Blog Post များ၏ Comment များ CBox မှတဆင့်ပြောကြာချက်များကို ချက်ချင်းတုံ့ပြန် ပြောဆိုနှိုင်မည် မဟုတ်သောကြာင့် ကျိုတင်တောင်းပန်အပ်ပါတယ်....
ရောက်လာသူ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ....
ရွှေပြည်ဦး
8.9.09
အမှတ်တရ
ပုံအသစ်တွေတွေ့လို့ တင်လိုက်ပါတယ်.....


မေမြို့မှာ နောက်အသစ်ဖွင့်တဲ့ လည်လည်သွားစရာ နေရာတစ်ခုပါ....
ကျွန်တော်ကတော့ မပြီးခင်က တစ်ခေါက်ဘဲရောက်ဘူးတယ်....


ဆေးအသစ်သုပ်ထားတဲ့ မြို့လယ်နာရီစဉ်ပါ...
တောက်ပြောင်နေတယ်.... (အရင်ကထုံးဘဲသုပ်တာ)

အလည်ထပ်မှာစာသောက်ဆိုင်ရှိတယ်...(အမြဲပိတ်ထာတယ်)
5.9.09
1.9.09
Forward Mail
ဒီတခါလဲ Forward Mail ထဲက ရလာတာလေးတွေကို သဘောကျလို့ မျှဝေလိုတယ်.....
အားလုံးလဲ သဘောကျမယ်လို့ ထင်ပါတယ်...
FAMILY
F = Father
A = And
M = Mother,
I = I
L = Love
Y = You
WIFE
W = Washing
I = Ironing
F = Food
E = Entertainment
ဘယ်လိုလဲ မမတို့ ????
HUSBAND
H = Housing
U = Understanding
S = Sharing
B = Buying
A = And
N = Never
D = Demanding
ဘယ်လိုလဲ ကိုကိုတို့...???
HELLO.....
H = How are you? ...
E = everything all right?
L = Like to hear from you...
L = Love to see you soon!
O = Obviously, I miss you ...... so, HELLO! Good Day!
အားလုံးပျော်ရွှင်ကြပါစေ
24.8.09
Bout Money
အားလုံးလဲ သဘောကျမယ်လို့ ထင်ပါတယ်...
1. With money you can buy A HOUSE,
But not A HOME...
2. With money you can buy A CLOCK,
But not TIME...
3. With money you can buy A BED,
But not SLEEP...
4. With money you can buy A BOOK,
But not KNOWLEDGE...
5. With money you can see A DOCTOR,
But not GOOD HEALTH...
6. With money you can buy A POSITION,
But not RESPECT...
7. With money you can buy BLOOD
But not LIFE....
15.8.09
အဖြေရှာပေးကြပါ...
{တစ်နှစ်တခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း} .... ? .....
[အဖြေ... မှို]
အပေါ်ကအတိုင်းလေးပါ.... အဖြေက ဘာလဲဆိုတာတွေးကြည့်ကြပေါ့... အဖြေလေးတွေကို Comment ခဲ့ပါ...
နောက်နေ့ကြမှအဖြေပေးမယ်..နော် ကျွန်တော်လဲတွေးလိုက်ဦးမယ်....
1. I am not a bird, but I can fly. I eat insects and fruit. I’m dark. I sleep upside down. ....?....
11.8.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၁၁ )
မြင်စိုင်းမင်းသားနှင့် ပြင်ဦးလွင်မှ သူ့ကျွန်မခံများ
ပြင်ဦးလွင်သမိုင်းတွင်မြင်စိုင်းမင်းသား၏သူ့ကျွန်မခံသော နယ်ချဲ့တော်လှန်ရေအင်အားစု၏ လှုပ်ရှားမှုမှာ ထင်ရှားခဲ့လေသည်။
မြင်စိုင်းမင်းသားသည်မင်းတုန်းမင်းတရားကြီး၏မိဖရားများအနက်တစ်ပါးဖြစ်သော လက်ပန်ဇင် မိဖုရား၏ သားတော်တစ်ပါးဖြစ်သည်။
သီပေါမင်း နန်းတက်စဉ်က အခြားသောမင်းညီမင်းသားများကိုဖမ်းဆီးပြီးအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းပြုလုပ်စဉ်ကပင်တိမ်းရှောင် ပုန်းအောင်နေခဲ့ရလေသည်။
၁၈၈၅ ခုနှစ် သီပေါမင်းအား ဗြိတိသျ နယ်ချဲ့သမားတို့ကဖမ်းဆီးခေါ်ဆောင်သွားစဉ် မြင်းစိုင်းမင်းသား၏ အသက်မှာ ၁၇နှစ်သာရှိသေးသည်။ သီပေါမင်းအား နယ်ချဲ့ အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ဝင်းတော်မှူး ဦးပေါင်နှင့် သြဇာအာ ဏရှိသောပဂ္ဂိုလ်များက မြင်စိုင်းမင်းသားအားဗြိတိသျှ နယ်ချဲ့ဆန်ကျင်ရေးနှင့်သူ့ကျွန်မခံရေးတို့ အတွက် ခေါင်းဆောင်ရန်သိမ်းသွင်းစည်းရုံးခဲ့လေသည်။
ထို့နောက်အနောက်ဝင်တော်မှူး ဦးပေါင်သည် မြင်စိုင်းမင်းသားတပ်အတွက် သူ့ကျွန် မခံမြန်မာတပ်သားပေါင်း ၂၀၀ ခန့် ကို စုစည်းပေးလိုက်ပြီးမန္တလေးအရှေ့ဘက်ရှိ ဇီးပင်ကြီးရွာအနီးတွင် တပ်စွဲစေခဲ့သည်။ ထိုနေရာမှာမန္တလေးမြိုတော်နှင့် ပတ်ဝန်းကျင် ကို အပေါ်စီးမှ မြင်သာသောနေရာဖြစ်သည် သာမက၊ နယ်ချဲ့အင်္ဂလိပ်စစ်တပ်များ တောင်ပေါ်သို့ တက်လာသောအခါ အပေါ်စီးမှ တိုက်ခိုက်နိုင်သော နေရာလည်း ဖြစ်သည်။
မြင်းစိုင်းမင်းသား၏ သူ့ကျွန်မခံသောတပ်သည် ဇီးပင်ကြီးသို့ရောက်ရှိတပ်မစွဲ မီက ပင်မြန်မာမင်းလက်အောက်ခံ ပြင်ဦးလွင်၊လက်ျာခြောက်ရွာ (တောင်)၊လက်ျာ ခြောက်ရွာ (မြောက်) ၊ သုံးတောင်၊တွင်းငယ်နှင့် အုန်းခွန်တို့မှ နယ်အုပ်များသည် ရရာလက်နက်များကိုစွဲကိုင်ပြီှးဗြိတိသျှနယ်ချဲ့ တပ်များကို တွန်လှန်ရန် နေပြည်တော်မှဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြသည်။ သို့ရာတွင်လမ်းခရီးတစ်နေရာ အရောက်တွင် နယ်ချဲ့တပ်များ မန္တလေးကိုသိမ်းပိုက်ပြီး သီပေါဘုရင်ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသတင်းကြားရသဖြင့် တောင်ပေါ်သို့ ပြန်ဆုတ်ခဲ့လေသည်။
မြင်စိုင်းမင်းသားသည်လမ်းတစ်ဝက်မှပြန်လည်ဆုတ်ခွာလာသောပြင်ဦးလွင်မှသူ့ကျွန်မခံများကို ၎င်းင်း၏တပ်၌ လာရောက်ပူုးပေါင်းရန်အတွက် ဇီးပင်ကြီးစခန်းသို့ဆင့်ခေါ်ခဲ့သည်။ နောက်တွင်မန္တလေးရှိ အင်္ဂလိပ်နယ်ချဲ့တပ်ထံ အညံ့ခံခဲ့သောလက်ျခြောက်ရွာ (မြောက်) နယ်အုပ် ဦးလွင်မှလွဲ၍ ကျန်နယ်အုပ်များနှင့် နောက်လိုက်များ အားလုံး မြင်စိုင်းမင်းသားထံ သစ္စာတော် ခံကြလေသည်။
ထိုစဉ်ကမြင်စိုင်းမင်းသားထံ သစ္စာတော် ခံကြသော ပြင်ဦးလွင်အပါအ၀င် နယ်(၆) နယ်မှသူ့ကျွန်မခံ ခေါင်းဆောင်များမှာ ဗိုလ်ကျော်မောင် (လွန်ကောင်းရွာ)၊ဗိုလ် တော် (ရွှေဓားဗိုလ်ခေါ် ဗိုလ်ငယ်၏ ယောက်ဖ)၊ ဗိုလ်လှိုင်၊ဗီုလ်မှဲ့ (ညံညင်းသာရွာ)၊ ဗိုလ်သင် (စုန်ပေါအိုင်ရွာ)၊ ဗိုလ်တုတ်(စုန်းပေါအိုင်ရွာ)၊ ဗိုလ်မြ (ညံညင်သာရွာ) တို့ ဖြစ်ကြသည်။ ၁၈၈၆ ခုစ်နှစ်၊ ဇန်န၀ါရီလတွင် ၏ဘုံဘေဘားမား သစ်ကုမ္မဏ (The Bombay Burma trading Corporation Limited) မှ မျက်နှာဖြူအရာရှိမစ္စတာကာရေး(Mr. Grey) အပါအ၀င် ဥရောပတိုက်သား (၄) ဦးတို့သည် တောတွင်းမှ ၎င်းတို့၏အလုပ်စခန်းသို့ အုပ်ပြန်ဝင်ရန် အသွားကျောက်ဆည်ခရိုင်၊စဥ့်ကိုင်အနီးတွင် မြင်စိုင်းမင်းသား၏ သူ့ကျွန်မခံတပ်သားများတိုက်ခိုက်ခြင်းကို ခံခဲ့ကြရာတွင် တိုက်ပွဲ မှာ (၄)နာရီကြာပြီးနောက် မစ္စတ်ာကာရေး (Mr. Garay) မှမပ ကျန်အပေါင်းပါအား လုံးကျဆုံးခဲ့ကြလေသည်။
မစ္စတာကာရေးကိုမူ မြင်းစိုင်းမင်းသား၏ အခြေစိုက်စခန်းရှိရာ ဇီးပင်ကြီး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြလေသည်။
ထိုအချိန်တွင် ဗြိတိသျှတို့သည် မစ္စတာကာရေးအား ကယ်တင်ရန်နှင့်မြင်စိုင်းမင်း သား၏ အခြေစိုက်စခန်းကို တိုက်ခိုက်ချေမှုန်းရန်အတွက်အင်္ဂလိပ်စစ်တပ်မှ ဟမ်းရှားယားတပ် (Ham-shires) ကို စေလွှတ်ခဲ့သည် ထိုတပ်ကို မြင်စိုင်မင်းသားတပ်က တောင်ခြေရှိထုံးဘိုမှ ဆီ၍ တိုက်ခိုက်ခဲ့သည် ဟမ်းရှားယား တပ်မှ အင်္ဂလိပ်လူမျိုးဗိုလ်ကြီးလွိုက် (captain L.Loryd) နှင့် တပ်သားနှစ်ဦးမှာ ပြင်းထန် စွာ ဒဏ်ရာရှိခဲ့ပြီးနောက် မန္တလေးသို့ ဆုတ်ခွာသွားကြလေသည်။
