1.7.09

ကျွန်တော် ဖြစ်ပုံ....

ဒီနေ့ပျင်းတာနဲ့ ဓာတ်ပုံတွေပြန်ကြည့်တာ ဒီပုံလေး တွေတာနဲ့ ငယ်ငယ်က ကမြင်းကြောထ ခဲ့တာကိုသွားသတိရလို့ ကမြင်းကြောထ သလိုဖြစ်ပျက်ခဲ့တာလေးတွေကို အများသိအောင် ပို့စ်တင်လိုတာပါ…..
ကျွန်တော် ၈တန်းတုန်က ၂၀၀၅ လောက်ကပေါ့ ကျောင်းကအလယ်တန်ကျောင်းဆိုတော့ ကျောင်းမှာတော့အတန်းအကြီးဆုံးပေါ့ ကျောင်းနဲ့အိမ်နဲ့က မိနစ် ၂၀ လောက်စက်ဘီးစီးရတယ် ထမင်းစားနားချိန်က ၁၂ နာရီကနေ ၁ နာရီ။ အဲ့ဒီတော့ ကျောင်းကိုထမင်းချိုင့်ယူရတယ်… ၆တန်း နဲ့၇တန်း တုန်းကတော့ယူတယ်…. ၈တန်းကြတော့မယူတော့ဘူး..
အဲ့ဒီတုန်းက ကျောင်းမဆင်းခင် မိဘတွေ ကျောင်းထဲမဝင်ရ ဆိုတဲ့စည်ကမ်းကရှိတော့ ကျောင်း တံခါး ကိုသော့ခတ်ထားတယ် ကျောင်းဆင်းပြီဆိုမှ တာဝန်ကျ ဆရာမက တံခါး သော့လာဖွင့်တယ် ကျောင်း တံခါး ကအောက်မှာ မြေပြင်နဲ့ ၁ပေ ၁ပေခွဲ လောက်လွတ်နေတယ် ကျောင်းသာမိဘတွေက အဲ့ဒီလွတ်တဲ့နေရာကဝင်ကြတယ်။ ကျောင်အုပ်ဆရာမကြီးလဲ ခေါင်းရှုပ်သွာတယ် ဘာလို့လဲ ဆိုတော့ မြို့နယ်ပညာရေးမှူးအိမ်က ကျောင်းရှေ့တဲ့တဲ့မှာလေ။ တစ်ရက်က ကျောင်းသားမိဘ တစ်ယောက် အောက်ကနေငုံ့ဝင်တာကို ပညာရေးမှူ မြင်သွားပြီ ဓာတ်ပုံရိုက်ထားတယ်.. ဆရာမကြီးလဲ ဆရာမတွေကို လုံခြုံရေးမှူး လုပ်ခိုင်တော့တာဘဲ ။ ဝင်တဲ့မိဘတွေရဲ့ ကလေးတွေက သူငယ်တန်း / ပထမ တန်း ကကျောင်းသားမိဘတွေဘဲရှိတော့ ဆရာမတွေလဲ အားနာတာနဲ့ မမြင်ချင်ယောင် ဆောင်ပေးကြတယ်။ တစ်ပတ်လောက်နေတော့ ဆရာမတွေက အဌမတန်းကကျောင်းသားတွေကို လူမိုက်လုပ်ခိုင်းတော့တာဘဲ….
ကျွန်တော်တို့အတန်းကလူညီတယ်လေ.. လူဦးရေက ၄၀ ထဲဆိုတော့ ညီတာပေါ့ နောက်ပြီး ကျောင်းသားအသစ်မရှိဘူး ဒုတိယတန်း၊ တတိယတန်းလောက်ကထဲက တစ်တန်းထဲ နေခဲ့တဲ အတန်းသားတွေဆိုတော ညီကြတယ်…။ဥာဏ်ရည်လည်းတူကြတယ်။. ဆရာမတွေက နှစ်စကတဲက ဥာဏ်ရည်တူလို့ဆိုပြီး စာသင်လိုက်တာ နှစ်ဝက် ဘဲရှိသေးတယ် သမိုင်းကလွဲလို ကျန်တာအကုန်သင်စရာမရှိတော့ဘူး။ အဲ့ဒီတော့ဆရာမတွေလဲ နားရတဲ့အချိန်ပိုရတာပေါ့။ ဆရာမကြီးကလဲ ကျွန်တော်တို့ ကိုဘာလုပ်လုပ်သိပ်မပြောဘူး နောက်ကဖြေရှင်းပေးမဲ့ဆရာမတွေ ရှိတယ်လေ။ ကံဆိုးတာက မိဘတွေကျောင်းထဲ မဝင်ရေး တာဝန်ပေးခံရတာဘဲ…
တစ်လလောက်ကတော့ မိဘတွေနဲ့ ရန်ဖြစ်ရတယ် ။ကျွန်တော်တို့ကဆရာမကြီးကို ကြောက်တယ်လေ.. တစ်လကျော်တော့ မိဘတွေနဲ့ညှိပြီး ကျောင်းဆင်းခါနီ ၅ မိနစ်လောက် အလိုမှာ ကျောင်းတံခါး ကို တရားဝင် ဖွင့်ပေးလိုက်တော့တယ်။ ကျောင်းသားမိဘတွေ သူတို့ သားသမီးရှိတဲ့အခန်းအရောက် ကျောင်းအဆင်း ဆိုတော့အဆင်ပြေသွားတယ်။ နောက်ပိုင်းကျတော့ သွားပြီးစောင့် စရာမလိုတော့ဘူး။အဲ့ဒီအချိန်ကစပြီး အဲ့ဒီတာဝန်ကို