ပြင်းဦးလွင်က သီပေါမင်း၏ အနွယ်တော်များ
အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ပြီးနောက် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် အင်္ဂလိပ်စစ်တပ်သသည် သရက်ညမြို့၌ ၁၈၈၅ ခုနှစ်တွင် စုစည်းခဲ့ကြသည်။ အင်္ဂလိပ်စစ်တပ်သည်အမြောက်များနှင့် ခြေလျင်တပ်များကို ဖောင်ပေါ်တင်ကာ၊ ထိုဖောက်များကို မီးသင်္ဘောများဖြင့်ဆွဲပြီး ချီတက်လာကြသည်။
နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သရက်နှင့်မင်းလှကြားတွင်း မြန်မာသင်္ဘောများကို အင်္ဂလိပ်တို့ဘက်မှ ဧရာဝတီနှင့်ကသရင်း သင်္ဘောနှစ်စင်းမှ တိုက်ခိုက်၏။ မြန်မိာလက်အောက်တွင် အမှုထမ်းနေသော အီတာလျံလူမျိုး ကိုမိုတိုသည်သင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။ မြန်မာသင်္ဘောကို စွန့်ခွာ၍ ထွက်ပြေးလေသည်။
မြန်မာသင်္ဘောပေါ်မှ မြစ်ကြောင်းပိတ်ဆို့ရေး အစီအစဉ်ပြမြေပုံတစ်ခုကို အင်္ဂလိပ်တို့ ရရှိသွားသည်။ ထိုကြောင့် အင်္ဂလိပ်များသည် ဧရာဝတီမြစ်ရိုး မည်သည့်နေရာများ၌ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်ရန် မြန်မာများဘက်မှ စိုင်းပြင်းထားသည်ကို ကောင်းစွား သိရှိခွင့် ရရှိသွားလေသည်။
သို့ဖြင့် အင်္ဂလိပ်တို့သည် မည်သည့်နေရာ၌ တိုက်ပွဲပြင်းထန်မည်။ မည်သည့်နေရာတွင်
တိုက်ပွဲပြင်းထန်မည်မဟုတ်ဆိုသောအချက်များကိုကြိုတင်သိရှိထားလေသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသော အင်္ဂလိပ်တပ်များသည် မင်းလှတွင် မြန်မာတပ်များနှင့် အကြီးအကျယ် တိုက်ခိုက်ကြရ၏ ညောင်ဦးတွင်လည်း အနည်းငယ် တိုက်ခိုက်ကြရ၏ တိုက်တိုင်းပင်ခေတ်မီလက်နက်ကိုင်ဆောင်ထားသောအင်္ဂလိပ်တ ပ်များက အရေးသာသောကြောင့် ရှေသို ဆက်လက်ချီတက်မြဲချီတက်သွားကြသည် နိုဝင်ဘာလ (၂၅) ရက်နေ့တွင်မြင်းခြံသို့ ဆိုက်ရောက်ခဲ့လေသည်။
နိုဝင်ဘာလ(၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် အင်္ဂလိပ်တမ်များသည်မန္တလေးသို့ ဆိုက်ရောက်လာကြပြီး ပရင်းဒါဂပ်သည် ကင်းဝန်မင်းကြီးအားမိမိထံလာရောက်တွေ့ဆုံရန် ခေါ်ဝင်ခဲ့သည်။
သိုသော်ကင်းဝန်မင်းကြီးအချိန်မီရောက်လာခြင်းမရှိသောေ ကြာင့်သင်္ဘောများပေါ်မှအင်္ဂလိပ်စစ်တပ်