ထိုသို့ ဆုတ်ခွာသွားစဉ် သူ့ကျွန်မခံများက နောက်မှ လိုက်တိုက်သဖြင့် အင်္ဂလိပ်တပ်သား အများအပြား ထပ်မံ ဒဏ်ရာရှိခဲ့ လေသည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ဗြိတိသျှနယ်ချဲ့တပ်များသည် ဇီးပင်ကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြင်စိုင်းမင်းသားနှင့် သူ့ကျွန်မခံ တပ်သားများသည် အင်္ဂလိပ်စစ်တပ်များ ရောက်လာခြင်းမပြုမီကပင် မစစ္စတာကာရေး (မြ.ွမပေ) ကို ခေါင်းဖြတ်သတ်ခဲ့ပြီးနောက် စခန်းကို စွန့်ခွာ ၍ ကျောက်ဆည် နယ်ဘက် တွင် စခန်းသစ်တစ်ခု ထပ်မံတည်ထောင်ခဲ့ကြသည်။
မြင်စိုင်းမင်းသားသည် ကျောက်ဆည်နယ်ဘက် မှနေ၍ အင်္ဂလိပ်နယ်ချဲ့တပ်များအား ဆက်လက်တော်လှန်တိုက်ခိုက်နေစဉ် ၁၈၈၆ ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် သီပေါစော် ဘွား၏ လက်အောက်ခံဖြစ်သော ဘော်ကြိုဟိန်နှင့် ဆမ်ဆယ်မြို့စားတို့ သည်သီပေါ စော်ဘွားထွား၏ စေခိုင်းချက်အရ လက်နက်ကိုင် နောက်လိုက်တပ်သားများနှင့် အတူ ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ရွာလုံးကို မီးရှို့ခဲ့ကြသည်။ (သက္ကရာဇ်၁၇၈၃ ခုနှစ်၊ မိုးညှင်းမင်းတရား ကြီးလက်ထက်တွင် ပြင်ဦးလွင်ကို သီပေါစော်ဘွားက သူပိုင်ဆိုင်ကြောင်း အကြိမ်ကြိမ်အရေးဆိုခဲ့ဖူးသည်။)
ပြင်ဦီးလွင်ရွာကို သီပေါစော်ဘွားတပ်များက အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်လိုက် သည် ဆိုသော သတင်းမှာ ကျောက်ဆည်နယ်တွင် စခန်းချထားသော မြင်စိုင်းမင်းသားက ၎င်း၏ သစ္စာတော်ခံ လက်ျာခြောက်ရွာစား (တောင်) နယ်အုပ်ကို သစ္စာတော်ခံ နယ်သူနယ်သားများကို စုစည်းစေပြီး ပြင်ဦးလွင်ရွာကို ပြန်လည်သိမ်း ပိုက်ရန် စေလွှတ်ခဲ့လေသည်။
လက်ျာခြောက်ရွာစား(တောင်) နယ်အုပ်၏ သူ့ကျွန်မခံတပ်ဖွဲ့သည် ပြင်ဦးလွင်သို့ရောက်ရှိသော အခါ စေတီတစ်ဆူအနီးတွင် တပ်စခန်းချထားသည့် ဘော်ကြိုဟိန်း၏ ပဒေသရာဇ်တပ် ကိုဝင်ရောက်တိုက်ခိုက်သည်။ တိုက်ပွဲမှာတစ်နေ့နှင့် တစ်ညကြာသည် အထိပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် ဘော်ကြိုဟိန် ၏တပ်ခုခံနိုင်စွမ်း မရှိတော့ဘဲ ဂုတ်ထိပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့လေသည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ လူပေါင်း (၄၁) ဦးအသက်ဆုံးရှုံးခဲ့ကြရလေသည်။
ပြင်ဦးလွင်မှ သူ့ကျွန်မခံ ပြင်ဦးလွင်သားများက ပင်လိန်ရွာနှင့်ဝက်ဝံရွာတို့သည် ဘော်ကြိုဟိန်း၏ သီပေါစော်ဘွားတပ်ကိုအကူအညီပေးခဲ့သဖြင့် ရွာကိုမီးရှိုခဲ့သည်။
ဤတိုက်ပွဲမှာ နယ်ချဲ့အင်အားစုကို တိုက်ခိုက်နေသော ပြင်ဦးလွင်မှသူ့ကျွန်မခံမျိုးချစ်အင်အားစုကို ပဒေသရာဇ်အင်အားစုက နောက်ကျော ဓားဖြင့်ထိုးခြင်းဖြစ်သည်။
မြင်စိုင်းမင်းသား၏ သူ့ကျွန်မခံသောတပ်များကို အင်္ဂလိပ်စစ်တပ်ကကျောက်ဆည်နယ်တွင် စစ်ဆင်ရေးဆင်နွှဲခဲ့ရာ လက်နက်အင်အား၊လူအင်အားမယှဉ် သာတော့သည့်အဆုံး သူ့ကျွန်မခံတပ်များ ပြိုကွဲသွားသည်။မြင်စိုင်းမင်းသားမှာမှု ရှမ်းပြည်တောင်ပိုင်းရွာငံဒေသသို့ဆုတ်ခွာပြီးနောက်ငှက်ဖျားရောဂါဖြင့် ကံကုန်သွားရှာ လေတော့သည်။
နယ်ချဲ့ အင်္ဂလိက်စစ်တပ်များ ပြင်ဦးလွင်ကို သိမ်းပိုက်ခြင်း
မြင်းစိုင်းမင်းသား ပရှိတော့သည့် နောက်ပြင်ဦးလွင်ဒေသတွင် သူ့ကျွန်ပခံတေပ်သားများက အင်္ဂလိပ်ကို ဆက်လက်ပြီး ပုန်ကန်ခဲ့သည်။
ဗြိတိသျှ စစ်ဦးစီးဌာနချုပ်ကလည်း ပြင်ဦးလွင်ကို အထင်သေး၍ မဖြစ်၊ ကြာလျှင် သူ့ကျွန်ခံတပ်များ အင်အားပိုမိုကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ပြင်ဦးလွင်ကို အမြန်ဆုံး စစ်ချီတိုက်ခိုက်ရန် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြင်ဆင်စေခဲ့လေသည်။
၁၈၈၆ ချုနှစ်၊ ဇွန်လတွင် တပ်ဖွဲ့တစ်ဖွဲ့လျှင် တပ်သားအင်အာ (၅၆၁) ဦးပါဝင်သော စစ်ပုလိပ်တပ်ဖွဲ့ (MilitaryPloiceLevies) (၂) ဖွဲ့သည် ကြွက်နဖားတွင် တပ်စခန်းချပြီး ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်လေသည်။
၁၈၈၆ခုနှစ်၊ အောက်တိုဘာလတွင် မြေပြန့်ဒေသနှင့် ပြင်ဦလွင် အပါအဝင် တောင်ပေါ်ဒေသများမှ သူ့ကျွန်မခံသော အင်အားစုများပူးပေါင်းပြီး ကြွက်နဖားတွင် တပ်စွဲထားသော စစ်ပုလိပ်တပ်ဖွဲ့ကို (၃) ရက်တိုင်တိုင် ၀ိုင်ဝန်းပြီးတိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် အင်္ဂလပ်စစ်တပ်စစ်ကူ ရောက်လာသဖြင့် အ၀ိုင်းခံထားရသော စစ်ပုလိပ်တပ်ဖွဲ့မှာ သက်သာရာ ရရှိခဲ့လေသည်။
ဤတိုက်ပွဲမှာ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသားမျာ စည်းလုံးညီညွတ်မှု အင်အားကို ဗြိတိသျှနယ်ချဲ့တို့အား ပြသလိုက်သော တိုက်ပွဲဖြစ်သည်။
ကြွက်နဖား တိုက်ပွဲနှင့်ပတ်သက်၍ စစ်ပုလိပ်တပ်ဖွဲ့ကို ဦးဆောင်တိုက်ခိုက်ခဲ့သူ ဒုတိယ ရဲဗိုလ် ချုပ်မစ္စတာ အေဒီကာနန်ဒါ (Mr. A.D. Kiernandar) က အောက်ပါအတိုင်း မှတ်ချက်ချခဲ့လေသည်။
အကယ်၍ စစ်ကူများ ရောက်မလာပါက သူ့ကျွန်မခံသော အင်အားစုများ၏လက်ချက်ကြောင့် သူ၏ တပ်သားများမှာ မြန်မာ့မြေပေါ်မှ လုံးဝပျောက်သွားစရာရှိသည် ဟူ၍ ဖြစ်သည်။
ကြွက်နဖားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်များ အရေးနိမ့်ခဲ့ပြီးနောက် ပြင်ဦးလွင်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပါတော့သည်။
ထိုစစ်ဆင်ရေးတွင် ဗိုလ်မှူးကြီးစတက်မင်း (Col. Stedman) ဦးစီးသော အမှတ် (၃) ဂေါ်ရခါး သေနတ်ကိုင်တပ်ရင်း (3rd Gurka Rifles) နှင့် အမှတ် (၂၃) မှ မဒရပ်စ် ခြေ၏လျှင်တပ်ရင်းမှ တပ်ခွဲ (၁) ခွဲ့တို့ပါဝင်သည်။ သို့သော်အမှတ် (၂၃) မှ မဒရပ်စ်ခြေလျှင်တပ်ရင်းမှ မဒရာစီတပ်သားများမှာ တောင်ပေါ်ဒေသ၏ အအေးဒဏ်ကို မခံနိုင်သဖြင့်ဇီးပင်ရောက်တွင် ထုံးဘိုသို့ ပြန်လည်ဆုတ်ခွာသွားကြလေသည်။ ထို့နေက်အမှတ် (၂၃) မဒရပ်စ် ခြေလျင်တပ်ရင်းအစား ဗိုလ်မှူးကြီးမေ (Col. May) ဦးစီးသော အမှတ်(၅) ဘင်ဂေါခြေလျင်တပ်ရင်း (5th Bengal Infantary) ကို အစားထိုးခဲ့လေသည်။
ထိုတပ်ရင်း (၂) ရင်းသည်အုန်နှဲတောင်ကြားလမ်မှ ချီတက်လာကြသည်။ သူ့ကျွန်မခံတောင် ပေားတပ်သားများကအုန်းနှဲနှင့် ပေပင်အကြားတွင် ဆီကြိုတိုက်ခိုက်ခဲ့ရာ အင်္ဂလိပ်ဘက်မှတပ်သား(၂) ယောက် ကျဆုံးပြီး စစ်ဗိုလ်တစ်ယောက်ဒဏ်ရာ ရှိခဲ့သည်။
သိုရာတွင် လက်နက်အင်အား၊ လူအင်အားအရာ၌ မယှင်နိုင်သောကြောင့် သူ့ကျွန်မခံတပ်များ ဆုတ်ခွာ ပေးခဲ့ရလေသည်။
ဖော်ပြပါ အင်္ဂလိပ်စစ်တပ်မှ တပ်ရင်းနှင့် အတူ မစ္စတာကန်နန်ဒါ (Mr. A.D Kiernandar) သည် နိုင်ငံရေးနှင့် အရပ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးအရာရှိအဖြစ် လိုက်ပါလာသည်။ မစ္စတာကန်နန်ဒါ သည်စစ်ကြောင်းတစ်လျှေက် သူ့ကျွန်မခံဗိုလ်များကို ငွေနှင့်ရာထူးပေး၍စည်းရုံးရန် လိုက်ပါလာခြင်းဖြစ်သည်။
ထို့ပြင် စစ်ကြောင်းနှင့်အတူ မန္တလေးသို့ ထွက်ပြေးပြီး အင်္ဂလိပ်တို့ထံအညံ့ခံခဲ့သူ လက်ျာခြောက်ရွာ (မြောက်) နယ်အုပ် ဦးလွင်လည်းလိုက်ပါလာပြီး တွင်းသယ်သူကြီးသည် လမ်းခုလပ်တွင် လာရောက် ပူးပေါင်းသည်။ထိုသူ (၂) ဦးအား နယ်အုပ်များအဖြစ် ခန့်အပ်ခဲ့သည်။ သုံးတောင်မှ ဗိုလ်အံ၊ပြင်သာမှ ဗိုလ်တုတ်ကြီးတို့မှာလည်း အင်္ဂလိပ်တို့ထံ သစ္စာခံသဖြင့်နယ်အုပ်များအ ဖြစ်ခန့်အပ်ခြင်းခံခဲ့ရလေသည်။
၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်နယ်ချဲ့တပ်များသည် ပြင်ဦးလွင်ကိုသိမ်းပိုက်နိုင်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် ပြင်ဦးလွင်နှင့် နယ်များကို သိမ်းပိုက်နိုက်ခဲ့သော်လည်း သူ့ကျွန်မခံတပ်များ၏ တစ်ဗိုလ်ကျ တစ်ဗိုလ်တပ်ပြီး အင်္ဂလိပ်နယ်ချဲ့ကို ဆက်လက်၍တိုက်ပွဲဝင်ခဲ့ကြလေသည်။
