8.7.09

သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၂ )

မြေမျက်နှာသွင်ပြင်

ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
အမြင့်ပေ ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိတေားဒေသ မှာ ၁၅.၃ ရာခိုင်နှုန်းခန့်ရှိသည်။ မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက် ဒုဋ္ဌဝတီမြစ်၏ မြောက်ဘက်အနီးတလျှောက်နှင့် မြို့နယ်၏ အရှေ့ဘက်တွင်တွေ့ရသည်။ အနောက်တောင်ဘက်ပိုင်မှာ အကျယ်ပြန့်ဆုံးဖြစ်သည်။
အမြင်ပေ ၂၀၀၀ မှ ၃၀၀၀ ကြားဒေသများကို မြို့နယ်၏ အရှေဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက် တို့တွင်တွေ့ရပြီး မြို့နယ် ဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီးဒုတိယ အကျယ်ဆုံးသေား အစိတ်အပိုင်းဖြစ်သည်။

အမြင့်ပေ ၃၀၀၀ နှင့် ၄၀၀၀ ကြားဒေသမှာ မြိုနယ်ဧရိယာ၏ ၄၆.၇ ရာခိုင်နှုန်းရှိပြီး အကျယ်ပြန်ဆုံးအပိုင်းဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်မှအစပြုပြီး အလယ်ဗဟိုတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

အမြင့်ပေ ၄၀၀၀ အထက်ကိုမူ မြို့နယ်ဧရိယာ၏ ၆.၂ ရာခိုင်နှုန်းခန့်သာတွေ့ရသည်။ အမြင့်ဆုံးအပိုင်ဖြစ်ပြီး နေရာသုံးခုပြန့်ကျဲ လျှက်ရှိသည်။ ပထမနေရာမှာ ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် အနောက်တောင်မှ အရှေ့မြောက်ဘက်သို့သွယ်တန်းလျှက်ရှိသည်။ အမြင့်ဆုံးမှာ အုပ်ဖိုတောင် (၄၁၅၅) ဖြစ်သည်။ ဒုတိယ နေရာမှာ မနလေး ~ ပြင်ဦးလွင်ကားလမ်း၏ အရှေ့ဘက်နှစ်မိုင်အကွာတွင် ရှိပြီးတောင်အမည်မှာ ကျိုင်းတောင် (၄၁၆၅) မှာအမြင့်ဆုံးဖြစ်သည်။ တတိယနေရာမှာ ပြင်ဦးလွင်၏ အရှေတောင်ဘက် ငါမိုင်ခန့်အကွာတွင်ရှိပြီး အမြင်ဆုံးအပိုင်မှာ စော်ဘွားတောင် (၄၈၁၃) ဖြစ်သည်။

ရေဆင်း

မြို့နယ်အတွင်း စီးဆင်းနေသောချောင်း များမှာ မြေမျက်နှာပြင် ပိုမြင့်သည့်ဗဟိုပိုင်းမှ ချောင်းဖျားခံ ပြီး မြောက်အရပ်မှအပ ကျန်အရပ်မျက်နှာသို့ စီးဆင်းကြသည်။ ချောင်းအများစုမှာမြိုနယ်အရှေ့ဘက်နှင့် တောင်ဘက်တွင် ကွေဝိုက်စီးဆင်းနေသော ဒုဠဝတီမြစ်အတွင်းသို့ စီးဆင်းကြသည်။ တောင်ကုန်းတောင်တန်းများ များပြားခြင်း မိုးရေချိန် ၅၀ လက်မကျော် ရှိခြင်း သစ်တောများထူးထပ်ခြင်း စသော အချက်များကြောင့် ချောင်းပေါများသည် ။ တစ်နှစ်ပတ်လုံး ရေမပြတ်စီးဆင်းသောထင်ရှားသည့် ချောင်းများ မှာ ဓါတ်တော်ချောင်း ၊ ဒီးဒုတ်ချောင်း တို့ဖြစ်ပါသည် ။ ပြင်ဦးလွင်မြို့နယ် အတွင်း စီးဆင်းနေသောချောင်းနှင့် ဂယ်လောင်းချောင်းတို့ဖြစ်ပါသည်။ ပြင်ဦးလွင်မြိုနယ် အတွင်း စီးဆင်းနေသောချောင်းများ၏ ရေဆင်းပုံစံမှာဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။စီးဆင်းလျက်ရှိသောချောင်းများ၏ ရေဆင်းပုံစံမှာ ဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။ စီးဆင်းလျက်ရှိသောချောင်းများပေါတွင်ရေတံခွန်များဖြစ်ပေါ်လျက်ရှိသည်။ ရေတံခွန်များသည်အနိမ့်အမြင့် အမျိုးမျိုးရှိသော်လည်း အနိမ့်ဆုံးသည် ပေ ၂၀ နှင့် အမြင့်ဆုံးပေ ၃၃၀ ထိရှိသည်။