များသည် ကုန်ပေို့ဆင်းကာ ဘင်ခရာအစုံအလင် တီးမှုပြီး၊ နံဘေးဝဲယာမှကြည့်ရှုနေကြသည့် မန္တလေးမြို့သူမြို့သူများကြားမှမန္တလေးနန်းတော်ကြီးရှိရာသို့ ချီတက်သွားကြ၏။
ထိုတပ်များ၏ ရှေ့မှနေပြီး ကာနယ်စလေဒင်၊ ကာနယ်စလေဒင်၏ စကားပြန်ဖြစ်သူ မစ္စတာနယ်ကောလက်နှင့် ဧရာဝတီ မီးသင်္ဘောကုမ္ပတီမှ ကပ္ပတိန်မော်ဂန်တို့ လိုက်ပါလာကြသည်။
မော်ဂန်မှာ မန္တလေးနန်းမြို့တော် အတွင်းပိုင်း၌ မည်သည့်အရာများ ၇ှိသည်ကို ကောင်စွာသိသော နေရာကျွမ်းကျင်သူ ဖြစ်သောကြောင့်ဖြစ်သည်။
နန်တော်ကြီး၏ အရှေဘက်တံခါးမှနေ၍ ကင်းဝန်မင်ကြီးက ကာနယ်စ လေဒင်အားဆီကြိုသည်။
ကင်းဝန်းမင်းကြီးက စစ်တပ်များကို မူကားနန်းတော်သို့ ၀င်ခွင့်ပေးရန် မသင့်ကြောင်း ပြောသောကြောင့် ကာနယ်စလေဒင်သည် ဗိုလ်ချူပ် ပရင်ဒါဂပသိသာရန် တံခါးဝတွင် စာတစ်စောင်းရေးပြီး ထားခဲ့၏။
မြန်နန်းပြားသာဒ်တော်ကြီးအတွင်းသို့ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီးတို့ ဆိုက်ရောက်သွားသောအခါ၌ သီပေါမင် (၁၈၇၈-၁၈၈၅)နှင့် စုဖုရားလတ်တို့သည် သီဟာသနရာဇပလင်ပေါ်တွင် ယှဉ်တွဲရှိနေကြသည်ကို တွေ့ရသည်။
မြန်မာစစ်သားအချို့နှင့် ၀န်းကြီးအချို့လည်း ၀ပ်ပြီးခစား နေကြသည်။ဖိနပ်ကိုလည်း မချွတ်၊ တုပ်ကွရိုကျိုးခြင်းလည်း မရှိတော့ဘဲမားမားမတ်မတ်ကြီး ၀င်ရောက်လာသော ကာနယ်စလေဒင်ထံတွင် သီပေါမင်းအညံ့ခံရလေတော့သည်။
သို့သော်လည်း အင်္ဂလိပ်တပ်များ ခေါ်ဆောင်ရာသို့ ချက်ချင်းလိုက်ပါနိုင်ခြင်း မပြုဘဲ နောက်တစ်နေ့မှ ခေါ်ဆောင်သွားရန် စီစဉ်ထားလေသည်။
နောက်တစ်နေ့တွင်သီပေါမင်းမင်းအားမြစ်ဆိပ်(ဂေါဝိန်ဆိပ်)သင်္ဘောများရှိရာသို့ခေါ်ဆောင်သွားရာ၌
ပထမဆုံး အင်္ဂလိပ်စစ်ဗိုလ်ချုပ် ပရင်ဒါဂပ်၊ ထိုနောက် အင်္ဂလိပ် အလံတော်၊ ထို့နောက် အင်္ဂလိပ်ခြေလျင်တပ်သားများ၊ ထို့နောက် တိုင်းတားမင်းကြီး၊ ထို့နောက်ထီးဖြူလေးစင်းစိုက်သောဗိရိုလှည်း၌ သီပေါမင်း၊ စုဖုရားလတ်၊
ဆင်ဖြူရှင်မိဖုရားကြီးတို့ကို တင်ကာ နောက်မှ အင်္ဂလိပ်စပ်သားများက ဘင်ခရာများကို တီးမှုတ်ကာ ဆောင်ယူသွားကြ၏။
သီပေါမင်းပါသော ဗီရိုလှည်းအား သေနတ်လှံစွပ်ကိုင် အင်္ဂလိပ်စစ်သားများ ၀န်းရံထားကြ၏။ မန္တလေးမှ သီပေါမင်းအား သူရိယဟုခေါ်သော ဧရာဝတီ ဖလုပ်တီးလားပိုင် သင်္ဘောပေါ် သို့တင်ကာ ရန်ကုန်သို့ ခေါ်ဆောင်သွားလေသည်။