မက္ခရာမင်းသား၏ သားနှစ်ဦးဖြစ်ကြသော စောရန်နိုင်နှင့် ချောင်းခွမင်းသားတို့သည် ပြင်ဦးလွင်နယ်သို့ ၀င်ရောက်လာပြီး အင်္ဂလိပ်နယ်ချဲ့တို့ကိုဒုက္ခပေးခဲ့သည်။
၁၈၈၇ ခုနှစ်တွင် စကြားမင်းသားအမည်ခံ သူ့ကျွန်ခံ ဗိုလ်တစ်ဦး ဦးဆာင်သောတပ်သားအင်အား (၂၀၀) ခန့်အထိရှိပြီးလျှင် တပ်သား (၃၀၀)အထိစုစည်းနိုင်သည့် အင်အားစုသည် ပြင်ဦးလွင်နှင့် ကျောက်ဆည်နယ်စပ်ရှိ ရဲရမန်းအရပ်တွင် တပ်စခန်းချ၍ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့သည်။ စကြားမင်းသား၏ သူ့ကျွန်မချံတပ်ကို နှိမ်နင်းရန်အတွက်အင်္ဂလိပ်စစ်တပ်က စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲရာတွင်လက်မရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြင်ဦးလွင်မှ လက်ထောက်ကော်မရှင်နာ မင်းကြီး အင်္ဂလိပ်လူမျိုး ဗိုလ်ဒါရာ (Leiutenant Darrah, Asistant Commissioner at Pyinoolwin) ကျဆုံးပြီး အင်္ဂလိပ်အရာရှိတစ်ဦးဒဏ် ရာရရှိခဲ့လေသည်။
များမကြာမီမှာငပ် အင်္ဂလိပ်စစ်တပ်က စကြာမင်းသားအား ကျောက်ဆည်နယ်စပ်တွင်ဖမ်းဆီးရမိခဲ့သဖြင့် ကျောက်ဆည်တွင်ပင်ကြိုပေးကွပ်မျာက်လိုက်လေ၏။
စကြာမင်းသား ကျဆုံးပြီးနောက် ၁၈၈၇ ခုနှစ်တွင် စကြာမင်းသား၏ လက်ကျန်သူ့ကျွန်မခံ တပ်သားမျာကို စုစည်းပြီး ပြင်ဦးလွင်ဒေသ၌ အင်္ဂလိပ်တို့အား ဆက်လက်၍ ဒုက္ခပေးလေသည်။ ၁၈၉၀ ခုနှစ်တွင် အင်္ဂလိပ်တို့က ဗိုလ်ကျော်ဇောတပ်အား တိုက်ခိုက်ချေမှုန်းရန်အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့သဖြင့် ဗိုလ်ကျော်ဇောသည် ရှမ်းပြည်နယ်မြောက်ပိုင်ဘက်သို့ တိမ်းရှောင်သွားလေတော့သည်။
၁၈၈၅ခုနှစ်တွင် မန္တလေးမြို့ကို အင်္ဂလိပ်တို့သိမ်ပိုက်ပြီးနောက် မန်းလေးတိုက်ပွဲတွင် ကျဆုံးခဲသော အင်္ဂလိပ်စစ်သည်များအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ခု မန်းလေးနန်းတွင်း ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။
သိုရာတွင် မေမြို့ဘုရင်ခံ အိမ်တော်တည်ဆောက်ပြီးနောက် ဘုရင်ခံများ ဘုရားဝတ်ပြုရန်အတွက် အဆောက်အဦး တစ်ခုလိုအပ်သဖြင့် မူလကမ်းလေးနန်းတွင် တည်ဆောက်မည့် အစီအစဉ်ကိုပယ်ဖျက်ပြီး မေမြို့ဘုရင်ခံအိမ်တော်နှင့် မျက်နှာချင်းဆိုင်အနီးတွင် တည်ဆောက်ရန်ရွေချယ်ခဲ့သည်။
ဘုရားရှိခိုကျောင်းအမည်မှာ All Saints Church ဖြစ်သည်။ ၁၉၁၂ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေတွင် ဘုရားရှစ်ခိုးကျောင်း၏ အုပ်မြစ်ကို မြန်မာပြည်လက်ထောက် ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင် (Sir. Harvey Adamson) ချပေးခဲ့သည်။
မြန်မာပြည်သိမ်းပိုက်ရာတွင် ကျဆုံးသူများအတွက် အောက်မေ့ ဖွယ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်ဟု အင်္ဂလိပ်လိုအဓိပ္ပါယ် ရသည့် ကမ္ပည်းကျောက်စာ ရေးထိုးထားသည် ကိုတွေ့ရသည်။ ဘုရာရှိခိုးကျောင်ပုံစံမှာ လက်ရာမြောက်ပြီး ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားကြသည်။ ဘုရားကျောင်းပုံစံကို အင်္ဂလိပ်အစိုးရ၏ အတိုင်ပင်ခံ ပိသုကာ အင်ဂျင်နီယာ (Mr.Seton Morris) ဆိုသူကရေးဆွဲခဲ့သည်။
ယခုအခါ သန့်ရှင်းသူပေါင်းဘုရားကျောင်း အမည်ဖြင့်ပြင်ဦးလွင် နေခရစ်ယာန် ဘာသာဝင်များကတက်ရောက် ၀တ်ပြုလျက်ရှိသည်။ ယခင် Church Road ယခုဇီဝက လမ်း ပြည်သူဆေးရုံကြီးအနီးတွင် တည်ရှိသည်။
8.8.09
မွေနေ့ဆိုတာ အိုပွဲပါ
မွေနေ့ဆိုတာ အိုပွဲပါ
တစ်နှစ်တစ်ခါ၊ မွေးနေ့ပါ၊ လူမှာခေါ်ရိုးရှိ၊၊
တကယ်ပြောင်းတာ၊ ရုပ်နာမ်ပါ၊ ခန္ခာမမြဲသိ၊၊
ရုပ်နာမ်ဓမ္မ၊မမြဲကြ၊ ခဏခဏပြောင်းနေ၏၊၊
သေမင်းမှတ်တိုင်၊ နောက်တစ်တိုင်၊
ရင်ဆိုင်ရောက်လာ၏၊၊
မွေးနေ့ဆိုတာ၊ အိုပွဲပါ၊ သေချာညဏ်ဖြင့်ကြည့်၊၊
အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ၊၊
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏၊၊
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏၊၊
အကျင့်သိက္ခာ၊ ကြီးမှာသာ၊ မှန်စွာစိတ်အေး၏၊၊
ကြီးလေ လှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏၊၊
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်စိတ်အေ၏၊၊
တိပိဋက ယောဆရာတော်
..:: ဒါနပြုမဲ့ တာရား CD များ ::..
အင်...အစက ဒီနေ့ Toa Payaoh ကျောင်းမှာဝေမလို့
ဒါပေမဲ့ ကျောင်မှာက ၈ ရက် ၈ လ ဆိုတော့ လူနည်းနည်းရှုပ်လို့ နောက်ကြုံတော့မှဘဲ ဝေတော့မယ်...
ကြွာရတာ အားမရှိလိုက်တာ....
5.8.09
မေတ္တာအခါတော်နေ့
Post အဟောင်းလေးကို ပြန်တင်ပေးလိုက်တာပါ...
မေတ္တာနှလုံး အလှဆုံး
ဤသာသနာ၊ ငြိမ်းချမ်းစွာ၊
ကမ္ဘာကြီးကို လှစေသည်။
မြန်မာ၌သာ၊ သာသနာ၊
ခိုင်မာပြည့်စုံသည်။
ဗုဒ္ခ၀ါဒ၊ မြတ်ဓမ္မကြောင့်၊
ကမ္ဘာ့အလယ်၊ ဂုဏ်ရည်ကြွယ်၊
ခန့်ထည် (ထယ်) မြန်မာပြည်။
မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊
ရွှင်ပြုံးကြည်သာ၊ တို့မြန်မာ၊
ကမ္ဘာကပင် မော်ကြည့်သည်။
ဗုဒ္ခမြတ်စွာ၊ သာသနာကြောင့်၊
ကမ္ဘာလည်းလှ၊ လူလည်းလှ၊
အေးမြချမ်းသာသည်။
နောက်ဆုံးမှာကား၊ မြတ်တရားသာ၊
ထောက်တည်ရာ ၊ လူမှာ စွမ်းအားပြည့်ဝသည်။
တိပိဋက ယောဆရာတော်
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၁၀ )
လင်းပင်မင်းသားနှင့် ရေနံသာခင်ခင်ကြီးတို့မှာ သားသမီး (၆) ယောက် ထွန်းကားခဲ့ရာတွင်
၁။ လင်းပင်ထိပ်တင်မကြီး
၂။ လင်းပင်ထိပ်တင်ကြီး
၃။ လင်းပင်ထိပ်တင်လတ်
၎။ လင်းပင်ထိပ်တင်မလတ်
၅။ လင်းပင်ထိပ်တင်ထွေး
၆။ လင်းပင်ထိပ်တင်မထွေး တို့ ဖြစ်သည်။
လင်းပင်ထိပ်တင်မလတ်မှာ နောင်သောအခါ သြစတြေလျားနိုင်ငံသား ပြင်ဦးလွင် မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် Mr. Herbert Bellamy ဆိုသူနှင့် အိမ်ထောင်ပြုပြီး ပြင်ဦးလွင် (ယခု ပြင်ဦးလွင်ဂေါက်ကွင်းအနီ Rase View နေအိမ်တွင် နေထိုင်ခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် လင်ပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသည်၊ နတ်က ပေးသော ကလေးဖြစ်သည်ဟုဆိုကာ လင်ပင်ထိပ်တင်မလတ်၏သမီးကို ရတနာနတ်မယ် ဟု အမည်ပေးခဲ့သည်။
ရတနာနတ်မယ်၏ အင်္ဂလိပ်အမည်မှာ John Rose Bellamy ဖြစ်သည်။ ပြင်ဦးလွင် စိန်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄) ကျောင်းတွင် အထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ မြင်းစီရာတွင်လည်း ထူချွန်သူတစ်ဦးဖြစ်သည်။ ရုပ်ရည်ရှုပကာမှာ တင့်တယ်ချောမောပြီး အရပ်မောင်း ထောင်းထောင်း မောင်းမောင်း ထည်ဝါခံ့ညားသဖြင့် ပြင်ဦးလွင်သာမက မင်းစိုရာဇာ အသိုင်းအဝန်း တွင်ပါထင်ရှားခဲ့လေသည်။
လင်းပင်မင်းသားနှင့် ရေနံသာခင်ခင်ကြီး

ရတနာနတ်မယ်
( ပြင်းဦးလွင်က သီပေါမင်း၏ အနွယ်တော်များ ) ဤတွင်ပြီးပါပြီ ။ ။
1.8.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၉ )
သီပေါမင်းအား မြန်မာထီးနန်းမှ အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း နှင့်အတူ ကုန်းဘောင်မင်းဆက် ပြတ်စဲသွားခဲ့သည်။ မြန်မာဘုရင်း အုပ်ချုပ်ရေးစနစ်လည်း ပျက်စီးပျောက်ကွယ် သွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေးလည်း ဆုံးရှုံးသွားခဲ့သည်။ မြန်မာနိုင်ငံနှင့်တကွ ပြည်ထောင်စုသား အားလုံးတို့လည်း ဗြိတိသျှတို့၏ ကျွန်ဘ၀သို့ ကျရောက်သွားကြရလေတော့သည်။
