တည်နေရာ နယ်နိမိတ်
ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင်တည်ရှိသည်။ မန္တလေးတိုင် အတွင်းတည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင်မပါဝင်ပေ။ အကြောင်းကာမူ ရှမ်းကုန်ပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသေားကြောင့်ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်နှင့် ဆက်စပ်တည်ရှိသေား မြို့နယ်လေးခုရှိသည်။ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် နောင်ချိုမြို့နယ်၊ အနောက်မြောက်ဘက်တွင် မတရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည်မြို့နယ် တို့နှင့်ဆက်စပ်တည်ရှိသည်။
အကျယ်အဝန်း
ပြင်ဦးလွင်းမြို့နယ်၏ တောင်နှင့်မြောက် အရှည်ဆုံးသေားအလျားမှာ ၄၆ မိုင်၊ အကျဉ်းဆုံး (အတိုဆုံး) အလျားမှာ ၁၂ မိုင်ခန့်ရှိပြီး အရှေ့နှင့် အနောက် အကျယ်ဆုံးမိုင် ၃၀ နှင့် အကျဉ်းဆုံးမိုင် ၄ မိုင် ရှိသည်။ ထိုကြောင့် ဧရိယာအားဖြင့် ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
ူလာဖတ်သွားတယ် ညီရေ
ReplyDelete