ရန်ကုန်သို့ ရောက်ရှိနေသောအခါ၌ ကန်နင်း (ဃညေညငညါ) ပင်လယ်ကူး သင်္ဘောတစ်စင်းပေါ် သို့ တင်ကာ ပထမ အိန္ဒိယပြည် အဒရပ်မြို့သို့ ဆောင်ယူသည်။ ထိုနောက် ဘုံဘေနယ် ရတနာဂီရိမြိုကတွင် အကျယ်ချုပ် ဖြင့် ထားလေသည်။ ၁၉၁၆ ခုနှစ်တွင် ရတနာဂီရိမြို့၌ သီပေါမင်း နတ်ရွာစံပြီးနောက် စုဖုရားလတ်အား ရန်ကုန်သို့ ပြန်လည်သွားရောက် နေထိုင်ခဲ့သည်။
၁၂၈၇ ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင်နတ်ရွာစံသောကြောင့်ရွှေတိဂုံ စေတီတော်တော်ဘက်၊
ကန်တော်မင် ပန်းခြံအတွင်းတွင် သင်္ဂြိုဟ်ခဲ့လေသည်။
29.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၈ )
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
21.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၇ )






ကိုရှမ်းကလေး ဆီမှရယူသည်
20.7.09
ပြည်ချစ်ဘုရား

ပြည်ချစ်ဘုရားသမိုင်းကို ကောင်းကောင်းမသိပါဘူး... Cbox မှာ ကိုစိုးဇေယျထွန်းက (ပြင်ဦးလွင်က မဟာအံထုးကံသာအကြောင်း အသေးစိတ်သိလား) ဆိုလို့ အသေးစိတ်တော့မဟုတ်ဘူး အနည်းစပ်ဆုံး ဖြစ်အောင် ရှာဖွေတင်ပြထားတာပါ...
မဟာအံ့ထူးကံသာဆုတောင်းပြည့်စေတီတော် (သို့မဟုတ်) ပြည်ချစ်ဘုရား
တရုတ်ပြည်၌ ပူဇော်ရန် စကျင်ကျောက် သုံးတုံးအား မန္တလေးမြို့ ကျောက်ဆစ်တန်း၌ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပူဇော်ကာ မန္တလေး လာရှိုး အဝေပြေး ကားလမ်းမှ တဆင့် တရုတ်ပြည်သို့ ပင့်ဆောင်သည်။ ထိုရုပ်ပွားတော် သုံးဆူအနက် တစ်ဆူမှာ အကြီးဆုံးဖြစ်သည်။ ပထမဦးစွာ အသေးနှစ်ဆူကို ဦးစွာပင့်ဆောင်ခဲ့ရာ လွယ်ကူချောမွေ့စွာ ပင့်ဆောင်နိုင်ခဲ့သည်။ အကြီးဆုံးအဆူ ကိုပင့်ဆောင်ရာတွင် ပြင်ဦးလွင်မြို့ အထွက် ပွေးကောက် ရေတံခွန်လမ်းခွဲ အနီးတွင် ရုပ်ပွားတော်၏ ရင်ခွင်၌ အိပ်နေသော ယဉ်နောက်လိုက်အား တစ်စုံတစ်ယောက်က (ထ...