သီပေါမင်း နတ်ရွာစံပြီနောက် သမီးတော်(၄)ပါးအနက် တတိယသမီးတော် အရှင်ထိပ်စုမြတ်ဘုရားသည် ပြင်ဦလွင်၌ လာရောက်နေထိုင်ခဲ့သည်။ တတိယသမိတော်တွင် တစ်ဦးတည်းသောသမီးဖြစ်သူ ထိပ်စုကြီးဘုရားကို စတုတ္ထသမီတော် အရှင်ထိပ်စုမြတ်ဘုရားကလေးနှင့် ဦးကိုကိုနိုင်၏ တတိယသားတော် တော်ဘုရား နှင့်စုလျားရစ်ပတ်ခဲ့သည်။
တော်ဘုရားမှာယခုအခါ သက်တော် (၈၅) နှစ်ရှိပြီး၊ နှစ်ရှိပြီး၊ ပြင်ဦးလွင်မြို့၊ သစ်တောလမ်း၊ အိမ်အမှတ်(၁၃၃)၊ သစ်တောလမ်း၊ ငါးပါးသီလသတ်သတ်လွတ် ဘုံကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။
အင်္ဂလိပ်တို့သည် ပြည်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး သောအခါ မြန်မာ့နန်းတွင်း အရှုပ်အထွေးများ ပေါ်ပေါက်လာသည်။ ပုဂံမင်း၏ ညီဝမ်းကွဲတော်သူ မင်းတုန်မင်းသားသည် စစ်ကို မလိုလားသူဖြစ်သည်။ အိန္ဒိယဘုရင်ခံချုပ်လော့ဒါ လဟိုဇိသည် ကွန်မိုဒိုလင်းလတ်မှတစ်ဆင့် ပုဂံမင်းထံသို့ အဓိက အချက် ၄ ချက်ပါတော ရာဇသံကို ပေးပို့သောအခါ မင်းတုန်းမင်းက ထိုရာဇသံကို အထိုက်အလျှောက် ထားခဲ့ဖူးလေသည်။
ပုဂံမင်းသည် အင်္ဂလိပ်တို့နှင့် စစ်တိုက်ရမည်မှာ မရှောင်မလွှဲသာသော ကိစ္စတစ်ရပ်ဖြစ်သည့်အလျောက် တစ်တိုင်းပြည်လုံး ကုန်ဆုံသည်အထိ အလျှော့မပေးဘဲတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအတောအတွင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ အပေါ် အမှုတစ်ခုပေါ်ပေါက်လာလေသည်။ ပုဂံမင်းသားငယ်ရွယ်စဉ်က အထိန်တော်ဖြစ်သော ဟင်္သာတမြို့စားမိရွှဲ၏ ညီမ မိဘဲအိမ်ကို ဓာပြတို့က ၀င်ရောက်တိုက်ခိုက်ကြသည်။
ထိုဓားပြမှုတွင် မင်းတုန်းအိမ်တော်နှင့် ကနောင်အိမ်တော်များမှကျွန်းတော်မျိုးများ တိုက်ခိုက်ရာ ပါသည်ဟု စွပ်စွဲပြီးလျှင် မင်းတုန်းမင်းသား၏ စာရေး ငပေ၊ ကနောင်မင်းသား၏ စားရေး ငနှင်း၊ကွမ်းရေတော်ခေါင်း ငရေအောင်တို့ကို တောင်းဆိုလေသည်။ ဤသို့တောင်းဆို စစ်ဆေးပြီူလျှင် မင်းတုန်း-ကနောင် ညီနောင်တို့သည် သူခိုးဓားပြမွေးသည်ဟု အမှုရှာသည်ကို ညီတော် ကနောင်မင်းသားက နောင်တော်အားကင်းလျှောက်လေသည်။
မင်းတုန်း-ကနောင်ညီနောင်တို့သည် သာေးတော်သမီးတော်၊ ကိုယ်လုပ်မာင်းမ၊ကျေးတော်မျိုး ကျွန်တော်မျိုးအပေါင်းတို့ကို စုရုံး၍ ၁၈၅၂ ခုနှစ်အကုန်လောက်တွင် နေပြည်တော်အမရပှုရမှ ထွက်ခွာ၍ ရွှေဘိုမြို့သို့သွားရောက်ကာ ပုန်ကန်ခြားနားကြလေသည်။ ထိုသို့ မင်းတုန်း-ကနောင်ညီနောင်တို့ နောင်တော်ပုဂံမင်းအား ပုန်ကန်ခြားနားပြီး နေပြည်တော် အမရပှုရကို တိုက်ခိုက်ရာ ၁၈၅၃ ခုနှစ်တွင် အောင်တော်မှုလေသည်။
လွှတ်တော်၌ သြဇာကြီးမားသော မကွေးမင်းကြီးကလည်း ပုဂံမင်း၏ အရည်အချင်းကို သဘောမကျသဖြင့် မင်းတုန်းမင်းသားအား နန်းတင်လိုက်လေသည်။ မင်းတုန်းမင်းသားသည် ၁၈၅၃ ခု၊ ဖေဖော်ဝါရီလတွင် နန်းတက်သည်။ နောင်တော် ပုဂံမင်းသားအား သတ်ဖြတ်ခြင်းမပြုဘဲ စည်းစိမ်နှင့်တကွ ကျွေးမွေး စောင့်ရှောက်ထားသည်။ ပုဂံမင်းသည် တူတော်သီပေါမင်းလက်ထက် ၁၈၈၈ခုနှစ်တွင် နတ်ရွာစံသည်။
၁၈၆၈ ခု၊ သြဂုတ်လတွင် မြန်မာ့နန်းတော်ကြီးတွင် ကြီးမားတုန်လှုပ် ချောက်ချားဖွယ်ရာကောင်းသော ပုန်ကုန်မှုကြီးတစ်ရပ် ဖြစ်ပေါ်ခဲ့လေသည်။ ထိုပုန်ကန် ခြားနားမှုမှာမင်းတုန်းမင်းနှင့် မင်တုန်းမင်း၏ ညီတော် ကနောင်မင်းသားကို ပါပုန်ကန်ခြားနားခြင်း ဖြစ်လေသည်။
ကနောင်မင်းသားသည် မင်းတုန်းမင်းအဖြစ်သို့ ရောက်ရှိအောင် ဦးဆောင်တိုက်ခိုက်ပေးခဲ့သဖြင့် အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းထားခြင်း ခံရရုံသာမကသေးဘဲ၊ ဘုရင့်တပ်မတော်၏ စစ်သေနာပတိချုပ် အဖြစ်လည်း တာဝန်ယူရလေသည်။
ကနောင်မင်းသားသည် ၁၈၆၈ ခုနှစ် နေ့ နှစ်ချက်တီးအချိန်နန်းမြေဘုံသာစံနန်းဘက် လွှတ်တော်အနီး တဲကြီးတွင်စံနေခိုက် မင်းတုန်းမင်းက ကနောင်မင်းသားအား အိမ်ရှေ့မင်းသားအဖြစ် ပေးသည်ကို မကျေနပ်သော တူတော်မြင်ကွန်းမင်းသားနှင့် မြင်းခုံတိုင်မင်းသားတို့၏ တိုက်ခိုက်မှုကို ရုတ်တရက် ခံလိုက်ရခြင်းဖြစ်သည်။
အိမ်ရှေ့စံ ကနောင်မင်းသားအား မြင်ကွန်-မြင်းခုံတိုင်တို့၏ လက်ရုံဖြစ်သော ငဖြူသီးက လုပ်ကြံ သတ်ဖြတ်ခြင်း ဖြစ်လေသည်။ မြင်ကွန်းနှင့် မြင်းခုံတိုင်တို့သည် ခမည်တော် မင်းတုန်မင်းအား သတ်ဖြတ်ရန်အလာတွင် မင်းတုန်းမင်းသည် စားဖိုးဆောင်မှ ထွက်ပြေး လွတ်မြောက်သွားလေသည်။
မြင်ကွန်းနှင့် မြင်းခုံတိုင်တို့သည် အရေးရှုံနိမ်သော အခါဗြိတိသျှပိုင်နက် အတွင်းသို့ပြေး၍ ခိုဝင်သွားလေသည်။ ညီတော်မြင်းခုံတိုင်မင်းသား ငှက်ဖျားရောဂါဖြင့် အနိစ္စရောက်သောအခါ နောင်တော်မြင်ကွန်းသည် အရှေ့ဘက်တစ်လွှားသို့ ကူး၍ရှမ်းပြည်နှင့် ကရင်နီနယ်တွင် အရေးရှုံနိမ်၍ အောက်မြန်မာပြည်အင်္ဂလိပ်တို့ လက်ထဲသို့ ပြန်ရောက်သောအခါ မြင်ကွန်းမင်းသားအား ဖမ်းဆီး၍ အိန္ဒိယပြည်သို့ ပို့လိုက်လေသည်။ အိမ်ရှေ့စံ ကနောင်မင်းသား လုပ်ကြံခံရချိန်တွင် ကနောင်မင်းသား၏ သားတော်လင်းပင်မင်း သားမှာ သက်တော်အားဖြင့် ခုနစ်သားအရွယ်တွင်ဖြစ်သည်။
ခမည်းတော် ကနောင်မင်းသားကို မြင်ကွန်နှင့် မြင်းခုန်တို့က ဓားဖြင့်လည်ပင်းကို ပိုင်းဖြတ်လိုက်ချိန်တွင် လင်းပင်မင်းသားက မင်းသားကလေးမှာ ဘေးတွင်ရှိနေသဖြင့် ကနောင်မင်းသား၏ ဦးခေါင်းမှာ စိန်နားတောင်းဖြင့် နန်းကြမ်းပြင်တွင် တစ်နေ့လုံး မျက်တောင်ခတ်နေသည်ကို ကိုယ်တိုင်တွေ့မြင် လိုက်ရလေသည်။
လင်ပင်မင်းသားသည် ခမည်တော် လုပ်ကြံသတ် ဖြတ်ခံရပုံနှင့် ပတ်သက်၍ တစ်နေ့မှမမေ့။ ထိုကြောင့်မြင်ကွန်နှင့် မြင်ခုံတိုင်တို့ကို ပြန်လည်လက်စားချေရန် အသက်ရလာသောအချိန် ၁၂၃၅ခုနှစ်တွင် ရှမ်းပြည်သို့ ထွက်ခွာလာပြီး၁၂၄၁ခုနှစ် တွင်ရှမ်းစော်ဘွားများကို စည်းရုံသိမ်းသွင်း နိုင်ခဲ့လေသည်။ ထိုအချိန်တွင် လင်းပင်မင်းသား၏ အသက်မှာ ၂၂ နှစ်ခန့်သာ ရှိသေးသည်။
မန္တလေးနေပြည်တော်မှာ သီပေါမင်းနှင့် စုဖုရားလတ်တို့ကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ် ဆေင်သွားပြီး မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ကျရောက်သွားသည်ကို သိသောအခါ အင်္ဂလိပ်တို့ကို တိုက်ထုပ်ရန်အတွက် မိုးနဲစော်ဘွားကြီးတပ်နှင့် ပူပေါင်း၍ ရှမ်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီလာသော အင်္ဂလိပ်တို့အား ရွတ်ရွတ်ချွံချွံ ပြန်လည်တိုက်ခိုက် နိုင်ခဲ့လေသည်။
အင်္ဂလိပ်တို့က နောက်ဆုံးတွင် လင်းပင်မင်းသား၏ တပ်ကို ချေမှုန်းနိုင်ခြင်းမပြုနိုင်သဖြင့် ရပ် စော်ဘွားကြီးနှင့်တကွ အင်္ဂလိပ်အရာရှိများက မင်းသားအား ချော့မော့ဖြားယောင်း၍ အထက်မြန်မာနိုင်ငံကို လည်းသိမ်းပြီးပါပြီ၊ ယခု ရှမ်းပြည်နယ်ကိုလည်းမင်းသားက အပ်ပါဟူု အကြိမ်ကြိမ်တေင်းပန်၍ မင်းသားကိုလည်းထီနန်းပြန်ပေးမည်ဟု လိမ်လည်လှည့်ပတ် ပြောဆိုရာတွင် မင်းသားကယုံကြည်မိပြီး အင်္ဂလိပ်အစိုးရနှင့် မင်းသားတို့စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြလေသည်။
အင်္ဂလိပ်တို့သည် လင်းပင်မင်းသားအား အောင်မြင်စွာ ဖြားယောင်းနိုင်ခဲ့ပြီးနောက် ရန်ကုန်သို့ ခေါ်ဆောင်လာပြီး ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ ဘင်္ဂလားသို့ ပိုဆောင်လိုက်လေသည်။
