သဘာဝပေါက်ပင်
ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝပေါက်ပင် အမျိုးအစားများကို ခွဲခြားသောအမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတောစို၊ အထက်ရွက်ပြတ်ရောနှောတောခြောက်၊ ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတောနှင့်၊ အင်တိုင်းချုံတော၊ တောင်ပေါ်တောခြောက်တော (၆) မျိုးကွဲပြားလျက်ရှိသည်။ သစ်တောအမျိုးအစားလိုက် အဓီကပေါက်ရောက်သေားအပင်များမှာ အမြဲစိမ်းတောတွင်ကညင်၊ ပျဉ်းကတိုး၊ ဝါးပိုး၊ မျက်ဆံကျယ် နှင့် ထီးဝါးတို့ဖြစ်သည်။
အထက်ရွက်ပြတ်တောစိုတွင် ကျွန်း၊ ပျဉ်ကတိုး၊ အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ သစ်ယာ၊ နှော၊ ဘင်္ဂ၊ ဝါးပိုးမျက်ဆန်ကျယ်၊ ဝါးဖြူကြီး၊ တင်းဝါးတို့ ပေါက်ရောက်သည်။
အထက်ပါရောနှောတောခြောက်တွင် ကျွန်း၊ ပျဉ်ကတိုး၊ ဖက်ဝန်း၊ ဂျီ၊ ပိတောက်၊ နှော၊ တင်းဝါး၊ သနပ်ခါး၊ မျှင်ဝါး၊ ဝါးဖြူကလေး၊ ဝါးဖြူကြီးများ ပေါက်ရောက်သည်။
အောက်ရွက်ပြတ်ရောနှောတောတွင် ဖက်စို့၊ ဖက်ခါး၊ မျောက်ငို၊ သပြေ၊ သင်းဝင်၊ ထောက်ကြံ့၊ ရေပတုန်း စသည်တို့ပေါက်သည်။
အင်တိုင်တောတွင် အင်၊ သစ်ယာ၊ အင်ကြင်း၊ သစ်စေး၊ တညင်၊ ဝါးဘိုး၊ အတော်များများ ပါက်ရောက်သည်။ အင်တိုင်ချုံတောတွင် အင်၊ အင်ကြင်း၊ သစ်ယာနှင့် ဝါးများလည်း ပေါက်ရောက်သည်။ တောင်ပေါ်တောခြောက်တွင် ဝက်သစ်ချ၊ သစ်အယ်၊ ညံ၊ စကပ်၊ သစ်ချ၊ မက်လိန်၊ ရင်းဂူကြီး၊ ဖက်ကြံ့၊ ဂုံး တို့ပေါက်ရောက်သည်။
မြေဆီလွှာ
ပြင်ဦးလွင်မြို့နယ်သည် ကုန်းမြင့်ပိုင်းဖြစ်သည့်အလျောက် အပူပိုင်း ခြောက်သွေ့ဒေသ နှင့်ဆက်စပ်နေ့သည့်အလျောက် မြေဆီလွာ အမျိုးအစားစုံလင်စွာတွေ့ရသည်။ ရေဆင်းနှင့် ရာသီဥတု အနေအထား အလိုက်တွေ့ရသော မြေဆီလွာအမျိုးအစားများမှာ လယ်မြေဝါ၊ မြေဝါသဲဝန်း၊ မြေနီနှင့် တောင်မြင့်မြေနီ၊ ကာဘွန်နိတ်၊ မြေမည်းများ ဟုကွဲပြာတွေရှိရသည်။
လူဦးရေ
ပြင်ဦးလွင်မြို့နယ်အတွင်း မှီတင်းနေထိုင်သူများကို ခွဲခြားသော မြို့နေ လူဦးရေနှင့် ကျေးလက်နေ လူဦးရေ ဟုခွဲခြားနိုင်သည်။ မြို့ပေါ်တွင် ရပ်ကွက်ကြီး (၂၁) ခုခွဲခြားထားပြီး နေထိုင်သည့် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် လူဦးရေ စုစုပေါင်း (၁၉၅၁၁၅) ဦး ဖြစ်သည်။ လူဦးရေအများဆုံး နေထိုင်သော ရပ်ကွက်မှာ ရပ်ကွက်ကြီး (၅) ဖြစ်သည်။ မြို့နေလူဦးရေတွင် ကျားစုစုပေါင်းမှာ (၃၈၃၆၁) ယောက်ဖြစ်ပြီး၊ မဦးရေမှာ (၃၉၂၆၃) ယောက်ရှိသည်။ ကျေးလက်နေ လူဦးရေများသည် ကျေးရွာအုပ်စုပေါင်း (၄၇) အုပ်စု၊ ကျေးရွာပေါင်း (၁၃၉) ရွာတွင်စုစည်းနေထိုင်ကြသည်။ (၂၀၀၅)ခုနှစ် စာရင်းအရ ကျေးလက်နေ လူဦးရေစုစုပေါင်း (၁၁၇၄၉၁)ယောက်ရှိပြီး၊ ကျားဦးရေ (၆၂၀၁၀) ယောက်နှင့် မဦးရေ (၅၅၄၈၁) ယောက်ရှိသည်။ ကျေးလက် လူအများစုသည် စိုက်ပျိုးရေးကို အခြေခံ လုပ်ကိုင်ကြသည်။ မြို့နေ လူအတော်များများမှာ ၀န်ထမ်း မျာဖြစ်ကြသည်။
ပို့ဆောင်ဆက်သွယ်ရေး
ပြင်ဦးလွင်မြို့သည် မော်တော်ကားလမ်း မီးရထားလမ်း စသည့်ဖြင့်အဓိက ဆက်သွယ်ရေး လမ်းကြောင်းကို အားထားနေရသည် မန္တလေး ပြင်ဦးလွင် မော်တော်ကာလမ်း အလျားမိုင် (၄၂) မိုင်ရှိသည်။ မြို့နယ်အတွက် လိုအပ်သော အဓိကကုန်ပစ္စည်းများကို လည်းကောင်း မြို့နယ်အတွင်းမှ တင်ပို့သော စိုက်ပျိုးရေး ထွက်ကုန်များကို လည်းကောင်း မော်တော်ကားလမ်းကို အသုံးပြုကြသည်။
ရှမ်းပြည်နယ် ဘက်သို့လည်း မော်တော်ကားလမ်းရော မီးရထားလမ်းပါ အသုံးပြု ဆက်သွယ်လာနိုင်သည်။ ပြင်ဦးလွင် မန္တလေး ခရီးသည်တင် ဟိုင်းလတ် ကားသင်း (၇) သင်း (၁၅၈) စီး၊ ဗင်ကားသင်း (၆) သင်း (၁၀၃) ခန့်ရှိသည်။ မန္တလေး လာရှိုးမြို့ များသို့နေ့စဉ် သယ်ယူပို့ဆောင်လျက်ရှိသော မော်တော်ကားသင်းများ ရှိသကဲ့သို့ နေ့စဉ်အချိန်မှန် ပြေဆွဲနေသော လူစီးရထား ကုန်ရထားများလဲရှိပေသည်။ လေကြောင်းခရီး အတွက် ယခင်က အနီးစခမ်းလေဆိပ်ရှိသော်လည်း ခရီးသည်တင် လေယာဉ်များ မဆင်းပေ၊ တစ်ခါတစ်ရံအရေးကြီး ပုဂိုလ်များအတွက် အသုံးပြုသည်မှ တစ်ပါး မသုံစွဲပေ။
ယခင်ကပြင်ဦးလွင်မြို့အဝင်မုဒ်ဦး
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
1 comment:
ပြင်ဦးလွင်နဲ့ ပက်သက်ပြီး မသိတာတွေ သိရတာ ဗဟုသုတရပါတယ် ။ ဆက်ရေးနော့။
Post a Comment