ကျွန်တော်ရယ် သူငယ်ချင်း ရဲဝင်း နှင့် မင်းထိုက် ကတာဝန်ယူတယ်။ သူငယ်ချင်းသုံးယောက်မှာ ထူးခြားတာက မင်းထိုက် ကငယ်ငယ်ကတဲက မျက်လုံးတစ်ဖက်မမြင်ရဘူး ။ အုန်းခွံ မျက်လုံးမှန်တာနဲ့ မျက်စိတစ်ဖတ်ကွယ်ခဲ့တယ်.. ၈တန်နှစ်မှာဘဲ မင်းထိုက်ရော ကျွန်တော်ရော မျက်မှန်စတက်ရတယ် ပါဝါလဲအတူတူဘဲ ဒါပေမဲ့ သူအခုမျက်မှန်တက်စရာမလိုတော့ဘူ ကျွန်တော်ကျတော့အခုထိ မျက်မှန်နဲ့ဘဲရှိသေးတယ် ဗျ..
အဲ့ဒီ ကျောင်းတံခါးဖွင့် ဖို့တာဝန်ယူရတာကလည်း နေ့လည်အိမ်ပြန်ထမင်းစား မယ်ဆိုအဆင်ပြေတယ်လေ.. ကျောင်းဆင်းခါနီး ၅မိနစ်အလို ကျောင်းခန်းက စာအုပ်တွေ စက်ဘီးတွေယူ တံခါးဖွင့် ပြီးတာနဲလစ်ပြီ… နေ့လည်ကျောင်းဆင်းချိန်ဆို ကျွန်တော်တို့လမ်းက လူရှုပ်တယ် ။ ကျောင်းပြန်တတ်ချိန်ဆိုရင်တော့ လူတော်တော်ရှင်းသွားပြီ.. ကျောင်းကနေအိမ်ကိုပြန်ရင် လမ်းက တောင်အတက်ကြည့်ဘဲ ထမင်းစားပြီး အပြန်ဆို ရင်လမ်းကအဆင်းချည့်ဘဲလေ.. အဲဒီချိန်ကျရင် ရဲဝင်းကအလယ်ကနေ လက်နှစ်ဘက်လွှတ်တယ် မင်းထိုက်က ဘယ်ဘက်လွှတ်တယ် ကျွန်တော်ကညာဘက်လွှတ် ပြီး စက်ဘီသုံးစီး ယှဉ်စီးကြတယ် လွှတ်ထားတဲ့လက်နဲ့ တယောက်ပခုံး တယောက်ကိုင်ပြီးစီးတယ်လေ ရဲဝင်းဆို ကျောင်းနားက လမ်းဆုံအထိ စက်ဘီးလက်ကိုင်ကို ကိုင်စရာမလိုဘူး။ အဲ့ဒီလိုစီးရတာအရမ်းပျော်တာဘဲ ဗျာ အခုထိမြင်ယောင်နေတုန်းပါဘဲ။
အဲ့ဒီလိုစက်ဘီးကိုစီးလာတာ နောက်တော့ မူကြိုကျောင်းရှေ့မှာ မင်းထိုက် နဲ့ ရဲဝင်းက စက်ဘီးလဲပါတော့တယ်… ကျွန်တော်လဲလွတ်အောင်တော့ ရှောင်လိုက်တယ် … လဲတဲ့ထဲမပါသွာဘူး… ပျော်သွားတာဘဲ..ဟီး.. ကိုယ်မလဲတော့..(တစ်ကိုယ်ကောင်းဆန်တယ်) ရှေ့လည်းကြည့်လိုက်ရော.. လျှပ်စစ်မီးတိုင်က စောင့်နေတယ် ကျွန်တော်လဲ ဟဲ..ဘယ်ရမလဲ စက်ဘီးနဲ့တည့်တည့် သွားတိုက်တာ အရှိန်လွန်ပြီး ခေါင်းနဲ့ပါတိုက်မိရော..(ဘောလုံးသမားအားကျလို့) ခေါင်းမှာ အလုံးကြီးထလာတာဘဲ သိတယ်..တော်တော်အီတယ်ဗျ.. သူငယ်ချင်းတွေကို သတိရလို့ ကြည့်လိုက်တော့ မင်းထိုက်က အုတ်ခုံကို ခေါင်းအုံးပြီး စက်ဘီးကို စောင်အမှတ်နဲခြုံထားတယ်။….ရဲဝင်းက မင်းထိုက်ရဲ့စက်ဘီးပေါ် မှာ ခွေရက်လေး ရဲဝင်းပေါ်မှာ မင်းထိုက်လိုဘဲ စက်ဘီးစောင်လေးခြုံထားတယ်…(စက်ဘီးနှစ်စီးက ထပ်ပြီးလဲကြတယ်လေ..) အဲ့ဒီလိုလှလှ ပ ပ ဖြစ်ပြက်နေတဲ့အချိန်မှာ သံတွေကြားရတယ် ကြားရတဲ့ဘက်ကိုကြည့် လိုက်တော့ ကလေးချစ်တက်တဲ မူကြိုဆရာမတွေ ကျွန်တော်တို့ကို ဝိုင်းရယ်နေတယ်… ခဏ နေတော့ မင်းထိုက်က ‘ဟေ့ ရဲဝင်း ထ’ တဲ့ ရဲဝင်းက ‘ငါ့ လက်နာနေလို စက်ဘီးကို မ မရဘူးကွ’ အဲ့ဒါနဲကျွန်တော်လဲ ပြေးပြီး စက်ဘီးထူပေး လူကိုထူပေးပြီ ဘာဖြစ်သေးလဲမေးတော့ ရဲဝင်းက လက်နာတယ်တဲ့ စက်ဘီးကတော့ ဘာမှမဖြစ်ဘူး.. မင်းထိုက်က လူဘာမှမဖြစ်ဘူး စက်ဘီးလက်ကိုင်က တစ်ပတ်လည်သွာတယ် ပြန်လှည်တော့ မရတော့ဘူး….