ဘင်္ဂလားတွင် နှစ်အတန်ကြာ နေထိုင်ကြရသောအခါ မင်းသားကြီးကမြန်မာနိုင်ငံသို ပြန်ချင်သည်ဟု ဆိုရာ၊ အင်္ဂလိပ်အစိုးရက မည်သည့်အကြောင်းကြောင့် ပြန်ချင်သနည်းဟု လိမ္မာပါးနပ်စွာပေးမြန်းခဲ့ရာ၊ ကျွန်ုပ်၏ ကြင်ယာတော်လောင်းအား သွားရောက်လက်ထပ်ချင်ပါသည်ဟု ပြောကြားသည်။
အင်္ဂလိပ်အစိုးရကကြင်ယာတော်မည်သူဖြစ်သနည်းဆိုရာ လင်ပင်မင်းသားမှာမည့်သို ပြန်ဖြေရမည်မသိ ဖြစ်သွားသည်း မင်းသားသည် မန္တလေးနေပြည်တော်မှ ထွက်ခွာလာချိန်တွင် ၁၅ နှစ်သားကျော် ပတ်ဝန်းကျင်သာ ရှိသေး၍ ချစ်သူရည်းစား ဘယ်မှာရှိမည်နည်း။ သို့သော် နန်းတွင်းတွင် အများပြောကြားနေကြသော ရေနံသာခင်ခင်ကြီး မင်းသမီး ခံ့ညားချောမောကြောင်း ကြားသိခဲ့ရဖူသည်။ သူကိုယ်တိုင် မြင်တွေ့ဖူးခြင်းမရှိ။
အင်္ဂလိပ်တို့သည် ရေနံသာခင်ကြီးကို ရှာပြီးဘင်္ဂလားသို့ ပို့ခဲ့သည်။ လင်းပင်မင်းသားနှင့် လက်ထပ်ရမည် ဆိုသည်ကိုလည်းကြိုတင်မသိခဲ့ရ၊ မလိမ့်တစ်ပတ်ခေါ်ဆောင်လာသဖြင့် မကျေနပ်ဖြစ်ပြီး ဒေါသထွက်ခဲ့လေသည်။
ထိုအခါလင်ပင်မင်းသားကရေနံသာခင်ခင်ကြီးအား မိမိအနေဖြင့် မြန်မာပြည်သို ပြန်ချင်သဖြင့် အကြောင်းရှာမရဖြစ်နေသဖြင့် မင်းသမီ၏အမည်ကို အလွဲသုံးစားပြုမိကြောင့် တောင်းပန်သဖြင့် မင်းသမီးလည်း ကျေနပ်ကာသဘောတူလိုက်သည်။
ထို့နောက် လင်းပင်မင်းသားနှင့် ရေနံသာခင်ခင်ကြီးတို့၏ မင်္ဂလာပွဲကို မန္တလေးမှ စိန်ဗေဒါကိုယ်တိုင်
ပါဝင်သော စိန်ဗေဒါဆိုင်းဝိုင်းဖြင့် ကျင်းပခဲ့လေသည်။
29.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၈ )
ပြင်းဦးလွင်က သီပေါမင်း၏ အနွယ်တော်များ
အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ပြီးနောက် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် အင်္ဂလိပ်စစ်တပ်သသည် သရက်ညမြို့၌ ၁၈၈၅ ခုနှစ်တွင် စုစည်းခဲ့ကြသည်။ အင်္ဂလိပ်စစ်တပ်သည်အမြောက်များနှင့် ခြေလျင်တပ်များကို ဖောင်ပေါ်တင်ကာ၊ ထိုဖောက်များကို မီးသင်္ဘောများဖြင့်ဆွဲပြီး ချီတက်လာကြသည်။
နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သရက်နှင့်မင်းလှကြားတွင်း မြန်မာသင်္ဘောများကို အင်္ဂလိပ်တို့ဘက်မှ ဧရာဝတီနှင့်ကသရင်း သင်္ဘောနှစ်စင်းမှ တိုက်ခိုက်၏။ မြန်မိာလက်အောက်တွင် အမှုထမ်းနေသော အီတာလျံလူမျိုး ကိုမိုတိုသည်သင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။ မြန်မာသင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။
မြန်မာသင်္ဘောပေါ်မှ မြစ်ကြောင်းပိတ်ဆို့ရေး အစီအစဉ်ပြမြေပုံတစ်ခုကို အင်္ဂလိပ်တို့ ရရှိသွားသည်။ ထိုကြောင့် အင်္ဂလိပ်များသည် ဧရာဝတီမြစ်ရိုး မည်သည့်နေရာများ၌ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်ရန် မြန်မာများဘက်မှ စိုင်းပြင်းထားသည်ကို ကောင်းစွား သိရှိခွင့် ရရှိသွားလေသည်။
သို့ဖြင့် အင်္ဂလိပ်တို့သည် မည်သည့်နေရာ၌ တိုက်ပွဲပြင်းထန်မည်။ မည်သည့်နေရာတွင်
တိုက်ပွဲပြင်းထန်မည်မဟုတ်ဆိုသောအချက်များကိုကြိုတင်သိရှိထားလေသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသော အင်္ဂလိပ်တပ်များသည် မင်းလှတွင် မြန်မာတပ်များနှင့် အကြီးအကျယ် တိုက်ခိုက်ကြရ၏ ညောင်ဦးတွင်လည်း အနည်းငယ် တိုက်ခိုက်ကြရ၏ တိုက်တိုင်းပင်ခေတ်မီလက်နက်ကိုင်ဆောင်ထားသောအင်္ဂလိပ်တ ပ်များက အရေးသာသောကြောင့် ရှေသို ဆက်လက်ချီတက်မြဲချီတက်သွားကြသည် နိုဝင်ဘာလ (၂၅) ရက်နေ့တွင်မြင်းခြံသို့ ဆိုက်ရောက်ခဲ့လေသည်။
နိုဝင်ဘာလ(၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် အင်္ဂလိပ်တမ်များသည်မန္တလေးသို့ ဆိုက်ရောက်လာကြပြီး ပရင်းဒါဂပ်သည် ကင်းဝန်မင်းကြီးအားမိမိထံလာရောက်တွေ့ဆုံရန် ခေါ်ဝင်ခဲ့သည်။
သိုသော်ကင်းဝန်မင်းကြီးအချိန်မီရောက်လာခြင်းမရှိသောေ ကြာင့်သင်္ဘောများပေါ်မှအင်္ဂလိပ်စစ်တပ်
များသည် ကုန်ပေို့ဆင်းကာ ဘင်ခရာအစုံအလင် တီးမှုပြီး၊ နံဘေးဝဲယာမှကြည့်ရှုနေကြသည့် မန္တလေးမြို့သူမြို့သူများကြားမှမန္တလေးနန်းတော်ကြီးရှိရာသို့ ချီတက်သွားကြ၏။
ထိုတပ်များ၏ ရှေ့မှနေပြီး ကာနယ်စလေဒင်၊ ကာနယ်စလေဒင်၏ စကားပြန်ဖြစ်သူ မစ္စတာနယ်ကောလက်နှင့် ဧရာဝတီ မီးသင်္ဘောကုမ္ပတီမှ ကပ္ပတိန်မော်ဂန်တို့ လိုက်ပါလာကြသည်။
မော်ဂန်မှာ မန္တလေးနန်းမြို့တော် အတွင်းပိုင်း၌ မည်သည့်အရာများ ၇ှိသည်ကို ကောင်စွာသိသော နေရာကျွမ်းကျင်သူ ဖြစ်သောကြောင့်ဖြစ်သည်။
နန်တော်ကြီး၏ အရှေဘက်တံခါးမှနေ၍ ကင်းဝန်မင်ကြီးက ကာနယ်စ လေဒင်အားဆီကြိုသည်။
ကင်းဝန်းမင်းကြီးက စစ်တပ်များကို မူကားနန်းတော်သို့ ၀င်ခွင့်ပေးရန် မသင့်ကြောင်း ပြောသောကြောင့် ကာနယ်စလေဒင်သည် ဗိုလ်ချူပ် ပရင်ဒါဂပသိသာရန် တံခါးဝတွင် စာတစ်စောင်းရေးပြီး ထားခဲ့၏။
မြန်နန်းပြားသာဒ်တော်ကြီးအတွင်းသို့ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီးတို့ ဆိုက်ရောက်သွားသောအခါ၌ သီပေါမင် (၁၈၇၈-၁၈၈၅)နှင့် စုဖုရားလတ်တို့သည် သီဟာသနရာဇပလင်ပေါ်တွင် ယှဉ်တွဲရှိနေကြသည်ကို တွေ့ရသည်။
မြန်မာစစ်သားအချို့နှင့် ၀န်းကြီးအချို့လည်း ၀ပ်ပြီးခစား နေကြသည်။ဖိနပ်ကိုလည်း မချွတ်၊ တုပ်ကွရိုကျိုးခြင်းလည်း မရှိတော့ဘဲမားမားမတ်မတ်ကြီး ၀င်ရောက်လာသော ကာနယ်စလေဒင်ထံတွင် သီပေါမင်းအညံ့ခံရလေတော့သည်။
သို့သော်လည်း အင်္ဂလိပ်တပ်များ ခေါ်ဆောင်ရာသို့ ချက်ချင်းလိုက်ပါနိုင်ခြင်း မပြုဘဲ နောက်တစ်နေ့မှ ခေါ်ဆောင်သွားရန် စီစဉ်ထားလေသည်။
နောက်တစ်နေ့တွင်သီပေါမင်းမင်းအားမြစ်ဆိပ်(ဂေါဝိန်ဆိပ်)သင်္ဘောများရှိရာသို့ခေါ်ဆောင်သွားရာ၌
ပထမဆုံး အင်္ဂလိပ်စစ်ဗိုလ်ချုပ် ပရင်ဒါဂပ်၊ ထိုနောက် အင်္ဂလိပ် အလံတော်၊ ထို့နောက် အင်္ဂလိပ်ခြေလျင်တပ်သားများ၊ ထို့နောက် တိုင်းတားမင်းကြီး၊ ထို့နောက်ထီးဖြူလေးစင်းစိုက်သောဗိရိုလှည်း၌ သီပေါမင်း၊ စုဖုရားလတ်၊
ဆင်ဖြူရှင်မိဖုရားကြီးတို့ကို တင်ကာ နောက်မှ အင်္ဂလိပ်စပ်သားများက ဘင်ခရာများကို တီးမှုတ်ကာ ဆောင်ယူသွားကြ၏။
သီပေါမင်းပါသော ဗီရိုလှည်းအား သေနတ်လှံစွပ်ကိုင် အင်္ဂလိပ်စစ်သားများ ၀န်းရံထားကြ၏။ မန္တလေးမှ သီပေါမင်းအား သူရိယဟုခေါ်သော ဧရာဝတီ ဖလုပ်တီးလားပိုင် သင်္ဘောပေါ် သို့တင်ကာ ရန်ကုန်သို့ ခေါ်ဆောင်သွားလေသည်။
ရန်ကုန်သို့ ရောက်ရှိနေသောအခါ၌ ကန်နင်း (ဃညေညငညါ) ပင်လယ်ကူး သင်္ဘောတစ်စင်းပေါ် သို့ တင်ကာ ပထမ အိန္ဒိယပြည် အဒရပ်မြို့သို့ ဆောင်ယူသည်။ ထိုနောက် ဘုံဘေနယ် ရတနာဂီရိမြိုကတွင် အကျယ်ချုပ် ဖြင့် ထားလေသည်။ ၁၉၁၆ ခုနှစ်တွင် ရတနာဂီရိမြို့၌ သီပေါမင်း နတ်ရွာစံပြီးနောက် စုဖုရားလတ်အား ရန်ကုန်သို့ ပြန်လည်သွားရောက် နေထိုင်ခဲ့သည်။
၁၂၈၇ ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင်နတ်ရွာစံသောကြောင့်ရွှေတိဂုံ စေတီတော်တော်ဘက်၊
ကန်တော်မင် ပန်းခြံအတွင်းတွင် သင်္ဂြိုဟ်ခဲ့လေသည်။
21.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၇ )






ကိုရှမ်းကလေး ဆီမှရယူသည်
20.7.09
ပြည်ချစ်ဘုရား

ပြည်ချစ်ဘုရားသမိုင်းကို ကောင်းကောင်းမသိပါဘူး... Cbox မှာ ကိုစိုးဇေယျထွန်းက (ပြင်ဦးလွင်က မဟာအံထုးကံသာအကြောင်း အသေးစိတ်သိလား) ဆိုလို့ အသေးစိတ်တော့မဟုတ်ဘူး အနည်းစပ်ဆုံး ဖြစ်အောင် ရှာဖွေတင်ပြထားတာပါ...