ထ... အရှေ့သွားအိပ် အန္တရယ်များတယ် အရှေ့သွားအိပ်) ဟုပြောသံကြောင့် အရှေ့ပြောင်းအိပ်၍ ခဏအကြာတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ ယာဉ်မှာနှစ်ပတ်ခန့်လည်၍ တည်လျှက်ကြသည်။ ရုပ်ပွားတော်လည်း မြေပြင်၌ ပက်လက်မြေခတော်မူသည်။ ရုပ်ပွားတော်ကို ယာဉ်ပေါ် သို့ပြန်တင်ရာ မ၍ပင်မရတော့ပေ။ မြို့သူမြို့သာများနှင့် ခရီသွားများ ဝင်ရောက်ဖူးမျှော်ရင်း လှူဒါန်းခဲ့သော အလှုငွေများမှာ ရုပ်ပွားတော်၏ ရင်ခွင်၌်ပြည့်လျှံနေသည်။ အနည်းအနားရှိ ရွာမှလူကြီးများက ဂေါပက လူကြီးအဖြစ် တာဝန်ယူပြီး အလှူငွေများကိုသိမ်းဆည် ခဲ့ကြသည်။ ထိုအလှူငွေများမှာ ရပ်အနည်ငယ်အတွင်း ရုပ်ပွားတော်၏ တန်ဖိုး တစ်ဝှက်ကျော် ရရှိခဲ့သည်။ ဂေါပကများနှင့် ဘုရားထုလုပ်သူတို့ တိုင်ပင်ကာ မူလပိုင်ရှင်အား ဘုရား၏အလှူငွေနှင့် ဘုရားထုလုပ်သူမိသားစုက တစ်ဝက်လှူကာ လျှော်ပေးခဲ့သည်။ ထိုအခါမှ ရုပ်ပွားတော်အား (၅.၆.၁၉၉၇) ရက်နေ့က ပထမဆုံး ယာယီစံကျောင်းဆောင်ပေါ်သို့ ရွှေပြောင်း၍ ရခဲ့သည်။ မဟာအံထူးကံသာဘုရားကြီး လက်ရှိစေတီတော် တည်ထား ကိုးကွယ်သည့် နေရာတွင် မုံရွေးမှ ဆရာတော် ဦးပါမောက အဓိဌာန် ဝင်ပြီး အတည်ပြုပေတော်မူသည်။ ထိုအချိုန်မှစ၍ ထိုတောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ရန် စီစဉ်ခဲ့ကြသည်။ ၁၉၉၉ ခုနှစ်ခန့်က ကုန်းပေါ်၌ ပြောင်းရွှေ့ စံတော်မူခဲ့သည်။ ရုပ်ပွားတော်၏ ဘွဲ့တော်မှာ ပြည်ချစ်ဘုရား (သို့မဟုတ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီတော် ဖြစ်သည်။
စာရေးသူ...
ရွှေပြည်ဦး
ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး။
အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွေ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲတွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
ဆရာဇော်ဂျီ (ဗေဒါလမ်း ကဗျာစု)
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး။
အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွေ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲတွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
ဆရာဇော်ဂျီ (ဗေဒါလမ်း ကဗျာစု)
16.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၆ )
ပြင်ဦးလွင် ဓါတ်ပုံကဏ္ဍ
မဟာအံထူးကံသာဘုရားကြီးအား မော်တော်ယာဉ်ပေါ်မှ မြေခပြီးနောက် (၅.၆၁၉၉၇) ရက်နေ့က ပထမဆုံး ယာယီစံကျောင်းပေါ်တွင် အပူဇော်ခံစဉ်။





သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၅ )
မြန်မာမင်းလက်ထက်က ပြင်ဦးလွင်
အခွန်တော်ငွေ ကောက်ခံရာတွင် ကျေးလက်တောရွာနေ တောင်သူလယ်သမားများ၏ လယ်ယာကိုင်းကျွန်းမှ ထွက်ရှိသော သီနှံများအပေါ် ဆယ်ခိုင်တစ်ခိုင်ကောက်ခံခြင်း၊ စပါးစိုက်ပျိုးသူတို့ထံမှ အခွန်တော်အဖြစ် စပါးတစ်ရာပေါ်၌ ငွေသားနှစ်ကျပ် ကောက်ခံလေသည်။ ရွာအုပ်များ၊ သူကြီးများက ကျေးရွာလူထုထံမှ အမှုသေး၊ အမှုငယ်များ တိုင်တန်းသည့်အခါ၌ (ကွမ်းဘိုး) ဟုခေါ်သော အခွန်များကို အမျိုးမျိုး ကောက်ခံကြသည်။
အမိန့်စာချွန်တော်
အထက်ပါ အမိန့် စချွန်တော်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာမင်းများ လက်ထက်က ပြင်ဦးလွင်ဒေသ ကျေးရွာများမှာ သဿမေဓ အခွန်တော် ကောက်ခံခဲ့ကြောင်း ထင်ရှားလေသည်။ မြန်မာမင်းများလက်ထက်က ပြင်းဦးလွင် ဟုခေါ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ခရစ်သက္ကရာဇ် (၁၉၁၆)ခု၊ သြဂုတ်လ (၁၆) ရက်နေ့ထုတ် မေမြို့တောင်းကော်မတီ လက်စွဲစာအုပ် (Maymyo Town Committee Hand Book) တွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
မြန်မာမင်းလက်ထက်က ပြင်ဦးလွင် အပါအဝင်ဝက်ဝံ ၊ပြင်သာ(ပြင်စာ)၊ ဇီးပင်ကြီး ရွာများတွင် အောက်ပါရာထူးများ ပေးပြီး အဆင့်ဆင့် အုပ်ချုပ်၍ အခွန်ငွေများ ပေးဆောင်ကြရသည်။
(၁) ရွာအုပ်ကြီး
(၂) ရာအိမ်မှူးများ
(၃) ဆယ်အိမ်မှူးများ
(၂) ရာအိမ်မှူးများ
(၃) ဆယ်အိမ်မှူးများ
ထို့ပြင် ပြင်ဦလွင်ဒေသတွင် အောက်ပါဖော်ပြပါ အမည်များဖြင့် နယ်ခွဲ၍ အုပ်ချုပ်ခဲ့ စေသည်။
(၁) ပြင်ဦးလွင်
(၂) လက်ျာ ခြောက်ရွာ (တောင်)
(၃) လက်ျာ ခြောက်ရွာ (မြောက်)
(၁) ပြင်ဦးလွင်
(၂) လက်ျာ ခြောက်ရွာ (တောင်)
(၃) လက်ျာ ခြောက်ရွာ (မြောက်)
(၄) အုန်းခွန် (အုန်းကွန်း)
အခွန်တော်ငွေ ကောက်ခံရာတွင် ကျေးလက်တောရွာနေ တောင်သူလယ်သမားများ၏ လယ်ယာကိုင်းကျွန်းမှ ထွက်ရှိသော သီနှံများအပေါ် ဆယ်ခိုင်တစ်ခိုင်ကောက်ခံခြင်း၊ စပါးစိုက်ပျိုးသူတို့ထံမှ အခွန်တော်အဖြစ် စပါးတစ်ရာပေါ်၌ ငွေသားနှစ်ကျပ် ကောက်ခံလေသည်။ ရွာအုပ်များ၊ သူကြီးများက ကျေးရွာလူထုထံမှ အမှုသေး၊ အမှုငယ်များ တိုင်တန်းသည့်အခါ၌ (ကွမ်းဘိုး) ဟုခေါ်သော အခွန်များကို အမျိုးမျိုး ကောက်ခံကြသည်။