အဲ့ဒါနဲ ကျွန်တော်က လွယ်အိပ်တွေ အာလုံး ကိုသယ်ပြီး.. မင်းထိုက်ကရဲဝင်း ဘီးကို စီးပြီး ရဲဝင်းက မင်းထိုက်ရဲ့နောက်က ထိုင်ပြီး မနာတဲ့လက်နဲ မင်းထိုက်ဘီး ကို တွဲပြီး ကျောင်းနားက စက်ဘီးပြင်ဆိုင်ကိုသွားကြတယ်။စက်ဘီးပြင်ဆိုင်ကပြောလိုက်တယ် မင်းထိုက်ရဲ့ဘီးက ၂ရက်၃ရက်လောက်တော့ ကြာမယ်တဲ့ အဲ့ဒါနဲ့စက်ဘီးထားပြီ ကျောင်းရှေ့က ကျွန်တော်တို့ အနိုင်ကျင့်နေကြအကိုကြီး ရဲ့ဆိုင်မှာထိုင်ပြီးဆေးထဲ့ရတယ် အကိုကြီးကလဲ သူ့ရှိသမျှဆေးတွေထုတ်ပေးရှာတယ်.. အဲ့လိုနဲ စက်ဘီးတွေ အကိုကြီးဆီမှာထားပြီး ကျောင်းထဲဝင်မယ်လဲလုပ်ရော ကျောင်းတံခါးကသော့ခတ်ပြီးနေပြီ သော့ခတ်တဲ့ သူငယ်ချင်းတက်ပုကလဲ နာရီဝက်လောက်စောင့်တယ် မလာတာနဲ့ သူလဲဝင်သွားတာ…. ဖြစ်ချင်တော့ ပညာရေးမှူးကြီးက ရုံးမသွားဘဲ သူ့အိမ်မှာဘာလုပ်နေမှန်းသိဘူး။ အဲ့ဒီတော့ မိဘတွေ လမ်းစဉ်တိုင်းကလိုက်မရဘူးဖြစ်နေတယ် … အဲ့တာနဲ့ကျောင်းတစ်ပတ် ပတ်ပြီး ကျောင်းနောက်ကျောက ဆေးရုံထဲသွားပြီး ကျောင်းထဲဝင်ဖို့ အပေါက်လိုက်ရှာတာ ကျောင်းအုပ်ကြီး ရုံးခန်း အောက်က ဆရာမများနားနေခန်း နဲတည့်တည့်မှာ အပေါက်ကတွေ့တယ် အရဲစွန့်ပြီးခိုးဝင်ခဲ့ရတာ ဘယ်ဆရာမမှတော့ မမြင်ဘူးထင်တာဘဲ..
ညနေကျောင်းဆင်းလို့ မင်းထိုက်အိမ်ကိုလိုက်ပို့တော့ မင်းထိုက်အမေက စက်ဘီးရောဆိုတော့ မင်းထိုက်က စက်ဘီးလဲပြီး ပျက်သွားလို့ ပြင်ဆိုင်ပို့ထားတယ်ပြောတော့ သူ့အမေက တစ်ခွန်းဘဲဆူတယ် ‘ မင်းထိုက် နဲ့ မင်းကံ မင်းဘဲခံ’ တဲ့ ကျွန်တော့်တို့မှာ ရယ်ရမလို သူငယ်ချင်းပြောခံရလို့ ဝမ်းနဲပေးရမလို ဖြစ်ခဲ့သေးတယ်... ကျွန်တော်ကတော့ ညနေကြတော့ ခေါင်းကအလုံးကြီးက သေးသွားပြီဆိုတော့ အမေမသိအောင်နေလို့ ရသွားတယ်.. ဒါပေမဲ့ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ပြုစုခဲ့တဲ့အဖွားက ကျွန်တော်မျက်နှာကြည့်တာနဲ့ တန်းသိတယ်.. အမေမသိအောင် လာမေးလို့ပြောပြ လိုက်ရတယ်… ဖွားဖွားကတော့မဆူဘူး နောက်တခါလုပ်ရင် မေမေနဲ့တိုင်မယ်တဲ့… ရဲဝင်းအမေကတော့ တော်သေးတယ် လက်ဘဲနာလို မကျိုးတာကံကောင်းတဲ့.. နောက်နေ့ နံနက် မင်းထိုက်နဲ့ ကျွန်တော် ရဲဝင်းကိုသွားခေါ်တော့ ရဲးဝင်းအမေက သူသားမနေ့က ကျောင်းကအပြန် စက်ဘီးလဲခဲ့တယ် ဆိုတာကိုပြောပြတယ်… ကျွန်တော်တို့မသိသလိုနေခဲ့ရတယ်.. အဲ့နေ့ကစပြီး သူငယ်ချင်းသုံးယောက် စက်ဘီးနှစ်စီးနဲ့ ကျောင်းသွားကျောင်းပြန်လုပ်ရတာ တစ်ပတ်တိတိ နောက် ဘယ်တော့မှ စက်ဘီးကို လက်လွှတ်မစီးရဲတော့ဘူး…. နေ့လည်ကျောင်းဆင်းချိန်မှာလည်း အိမ်မပြန်တော့ဘူး……

. . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .

အခုဆို မင်းထိုက်က ရန်ကုန်မှာအလုပ်လုပ်နေပြီ… ရဲဝင်းလဲ စစ်ထဲဝင်သွားပြီး သူလည် သူ့ခံယူချက်နဲသူဘဲလေ.. သူ့တို့ဘဝကတော့ တည်ငြိမ်သွားပြီထင်တာဘဲ…. ကျွန်တော်ကတော့ ကျောင်းတက်တုံး နောက်ဘာဆက်ဖြစ်မယ်ဆိုတာမသိသေးဘူး ==>

. . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .
ဒီ Post လေးက ကျွန်တော်အတွက် ပထမဦးဆုံး ကိုယ်တိုင်ရေး Post လေးဖြစ်လို့ လိုအပ်ချက်လေးများရှိရင် ခွင့်လွှတ်သိခံပြီ လိုအပ်ချက်များကို ပြေားပြပေးပါ......
ရွှေပြည်ဦး

3 comments:

ဇော် said...

အင်း
အတော် ကမြင်းကိုးဗျ။ =)
ညီလေး ပြည်ပြည်က တော်ပါတယ်။ စာရေးကောင်းတယ်။
အားပေးလျှက်ဗျာ။ =)

ချမ်းလင်းနေ said...

ကောင်းတယ်ဗျို့။ဆက်သာရေး။အားပေးနေမယ်။

နေရီနွယ် said...

ငယ်ငယ်တုန်းက အဖြစ်ပျက်လေးတွေဟာ အခုတော့ လွမ်းစရာ သတိရစရာ ပြန်တွေးပြီး ပြုံးစရာလေးတွေ ပေါ့နော် ..