မဟာအံ့ထူးကံသာဆုတောင်းပြည့်စေတီတော် (သို့မဟုတ်) ပြည်ချစ်ဘုရား
ပန်းပန်လျက်ပဲ
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး။
အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွေ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲတွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
ဆရာဇော်ဂျီ (ဗေဒါလမ်း ကဗျာစု)
16.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၆ )





သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၅ )
(၂) ရာအိမ်မှူးများ
(၃) ဆယ်အိမ်မှူးများ
(၁) ပြင်ဦးလွင်
(၂) လက်ျာ ခြောက်ရွာ (တောင်)
(၃) လက်ျာ ခြောက်ရွာ (မြောက်)
အခွန်တော်ငွေ ကောက်ခံရာတွင် ကျေးလက်တောရွာနေ တောင်သူလယ်သမားများ၏ လယ်ယာကိုင်းကျွန်းမှ ထွက်ရှိသော သီနှံများအပေါ် ဆယ်ခိုင်တစ်ခိုင်ကောက်ခံခြင်း၊ စပါးစိုက်ပျိုးသူတို့ထံမှ အခွန်တော်အဖြစ် စပါးတစ်ရာပေါ်၌ ငွေသားနှစ်ကျပ် ကောက်ခံလေသည်။ ရွာအုပ်များ၊ သူကြီးများက ကျေးရွာလူထုထံမှ အမှုသေး၊ အမှုငယ်များ တိုင်တန်းသည့်အခါ၌ (ကွမ်းဘိုး) ဟုခေါ်သော အခွန်များကို အမျိုးမျိုး ကောက်ခံကြသည်။
အမိန့်စာချွန်တော်
အထက်ပါ အမိန့် စချွန်တော်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာမင်းများ လက်ထက်က ပြင်ဦးလွင်ဒေသ ကျေးရွာများမှာ သဿမေဓ အခွန်တော် ကောက်ခံခဲ့ကြောင်း ထင်ရှားလေသည်။ မြန်မာမင်းများလက်ထက်က ပြင်းဦးလွင် ဟုခေါ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ခရစ်သက္ကရာဇ် (၁၉၁၆)ခု၊ သြဂုတ်လ (၁၆) ရက်နေ့ထုတ် မေမြို့တောင်းကော်မတီ လက်စွဲစာအုပ် (Maymyo Town Committee Hand Book) တွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၄ )
ကျွန်းလှဆည်မြောင်းမတော်ရေ သွားရေလာကျဉ်း၍ ဆည်တော်ရေ အောင်ပင်လည်ကန်သို့ အရောက်အပေါက်နည်းသည်။ မြောင်းမတော် အနံသုံးတောင်ချ၍ မြောင်းပေါင်ကိုမဖိတ်လျှံ ရအောင်အုန်းကွမ်း၊ ငှက်ကြီးသိုက်၊ အုန်းကြော၊ ရက်မန်းရက်၊ သားရဲကြောင်၊ ဓာပြိုင်နက်ချိုင့်ဆင်ခေါင်း၊ ၀က်ဝံ၊ မုန်တော၊ ကင်းတုန်၊ ပယ်မြို့သစ်၊ ညောင်နီပင်၊ ရွေစာရံ၊ ဇရစ်ပင်ပြင်ဦး၊ လက်ပံကျေးရွာများနှင့် ဆည်တောင် မြောင်းတော်အောင်ပင်လယ် ဆည်ရေသောက်ဖို့လုပ် ဆောင်မြဲကျေးရွာများမည်သသူ အမှုထမ်းလူစု အ(မ) ဆိုခန့်ထားနှိုးဆော်၍ ဆည်ဖို့တူးလုပ်စေ၊ သက္ကရာဇ် ၁၁၄၉ ခု၊ သီတင်းကျွတ်လဆန်း (၁၃) ရက် နာခံပြော့ကြီး မှူးပြန် ယင်အမိန့်တော်တွင် ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ် နှင့်ပြင်ဦးလွင်မြို့နယ်ဝင်ကျေးရွာများကို တွေ့ ရသည်။ အုန်းတော်၊ ငှက်ကြီးသိုက်၊ ဝက်ဝံ၊ ဆင်ခေါင်းကြီးတို့သည် ပြင်ဦးလွင်မြို့နယ် ကျေးရွာများဖြစ်ပြီး ပြင်ဦးလွင် ကိုထိုစဉ်က ပြင်သီး ဟုရေးသားဖေါ်ပြ ခဲ့သည်။ ဓားပြိုက်နက်ချိုင့်သည် ယခုဓါတ်တော်ချိုင့်နှင့် ဆက်နွယ်နေမည်ဟု မှန်ဆရသည်။ ယင်းအမိန့်တော်ကိုထောက်ရှု့၍ ပြင်ဦးလွင်ကို သက္ကရာဇ် ၁၁၄၉ ခုနှစ် ကတည်းက ပြင်ဦး ဟူသော ရွာနာမည်ဖြင့် တည်ရှိခဲပြီးဖြစ်ကြောင်း အခိုင်အမာဆိုနိုင်သည်။ ပြင်ဥိးလွင်သည် ပြင်ဦးမှဆင်သက်လာသော ရွာအမည်ဖြစ်ပြီး ပြင်ဦးလွင်သို့ မည်သည်အချိန်က လျောဆင်းခဲ့ကြောင်းကိုမူ အထောက်အထားအခိုင်အမာ မတွေ့ရှိရသေးပေ။ အေဒီ(၁၈၈၅)ခု၊ နိုဝင်ဘာလတွင်ကုန်းသာ၊ ဆီဆုံ၊ ဇီးပင်ကြီးဇီးပင်ကလေး၊ ပိန္နဲပင်၊ ဆင်ခေါင်း၊ ၀က်ဝံ၊ ရေငယ်၊ ပြင်ဦးလွင် ကျေးရွာများနှင့် စပ်လျဉ်း၍ အင်္ဂလိပ်မှတ်တမ်းများတွင် တွေ့ရှိရသည်။ ယင်းမှတ်တမ်းများအရ ပြင်ဦးလွင် ရွာမည်ဖြင့် တည်ရှိပြီးဖြစ်သည်ဟု ယူဆရသည်။ ထို့ကြောင့်ပြင်ဦးလွင်သို့ ရွေ့လျားလာပုံတွင် အောင်မြေဘုံသာ ကျောက်စာတစ်ခုတည်းသာ သဲလွန်စ အဖြစ်တွေရှိရသဖြင့် သက္ကရာဇ် (၁၂၁၂) ခုနှစ်တွင် ပြင်ဦး မှ ပြင်ဦးလွင် သို့ရွေ့လျောဆင်သက်လာနိုင်သည်ဟု မှတ်ယူရန်ရှိသည်။ ပြင်ဦးလွင်၌ ရှေးလူကြီးများ အဆို၇ှိခဲ့သည်မှာ ပြင်ဦး၊ ပြင်ကြီး၊ ပြင်စာ၊ ပြင်သုံးပြင်၊ တစ်ပြင်ကောင်းစားမည်ဟု တဘောင်းပေါ်ပေါက်ခဲ့ဖူးကြောင်း မှတ်သားမိပါသည်။ တဘောင်အရရှမ်းနှင့် ဓနုတိုင်းရင်သားများ နေထိုင်ခဲ့ကြသော ပြင်ဦးရွာကလေးမှာ ပြင်ဦးလွင်အမည်ဖြင့် ကောင်းစားနေပါသည်။

ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
13.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၃ )
ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝပေါက်ပင် အမျိုးအစားများကို ခွဲခြားသောအမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတောစို၊ အထက်ရွက်ပြတ်ရောနှောတောခြောက်၊ ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတောနှင့်၊ အင်တိုင်းချုံတော၊ တောင်ပေါ်တောခြောက်တော (၆) မျိုးကွဲပြားလျက်ရှိသည်။ သစ်တောအမျိုးအစားလိုက် အဓီကပေါက်ရောက်သေားအပင်များမှာ အမြဲစိမ်းတောတွင်ကညင်၊ ပျဉ်းကတိုး၊ ဝါးပိုး၊ မျက်ဆံကျယ် နှင့် ထီးဝါးတို့ဖြစ်သည်။
ယခင်ကပြင်ဦးလွင်မြို့အဝင်မုဒ်ဦး
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
8.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၂ )
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
အမြင်ပေ ၂၀၀၀ မှ ၃၀၀၀ ကြားဒေသများကို မြို့နယ်၏ အရှေဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက် တို့တွင်တွေ့ရပြီး မြို့နယ် ဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီးဒုတိယ အကျယ်ဆုံးသေား အစိတ်အပိုင်းဖြစ်သည်။
အမြင့်ပေ ၃၀၀၀ နှင့် ၄၀၀၀ ကြားဒေသမှာ မြိုနယ်ဧရိယာ၏ ၄၆.၇ ရာခိုင်နှုန်းရှိပြီး အကျယ်ပြန်ဆုံးအပိုင်းဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်မှအစပြုပြီး အလယ်ဗဟိုတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