(၁၂၁၄) ခုနှစ် တပါင်းလဆန်း (၁၁) ရက်နေ့တွင် နန်းတက်တော်မူသော မင်တုန်းမင်းတရားကြီး လက်ထက်၌ အခွန်တော်ကောက်ခံရေးစနတ်ကို (၁၂၂၉) ခုနှစ်မှ စတင်၍ တောင်သူလယ်သမားများ၊ ဆင်းရဲသားတို့ ထံမှ အခွန်တော်အမျိုးမျိုး ကောာက်ခံစေခြင်း မပြုစေဘဲ၊ မြန်မာနိုင်ငံလုံးတစ်ပြေးညီစွာ သတ်မှတ်ထားသည့် (သဿမေဓအခွန်တော်) ကိုသာ စည်းကြပ်ကောက်ခံစေခဲ့သည်။
ပြင်ဦးလွင်ဒေသတွင်လည်း ထိုအချိန်က သဿမေစအခွန်တော်ကို ကောက်ခံခဲ့သည့် အထောက်အထား တစ်ခုကို တွေ့ရသည်။ ယခု မန္တလေး-ပြင်ဦးလွင် ကားလမ်း (၂၁) မိုင်စခန်းအနီတွင် တည်ရှိသော ညောင်ပေါရွာဘုန်းကြီးကျောင်းမှ ပဌမဆရာတော်သည် သီပေါမင်းဘုရင်နှင့် ငယ်စဉ်အခါက ကိုရင်ဘ၀တွင် အတူတကွ စာပြန်ခဲ့ဖူးသည့် ဆရာတော်ဖြစ်သည်။ ညောင်ပေါဆရာတ်ာဘုရားသည် ပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သောအခါ ဆ ရာတော်၏ မိဘသားချင်းများကို သဿပေဓအခွန်တော် ကင်းလွတ်ခွင့်ပြုကြောင်း နေပြည်တော် သဿမေဓဌနချုပ် အတွင်းဝန် ပင်းမြိုးစားမင်း၏ (၁၂၃၉) ခုနှစ် စာချွန်တော်ကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။
အမိန့်စာချွန်တော်
အုန်းကျွန်းရွာ (သဿမေဓ) အခွန်တော် အရာရှိတို့နှင့် ကျေးရွာ စီရင်စုသူကြီးခေါင်း အကြီးတို့ မင်္ဂလာရာမတိုက် ဆရာတပည့် (၁၂၃၉) ခုနှစ်၊ ပဌမစာတော်ပြန် ရဟန်းတော်ရှင် စမ္မဘိဝံသ၏ အရင်းခြားအစ်ကို၊ အစ်မတို့ကို (သဿမေဓ) အခွန်တော်ငွေမစ၍ မင်းမှုခင်းရိတ်ကြေးငွေအသေးအဖွဲ့ အခွဲအခန့်လူပအစေအပါးမရှိ၊ နှစ်စဉ်ပဌမပြန် မိဘအစ်ကိုတို့ နည်းလွတ်ပြီး မင်းစေဘုရား အမိန့်တော်မြတ်ကို ဦးထိပ်ထက်ဆင်ရသည့် အတွက် မင်္ဂလာရာမတိုက် ဆရာတော်တပည့် ပဌမစာတော်ပြန် ရဟန်းအရှင် စမ္မာဘိဝံသ မိဘအစ်ကိုရင်းခြားမှန်သူ အုန်းကျွန်းနယ်စီရင်စု (ညောင်ပေါရွာ) က-င၀ အမိ မိသိန်း ဦရီး ငထွေး၊ မယားမိစံ၊ ၎င်းပထွေးတော် အစ်ကို ငချမ်းအို၊ ၎င်း ငကျော်ဝ၊ ၎င်း ငကြူတို့ကို (သဿမေဓ) အခွန်တော်ငွေ အတောင်းအခံမရှိ ရဟန်းတော် တစ်ဘ၀ လွတ်ငြိမ်းစေရမည်။