ရာသီဥတု

ပြင်ဦးလွင်မြို့နယ်သည် အပူပိုင်း ဇုံအတွင်း ကျရောက်ပြီး မန်လေးမြို့နှင့် လတ္တီတွဒ် တစ်တန်းတည်းကျရောက်တည်ရှိသော်လည်းမန်းလေးကဲသို့ ပူပြင်းချောက်သွေ့သောရာသီဥတုမရှိပေ။ ကုန်းမြေမြင်ပမှုကြောင့်ပိုအေးပြီး မိုးပိုမိုရရှိသည်။အထူးသဖြင့်အေးမြသောရာသီဥတုရှိပြီး အနားယူသောတောင်စခန်းမြို့ဖြစ်သည်ကိုပင် ရာသီဥတု ခွဲခြားခြင်း သဘောအရ သမနွေပိုင်း စွတ်စိုသော ရာသီဥတု အမျိုးအစား(ဃတေ)ဖြစ်သည်။တစ်နှစ်အတွင်း အပူချိန်ပြောင်းလဲမှုမှာ မြန်မာနိုင်ငံ ၏ အခြားဒေသများကဲသို့ပင်ဖြစ်သည်။ဇန်န၀ါရီ လသည် အအေးဆုံးလဖြစ်ပြီး မေလ သည် အပူးဆုံးလ ဖြစ်သည်။ဇန်န၀ါရီလ၏ ပျမ်းမျှမဇိမအပူချိန်၅၆.၁ံ င်္ ၊ပျမ်းမျှအမြင့်ဆုံး အပူချိန် ၇၁.၁ံင်္ ၊ပျမ်းမျှ အနိမ့်ဆုံးအပူချိန်မှာ ၄၁.၂ံ င်္ ဖြစ်သည်။ဇန်န၀ါရီလ အအေး ဆုံးရက်များတွင် အပူချိန် ရေခဲမှတ် ၃၂ံ င်္ အောက်ထိကျဆင်းတက်သည်။မေလတွင် နေစဉ့်ပျမ်းမျှမဇိမ အပူချိန် ၇၅ံ င်္ ၊ပျမ်းမျှအနိမ်ဆုံးအပူချိန်သည် ၆၄.၉ံ င်္ နှင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၈၂.၂ံ င်္ဖြစ်သည်။မိုးရေချိန်အားဖြင့် တစ်နှစ်ပတ်လုံး မိုးရွှာသွန်းမှုသည် ၆၀ လက်မ ခန့်ရှိပြိး မိုးရွာရက်ပေါင်း ၉၀ ၀န်းကျင်ရက်ရှိသည်။မိုးအများဆုံးရွာသော လများမှာ သြဂုတ်လနှင့် စက်တင်ဘာလတို့ဖြစ်ပြီးမိုးအနည်းဆုံးလမှာ ဇန်န၀ါရီလ ဖြစ်သည်။မိုးအသည်းထန်းဆုံးရွာသွန်စဉ် တစ်ကြိမ်တည်းနှင့် ၃.၁၅ လက်မ ရွာသွန်းလေ့ရှိသော်လည်း ၁၉၇၃ ခု၊အောက်တိုဘာလ ၃၀ရက်တွင်မူ တစ်ကြိမ်တည်းနှင့် ၄.၂၅ လက်မ ရွာသွန်ခဲ့သည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်

3 comments:

desertraindrops said...

ဆက်ရန်မျှော်နေ၏။

လင်းကြယ်ဖြူ said...

ပြင်ဦးလ္ဂင် ရောက်ဖူးတယ်..တော်တော်လေးသာယာတဲ့နေရာလေးခင်ဗျ
ရောက်ပြီးပြန်တောင်မပြန်ချင်ဘူး...
ကန်တော်ကြီးထဲက Buggy တ္ဂေ ကဈေးကြီးတယ်နော်...
ရေတံခ္ဂန်လဲ ရောက်ခဲ့တယ်..
ကျေးဇူး
ပျော်ပါစေခင်ဗျာ...

nweyoe.net said...

ဗဟုသုတဆိုတာ ဒါမျိုးဗျ၊ ဂွတ်တယ်၊ သိတာတွေ ထပ်ဖော်ပြပေးပါဦး။