အမြင့်ပေ ၄၀၀၀ အထက်ကိုမူ မြို့နယ်ဧရိယာ၏ ၆.၂ ရာခိုင်နှုန်းခန့်သာတွေ့ရသည်။ အမြင့်ဆုံးအပိုင်ဖြစ်ပြီး နေရာသုံးခုပြန့်ကျဲ လျှက်ရှိသည်။ ပထမနေရာမှာ ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် အနောက်တောင်မှ အရှေ့မြောက်ဘက်သို့သွယ်တန်းလျှက်ရှိသည်။ အမြင့်ဆုံးမှာ အုပ်ဖိုတောင် (၄၁၅၅) ဖြစ်သည်။ ဒုတိယ နေရာမှာ မနလေး ~ ပြင်ဦးလွင်ကားလမ်း၏ အရှေ့ဘက်နှစ်မိုင်အကွာတွင် ရှိပြီးတောင်အမည်မှာ ကျိုင်းတောင် (၄၁၆၅) မှာအမြင့်ဆုံးဖြစ်သည်။ တတိယနေရာမှာ ပြင်ဦးလွင်၏ အရှေတောင်ဘက် ငါမိုင်ခန့်အကွာတွင်ရှိပြီး အမြင်ဆုံးအပိုင်မှာ စော်ဘွားတောင် (၄၈၁၃) ဖြစ်သည်။
ရေဆင်း
မြို့နယ်အတွင်း စီးဆင်းနေသောချောင်း များမှာ မြေမျက်နှာပြင် ပိုမြင့်သည့်ဗဟိုပိုင်းမှ ချောင်းဖျားခံ ပြီး မြောက်အရပ်မှအပ ကျန်အရပ်မျက်နှာသို့ စီးဆင်းကြသည်။ ချောင်းအများစုမှာမြိုနယ်အရှေ့ဘက်နှင့် တောင်ဘက်တွင် ကွေဝိုက်စီးဆင်းနေသော ဒုဠဝတီမြစ်အတွင်းသို့ စီးဆင်းကြသည်။ တောင်ကုန်းတောင်တန်းများ များပြားခြင်း မိုးရေချိန် ၅၀ လက်မကျော် ရှိခြင်း သစ်တောများထူးထပ်ခြင်း စသော အချက်များကြောင့် ချောင်းပေါများသည် ။ တစ်နှစ်ပတ်လုံး ရေမပြတ်စီးဆင်းသောထင်ရှားသည့် ချောင်းများ မှာ ဓါတ်တော်ချောင်း ၊ ဒီးဒုတ်ချောင်း တို့ဖြစ်ပါသည် ။ ပြင်ဦးလွင်မြို့နယ် အတွင်း စီးဆင်းနေသောချောင်းနှင့် ဂယ်လောင်းချောင်းတို့ဖြစ်ပါသည်။ ပြင်ဦးလွင်မြိုနယ် အတွင်း စီးဆင်းနေသောချောင်းများ၏ ရေဆင်းပုံစံမှာဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။စီးဆင်းလျက်ရှိသောချောင်းများ၏ ရေဆင်းပုံစံမှာ ဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။ စီးဆင်းလျက်ရှိသောချောင်းများပေါတွင်ရေတံခွန်များဖြစ်ပေါ်လျက်ရှိသည်။ ရေတံခွန်များသည်အနိမ့်အမြင့် အမျိုးမျိုးရှိသော်လည်း အနိမ့်ဆုံးသည် ပေ ၂၀ နှင့် အမြင့်ဆုံးပေ ၃၃၀ ထိရှိသည်။
ရာသီဥတု
ပြင်ဦးလွင်မြို့နယ်သည် အပူပိုင်း ဇုံအတွင်း ကျရောက်ပြီး မန်လေးမြို့နှင့် လတ္တီတွဒ် တစ်တန်းတည်းကျရောက်တည်ရှိသော်လည်းမန်းလေးကဲသို့ ပူပြင်းချောက်သွေ့သောရာသီဥတုမရှိပေ။ ကုန်းမြေမြင်ပမှုကြောင့်ပိုအေးပြီး မိုးပိုမိုရရှိသည်။အထူးသဖြင့်အေးမြသောရာသီဥတုရှိပြီး အနားယူသောတောင်စခန်းမြို့ဖြစ်သည်ကိုပင် ရာသီဥတု ခွဲခြားခြင်း သဘောအရ သမနွေပိုင်း စွတ်စိုသော ရာသီဥတု အမျိုးအစား(ဃတေ)ဖြစ်သည်။တစ်နှစ်အတွင်း အပူချိန်ပြောင်းလဲမှုမှာ မြန်မာနိုင်ငံ ၏ အခြားဒေသများကဲသို့ပင်ဖြစ်သည်။ဇန်န၀ါရီ လသည် အအေးဆုံးလဖြစ်ပြီး မေလ သည် အပူးဆုံးလ ဖြစ်သည်။ဇန်န၀ါရီလ၏ ပျမ်းမျှမဇိမအပူချိန်၅၆.၁ံ င်္ ၊ပျမ်းမျှအမြင့်ဆုံး အပူချိန် ၇၁.၁ံင်္ ၊ပျမ်းမျှ အနိမ့်ဆုံးအပူချိန်မှာ ၄၁.၂ံ င်္ ဖြစ်သည်။ဇန်န၀ါရီလ အအေး ဆုံးရက်များတွင် အပူချိန် ရေခဲမှတ် ၃၂ံ င်္ အောက်ထိကျဆင်းတက်သည်။မေလတွင် နေစဉ့်ပျမ်းမျှမဇိမ အပူချိန် ၇၅ံ င်္ ၊ပျမ်းမျှအနိမ်ဆုံးအပူချိန်သည် ၆၄.၉ံ င်္ နှင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၈၂.၂ံ င်္ဖြစ်သည်။မိုးရေချိန်အားဖြင့် တစ်နှစ်ပတ်လုံး မိုးရွှာသွန်းမှုသည် ၆၀ လက်မ ခန့်ရှိပြိး မိုးရွာရက်ပေါင်း ၉၀ ၀န်းကျင်ရက်ရှိသည်။မိုးအများဆုံးရွာသော လများမှာ သြဂုတ်လနှင့် စက်တင်ဘာလတို့ဖြစ်ပြီးမိုးအနည်းဆုံးလမှာ ဇန်န၀ါရီလ ဖြစ်သည်။မိုးအသည်းထန်းဆုံးရွာသွန်စဉ် တစ်ကြိမ်တည်းနှင့် ၃.၁၅ လက်မ ရွာသွန်းလေ့ရှိသော်လည်း ၁၉၇၃ ခု၊အောက်တိုဘာလ ၃၀ရက်တွင်မူ တစ်ကြိမ်တည်းနှင့် ၄.၂၅ လက်မ ရွာသွန်ခဲ့သည်။
1.7.09
ကျွန်တော် ဖြစ်ပုံ....
ကျွန်တော် ၈တန်းတုန်က ၂၀၀၅ လောက်ကပေါ့ ကျောင်းကအလယ်တန်ကျောင်းဆိုတော့ ကျောင်းမှာတော့အတန်းအကြီးဆုံးပေါ့ ကျောင်းနဲ့အိမ်နဲ့က မိနစ် ၂၀ လောက်စက်ဘီးစီးရတယ် ထမင်းစားနားချိန်က ၁၂ နာရီကနေ ၁ နာရီ။ အဲ့ဒီတော့ ကျောင်းကိုထမင်းချိုင့်ယူရတယ်… ၆တန်း နဲ့၇တန်း တုန်းကတော့ယူတယ်…. ၈တန်းကြတော့မယူတော့ဘူး..
အဲ့ဒီတုန်းက ကျောင်းမဆင်းခင် မိဘတွေ ကျောင်းထဲမဝင်ရ ဆိုတဲ့စည်ကမ်းကရှိတော့ ကျောင်း တံခါး ကိုသော့ခတ်ထားတယ် ကျောင်းဆင်းပြီဆိုမှ တာဝန်ကျ ဆရာမက တံခါး သော့လာဖွင့်တယ် ကျောင်း တံခါး ကအောက်မှာ မြေပြင်နဲ့ ၁ပေ ၁ပေခွဲ လောက်လွတ်နေတယ် ကျောင်းသာမိဘတွေက အဲ့ဒီလွတ်တဲ့နေရာကဝင်ကြတယ်။ ကျောင်အုပ်ဆရာမကြီးလဲ ခေါင်းရှုပ်သွာတယ် ဘာလို့လဲ ဆိုတော့ မြို့နယ်ပညာရေးမှူးအိမ်က ကျောင်းရှေ့တဲ့တဲ့မှာလေ။ တစ်ရက်က ကျောင်းသားမိဘ တစ်ယောက် အောက်ကနေငုံ့ဝင်တာကို ပညာရေးမှူ မြင်သွားပြီ ဓာတ်ပုံရိုက်ထားတယ်.. ဆရာမကြီးလဲ ဆရာမတွေကို လုံခြုံရေးမှူး လုပ်ခိုင်တော့တာဘဲ ။ ဝင်တဲ့မိဘတွေရဲ့ ကလေးတွေက သူငယ်တန်း / ပထမ တန်း ကကျောင်းသားမိဘတွေဘဲရှိတော့ ဆရာမတွေလဲ အားနာတာနဲ့ မမြင်ချင်ယောင် ဆောင်ပေးကြတယ်။ တစ်ပတ်လောက်နေတော့ ဆရာမတွေက အဌမတန်းကကျောင်းသားတွေကို လူမိုက်လုပ်ခိုင်းတော့တာဘဲ….
ကျွန်တော်တို့အတန်းကလူညီတယ်လေ.. လူဦးရေက ၄၀ ထဲဆိုတော့ ညီတာပေါ့ နောက်ပြီး ကျောင်းသားအသစ်မရှိဘူး ဒုတိယတန်း၊ တတိယတန်းလောက်ကထဲက တစ်တန်းထဲ နေခဲ့တဲ အတန်းသားတွေဆိုတော ညီကြတယ်…။ဥာဏ်ရည်လည်းတူကြတယ်။. ဆရာမတွေက နှစ်စကတဲက ဥာဏ်ရည်တူလို့ဆိုပြီး စာသင်လိုက်တာ နှစ်ဝက် ဘဲရှိသေးတယ် သမိုင်းကလွဲလို ကျန်တာအကုန်သင်စရာမရှိတော့ဘူး။ အဲ့ဒီတော့ဆရာမတွေလဲ နားရတဲ့အချိန်ပိုရတာပေါ့။ ဆရာမကြီးကလဲ ကျွန်တော်တို့ ကိုဘာလုပ်လုပ်သိပ်မပြောဘူး နောက်ကဖြေရှင်းပေးမဲ့ဆရာမတွေ ရှိတယ်လေ။ ကံဆိုးတာက မိဘတွေကျောင်းထဲ မဝင်ရေး တာဝန်ပေးခံရတာဘဲ…
တစ်လလောက်ကတော့ မိဘတွေနဲ့ ရန်ဖြစ်ရတယ် ။ကျွန်တော်တို့ကဆရာမကြီးကို ကြောက်တယ်လေ.. တစ်လကျော်တော့ မိဘတွေနဲ့ညှိပြီး ကျောင်းဆင်းခါနီ ၅ မိနစ်လောက် အလိုမှာ ကျောင်းတံခါး ကို တရားဝင် ဖွင့်ပေးလိုက်တော့တယ်။ ကျောင်းသားမိဘတွေ သူတို့ သားသမီးရှိတဲ့အခန်းအရောက် ကျောင်းအဆင်း ဆိုတော့အဆင်ပြေသွားတယ်။ နောက်ပိုင်းကျတော့ သွားပြီးစောင့် စရာမလိုတော့ဘူး။အဲ့ဒီအချိန်ကစပြီး အဲ့ဒီတာဝန်ကို ကျွန်တော်ရယ် သူငယ်ချင်း ရဲဝင်း နှင့် မင်းထိုက် ကတာဝန်ယူတယ်။ သူငယ်ချင်းသုံးယောက်မှာ ထူးခြားတာက မင်းထိုက် ကငယ်ငယ်ကတဲက မျက်လုံးတစ်ဖက်မမြင်ရဘူး ။ အုန်းခွံ မျက်လုံးမှန်တာနဲ့ မျက်စိတစ်ဖတ်ကွယ်ခဲ့တယ်.. ၈တန်နှစ်မှာဘဲ မင်းထိုက်ရော ကျွန်တော်ရော မျက်မှန်စတက်ရတယ် ပါဝါလဲအတူတူဘဲ ဒါပေမဲ့ သူအခုမျက်မှန်တက်စရာမလိုတော့ဘူ ကျွန်တော်ကျတော့အခုထိ မျက်မှန်နဲ့ဘဲရှိသေးတယ် ဗျ..
အဲ့ဒီ ကျောင်းတံခါးဖွင့် ဖို့တာဝန်ယူရတာကလည်း နေ့လည်အိမ်ပြန်ထမင်းစား မယ်ဆိုအဆင်ပြေတယ်လေ.. ကျောင်းဆင်းခါနီး ၅မိနစ်အလို ကျောင်းခန်းက စာအုပ်တွေ စက်ဘီးတွေယူ တံခါးဖွင့် ပြီးတာနဲလစ်ပြီ… နေ့လည်ကျောင်းဆင်းချိန်ဆို ကျွန်တော်တို့လမ်းက လူရှုပ်တယ် ။ ကျောင်းပြန်တတ်ချိန်ဆိုရင်တော့ လူတော်တော်ရှင်းသွားပြီ.. ကျောင်းကနေအိမ်ကိုပြန်ရင် လမ်းက တောင်အတက်ကြည့်ဘဲ ထမင်းစားပြီး အပြန်ဆို ရင်လမ်းကအဆင်းချည့်ဘဲလေ.. အဲဒီချိန်ကျရင် ရဲဝင်းကအလယ်ကနေ လက်နှစ်ဘက်လွှတ်တယ် မင်းထိုက်က ဘယ်ဘက်လွှတ်တယ် ကျွန်တော်ကညာဘက်လွှတ် ပြီး စက်ဘီသုံးစီး ယှဉ်စီးကြတယ် လွှတ်ထားတဲ့လက်နဲ့ တယောက်ပခုံး တယောက်ကိုင်ပြီးစီးတယ်လေ ရဲဝင်းဆို ကျောင်းနားက လမ်းဆုံအထိ စက်ဘီးလက်ကိုင်ကို ကိုင်စရာမလိုဘူး။ အဲ့ဒီလိုစီးရတာအရမ်းပျော်တာဘဲ ဗျာ အခုထိမြင်ယောင်နေတုန်းပါဘဲ။
အဲ့ဒီလိုစက်ဘီးကိုစီးလာတာ နောက်တော့ မူကြိုကျောင်းရှေ့မှာ မင်းထိုက် နဲ့ ရဲဝင်းက စက်ဘီးလဲပါတော့တယ်… ကျွန်တော်လဲလွတ်အောင်တော့ ရှောင်လိုက်တယ် … လဲတဲ့ထဲမပါသွာဘူး… ပျော်သွားတာဘဲ..ဟီး.. ကိုယ်မလဲတော့..(တစ်ကိုယ်ကောင်းဆန်တယ်) ရှေ့လည်းကြည့်လိုက်ရော.. လျှပ်စစ်မီးတိုင်က စောင့်နေတယ် ကျွန်တော်လဲ ဟဲ..ဘယ်ရမလဲ စက်ဘီးနဲ့တည့်တည့် သွားတိုက်တာ အရှိန်လွန်ပြီး ခေါင်းနဲ့ပါတိုက်မိရော..(ဘောလုံးသမားအားကျလို့) ခေါင်းမှာ အလုံးကြီးထလာတာဘဲ သိတယ်..တော်တော်အီတယ်ဗျ.. သူငယ်ချင်းတွေကို သတိရလို့ ကြည့်လိုက်တော့ မင်းထိုက်က အုတ်ခုံကို ခေါင်းအုံးပြီး စက်ဘီးကို စောင်အမှတ်နဲခြုံထားတယ်။….ရဲဝင်းက မင်းထိုက်ရဲ့စက်ဘီးပေါ် မှာ ခွေရက်လေး ရဲဝင်းပေါ်မှာ မင်းထိုက်လိုဘဲ စက်ဘီးစောင်လေးခြုံထားတယ်…(စက်ဘီးနှစ်စီးက ထပ်ပြီးလဲကြတယ်လေ..) အဲ့ဒီလိုလှလှ ပ ပ ဖြစ်ပြက်နေတဲ့အချိန်မှာ သံတွေကြားရတယ် ကြားရတဲ့ဘက်ကိုကြည့် လိုက်တော့ ကလေးချစ်တက်တဲ မူကြိုဆရာမတွေ ကျွန်တော်တို့ကို ဝိုင်းရယ်နေတယ်… ခဏ နေတော့ မင်းထိုက်က ‘ဟေ့ ရဲဝင်း ထ’ တဲ့ ရဲဝင်းက ‘ငါ့ လက်နာနေလို စက်ဘီးကို မ မရဘူးကွ’ အဲ့ဒါနဲကျွန်တော်လဲ ပြေးပြီး စက်ဘီးထူပေး လူကိုထူပေးပြီ ဘာဖြစ်သေးလဲမေးတော့ ရဲဝင်းက လက်နာတယ်တဲ့ စက်ဘီးကတော့ ဘာမှမဖြစ်ဘူး.. မင်းထိုက်က လူဘာမှမဖြစ်ဘူး စက်ဘီးလက်ကိုင်က တစ်ပတ်လည်သွာတယ် ပြန်လှည်တော့ မရတော့ဘူး….
အဲ့ဒါနဲ ကျွန်တော်က လွယ်အိပ်တွေ အာလုံး ကိုသယ်ပြီး.. မင်းထိုက်ကရဲဝင်း ဘီးကို စီးပြီး ရဲဝင်းက မင်းထိုက်ရဲ့နောက်က ထိုင်ပြီး မနာတဲ့လက်နဲ မင်းထိုက်ဘီး ကို တွဲပြီး ကျောင်းနားက စက်ဘီးပြင်ဆိုင်ကိုသွားကြတယ်။စက်ဘီးပြင်ဆိုင်ကပြောလိုက်တယ် မင်းထိုက်ရဲ့ဘီးက ၂ရက်၃ရက်လောက်တော့ ကြာမယ်တဲ့ အဲ့ဒါနဲ့စက်ဘီးထားပြီ ကျောင်းရှေ့က ကျွန်တော်တို့ အနိုင်ကျင့်နေကြအကိုကြီး ရဲ့ဆိုင်မှာထိုင်ပြီးဆေးထဲ့ရတယ် အကိုကြီးကလဲ သူ့ရှိသမျှဆေးတွေထုတ်ပေးရှာတယ်.. အဲ့လိုနဲ စက်ဘီးတွေ အကိုကြီးဆီမှာထားပြီး ကျောင်းထဲဝင်မယ်လဲလုပ်ရော ကျောင်းတံခါးကသော့ခတ်ပြီးနေပြီ သော့ခတ်တဲ့ သူငယ်ချင်းတက်ပုကလဲ နာရီဝက်လောက်စောင့်တယ် မလာတာနဲ့ သူလဲဝင်သွားတာ…. ဖြစ်ချင်တော့ ပညာရေးမှူးကြီးက ရုံးမသွားဘဲ သူ့အိမ်မှာဘာလုပ်နေမှန်းသိဘူး။ အဲ့ဒီတော့ မိဘတွေ လမ်းစဉ်တိုင်းကလိုက်မရဘူးဖြစ်နေတယ် … အဲ့တာနဲ့ကျောင်းတစ်ပတ် ပတ်ပြီး ကျောင်းနောက်ကျောက ဆေးရုံထဲသွားပြီး ကျောင်းထဲဝင်ဖို့ အပေါက်လိုက်ရှာတာ ကျောင်းအုပ်ကြီး ရုံးခန်း အောက်က ဆရာမများနားနေခန်း နဲတည့်တည့်မှာ အပေါက်ကတွေ့တယ် အရဲစွန့်ပြီးခိုးဝင်ခဲ့ရတာ ဘယ်ဆရာမမှတော့ မမြင်ဘူးထင်တာဘဲ..
ညနေကျောင်းဆင်းလို့ မင်းထိုက်အိမ်ကိုလိုက်ပို့တော့ မင်းထိုက်အမေက စက်ဘီးရောဆိုတော့ မင်းထိုက်က စက်ဘီးလဲပြီး ပျက်သွားလို့ ပြင်ဆိုင်ပို့ထားတယ်ပြောတော့ သူ့အမေက တစ်ခွန်းဘဲဆူတယ် ‘ မင်းထိုက် နဲ့ မင်းကံ မင်းဘဲခံ’ တဲ့ ကျွန်တော့်တို့မှာ ရယ်ရမလို သူငယ်ချင်းပြောခံရလို့ ဝမ်းနဲပေးရမလို ဖြစ်ခဲ့သေးတယ်... ကျွန်တော်ကတော့ ညနေကြတော့ ခေါင်းကအလုံးကြီးက သေးသွားပြီဆိုတော့ အမေမသိအောင်နေလို့ ရသွားတယ်.. ဒါပေမဲ့ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ပြုစုခဲ့တဲ့အဖွားက ကျွန်တော်မျက်နှာကြည့်တာနဲ့ တန်းသိတယ်.. အမေမသိအောင် လာမေးလို့ပြောပြ လိုက်ရတယ်… ဖွားဖွားကတော့မဆူဘူး နောက်တခါလုပ်ရင် မေမေနဲ့တိုင်မယ်တဲ့… ရဲဝင်းအမေကတော့ တော်သေးတယ် လက်ဘဲနာလို မကျိုးတာကံကောင်းတဲ့.. နောက်နေ့ နံနက် မင်းထိုက်နဲ့ ကျွန်တော် ရဲဝင်းကိုသွားခေါ်တော့ ရဲးဝင်းအမေက သူသားမနေ့က ကျောင်းကအပြန် စက်ဘီးလဲခဲ့တယ် ဆိုတာကိုပြောပြတယ်… ကျွန်တော်တို့မသိသလိုနေခဲ့ရတယ်.. အဲ့နေ့ကစပြီး သူငယ်ချင်းသုံးယောက် စက်ဘီးနှစ်စီးနဲ့ ကျောင်းသွားကျောင်းပြန်လုပ်ရတာ တစ်ပတ်တိတိ နောက် ဘယ်တော့မှ စက်ဘီးကို လက်လွှတ်မစီးရဲတော့ဘူး…. နေ့လည်ကျောင်းဆင်းချိန်မှာလည်း အိမ်မပြန်တော့ဘူး……
. . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .
အခုဆို မင်းထိုက်က ရန်ကုန်မှာအလုပ်လုပ်နေပြီ… ရဲဝင်းလဲ စစ်ထဲဝင်သွားပြီး သူလည် သူ့ခံယူချက်နဲသူဘဲလေ.. သူ့တို့ဘဝကတော့ တည်ငြိမ်သွားပြီထင်တာဘဲ…. ကျွန်တော်ကတော့ ကျောင်းတက်တုံး နောက်ဘာဆက်ဖြစ်မယ်ဆိုတာမသိသေးဘူး ==>
25.6.09
ကိုယ့် ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး
ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တ၀ါများကား ခုနစ်ပါးရှိသည်။
ထိုခုနစ်ပါးမှာ …
၁။ တောက်တဲ့။
၂။ ဇီးကွက်။
၃။ ရွှေပြည်စိုး။
၎။ ယောက်ဖခွေးခေါ်ငှက်။
၅။ တစ်တီတူး (တီတီတွတ်)။
၆။ ဥသြငှက်။
၇။ ဘုတ်ငှက်။
စသည်တို့ဖြစ်သည်။
တိရစ္ဆာန် သတ္တ၀ါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည်ဂုဏ်ပုဒ် ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ် တွင် အကျုံးမ၀င်၊ လူကောင်းတို့ အပြုအမှုမဟုတ်။ တိရစ္ဆာန်တို့၏အလုပ်၊ တိရစ္ဆာန်တို့၏ အမူ အကျင့်သာ ဖြစ်သည် စသည်ဖြင့် ရှုတ်ချ၍ဆိုသည်။ ထောင်လွှားတက်ကြွခြင်းမာနသဘောသို့ ရောက်သောကြောင့် သူတော်ကောင်းတို့ စက်ဆုပ်ကြသည်။အမည်ကိုစွဲ၍ ခေါ်တွင်ခြင်းဖြစ်သော်လည်း တင်စား၍ဆိုသည်။
မြန်မာ့စကားပုံများ မှရယူသည်
24.6.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၁ )
တည်နေရာ နယ်နိမိတ်
ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင်တည်ရှိသည်။ မန္တလေးတိုင် အတွင်းတည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင်မပါဝင်ပေ။ အကြောင်းကာမူ ရှမ်းကုန်ပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသေားကြောင့်ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်နှင့် ဆက်စပ်တည်ရှိသေား မြို့နယ်လေးခုရှိသည်။ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် နောင်ချိုမြို့နယ်၊ အနောက်မြောက်ဘက်တွင် မတရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည်မြို့နယ် တို့နှင့်ဆက်စပ်တည်ရှိသည်။
အကျယ်အဝန်း
ပြင်ဦးလွင်းမြို့နယ်၏ တောင်နှင့်မြောက် အရှည်ဆုံးသေားအလျားမှာ ၄၆ မိုင်၊ အကျဉ်းဆုံး (အတိုဆုံး) အလျားမှာ ၁၂ မိုင်ခန့်ရှိပြီး အရှေ့နှင့် အနောက် အကျယ်ဆုံးမိုင် ၃၀ နှင့် အကျဉ်းဆုံးမိုင် ၄ မိုင် ရှိသည်။ ထိုကြောင့် ဧရိယာအားဖြင့် ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်