အထက်ပါ အမိန့် စချွန်တော်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာမင်းများ လက်ထက်က ပြင်ဦးလွင်ဒေသ ကျေးရွာများမှာ သဿမေဓ အခွန်တော် ကောက်ခံခဲ့ကြောင်း ထင်ရှားလေသည်။ မြန်မာမင်းများလက်ထက်က ပြင်းဦးလွင် ဟုခေါ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ခရစ်သက္ကရာဇ် (၁၉၁၆)ခု၊ သြဂုတ်လ (၁၆) ရက်နေ့ထုတ် မေမြို့တောင်းကော်မတီ လက်စွဲစာအုပ် (Maymyo Town Committee Hand Book) တွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
(“Under Burmese rule it was the seat of a Ne-ok, an official corresponding to a Township Officers, and was called Pyinoolwin, which ajpparently means first open space beyond. It was so named because the dense jungle which cover the plateau falls away the town andopen apace appear”)
သီပေါမင်းလက်ထက် နောက်ဆုံး ပြင်ဦးလွင်ဒေသတွင် အုပ်ချုပ်ခဲ့သော မင်းမှုထမ်းများကို အင်္ဂလိပ်တို့က ရာထူးများပေး သိမ်းသွင်းခဲ့ရာတွင် ပြင်သာ (ပြင်စာ) မှ မြို့နယ်၊ မြို့သူကြီး ရွေဓားဆွဲ ဗိုလ်ဦးဘိုးတုတ်အား မြို့အုပ်ရာထူးပေး၍ လည်းကောင်း၊ တွင်းငယ်ရွှေဓားဗိုလ် ဗိုလ်ငယ်အား မြို့အုပ်ရာထူးပေး၍ သော်လည်း ကျန်းမာရေးကို အကြောင်းပြပြီး ရာထူးမယူခဲ့သည့်အတွက် ရိက္ခာတော် ထောက်ပံ့ခဲ့သည်။ ပြင်ဦးလွင်မှ ရေချမ်းအိုရွာ သာဥယျာဉ်အုပ် လက်ျာတောင်းမှူး ဦးသာလှိုင်နှင့် ၀က်ဝံမှ ဦးစံရွင် တို့ကိုလည်း မြို့အုပ်ရာထူးများ အသီးသီး ပေးပြီး နယ်ခွဲအုပ်ချုပ်စေခဲ့သည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၄ )
ပြင်ဦးလွင်ကို သက္ကရာဇ် ၁၂၁၂(၁၈၅၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သုသေသီများ ဆိုကြသည်။
(ထိုသို့ဆိုရခြင်းမှာ အောင်မြေဘုံသာ ကျောက်စာအရ ဆိုရခြင်ဖြစ်သည်။ ယင်းကျောက်စာမှာ မဟာသောဘိတရာမ ကျောင်းတိုက် (ဈေးတောင်ကျောင်းကြီ)၀င်း၊ အောင်မြေဘုံသာ မဟာဆုတောင်း ပြည့်စေတီ၏ တောင်ဘက် ခြေတော်ရင်း၌ စိုက်ထူထား၍ ကျောက်စာတိုင် နှစ်တိုင်ရှိသည့်အနက် အနောက်ဘက် ကျောက်စာဖြစ်သည်။ နှစ်မျက်နှာရေးထိုးထားပြီး ပြင်ဦးလွင် သမိုင်းအစနှင့် စပ်လျဉ်း၍ ကျောက်စာ၏ မျက်နှာ ဘက်ကြောင်းရေ (၁၉-၂၀) တွင် ကောဇာဒီယ၊ ထောင့်နှစ်ရာမှစွန်းထတစ်ဆယ်၊ နှစ်ခုကယ်၍၊ တိုင်းဝယ်ဋ္ဌာန၊ ကမ္ဗောဇတွင်၊ ဒေသတစိတ်စိုးမိုးကြိတ်သည်၊ ဂုဏ်ဟိတ်တောက်ထိန်၊ မဟာဟု၊ မနိန်စင်ဖြူ၊ မောင်ခန်းဦးနှင့်မတူမယွင်း၊ သူကြီးမင်းတည့်၊ သတင်းပြန့်မွှေး၊ မောင်မောင်ဒွေးတို့၊ စုဝေးတိုင်ပင်၊ ပြင်ဦးလွင်ဟု မည်တွင်မည့် ရွာတည်ထောင်သည်) ဟုပါရှိရာ ပြင်ဦးလွင် ကိုသက္ကရာဇ် ၁၂၁၂ (၁၈၅၀) တွင်စတင်ပေါ်ပေါက်ကြောင်း အခိုင်အမာဆိုကြခြင်းဖြစ်သည်။ ကျောက်စာ ရေးထိုးသည့်နှစ်ကို ကျောက်စာ၏ကြောင်းရေ (၂၁) တွင် မြန်လျင်ဝေါဟာ၊ နှစ်ကောဇာကား၊ အဌာသတ္တ၊ ဒွီဧကတည့် ဟုပါရှိသဖြင့် ပိဋကတ်သင်္ချာနည်းအရ သက္ကရာဇ် ၁၂၇၈(၁၉၁၆) ခုနှစ် ရေးထိုးကြောင်သိရသည်။ သက္ကရာဇ် ၁၂၁၂ ခုနှစ်၊ ပြင်ဦးလွင်စတင်တည်ထောင်သည့် အကြောင်းအရာကို သက္ကရာဇ် ၁၂၇၀ခု၊ နှစ်ပေါင်း(၆၆) နှစ်ကြာညောင်းကာမှ ရေးထိုးထားသဖြင့် ခေတ်ပြိုင်မဟုတ်ဘဲ နှောင်းခေတ် ရေးထိုးကျောက်စာမျိုးသည် ခိုင်လုံအားကိုး လောက်သည့် ကျောက်စာမျိုးကားမဟုတ်ချေ။ ပြင်ဦးလွင်ကို အောင်မြေဘုံသာကျောက်စာအရ သက္ကရာဇ်(၁၂၁၂) တွင်တည်ထောင်သော ရွာမဟုတ်ဘဲ သက္ကရာဇ် ၁၁၄၉(၁၇၈၇) မတိုင်မီကတည်းက ပြင်ဦးဆိုသောနာမည် ရွာအမည်ဖြင့်တည်ရှိနေပြီ ဖြစ်ကြောင်းဗဒုံမင်း(ဘိုးတော်ဘုရား)၏ အမိန့်တော်တစ်ခုတွင် တွေ့ရသည်။ သက္ကရာဇ်(၁၁၄၉)ခု၊ သီးတင်ကျွတ်လဆန်း(၁၃)ရက်၊ ၁၇၈၇ ခုနှစ်အောက်တိုဘ ၁၂ရက်နေ့ နာခံပြော့ကြီး၏ အမိန့်တော်တွင် အောက်ပါအတိုင်တွေ့ရသည်။
ကျွန်းလှဆည်မြောင်းမတော်ရေ သွားရေလာကျဉ်း၍ ဆည်တော်ရေ အောင်ပင်လည်ကန်သို့ အရောက်အပေါက်နည်းသည်။ မြောင်းမတော် အနံသုံးတောင်ချ၍ မြောင်းပေါင်ကိုမဖိတ်လျှံ ရအောင်အုန်းကွမ်း၊ ငှက်ကြီးသိုက်၊ အုန်းကြော၊ ရက်မန်းရက်၊ သားရဲကြောင်၊ ဓာပြိုင်နက်ချိုင့်ဆင်ခေါင်း၊ ၀က်ဝံ၊ မုန်တော၊ ကင်းတုန်၊ ပယ်မြို့သစ်၊ ညောင်နီပင်၊ ရွေစာရံ၊ ဇရစ်ပင်ပြင်ဦး၊ လက်ပံကျေးရွာများနှင့် ဆည်တောင် မြောင်းတော်အောင်ပင်လယ် ဆည်ရေသောက်ဖို့လုပ် ဆောင်မြဲကျေးရွာများမည်သသူ အမှုထမ်းလူစု အ(မ) ဆိုခန့်ထားနှိုးဆော်၍ ဆည်ဖို့တူးလုပ်စေ၊ သက္ကရာဇ် ၁၁၄၉ ခု၊ သီတင်းကျွတ်လဆန်း (၁၃) ရက် နာခံပြော့ကြီး မှူးပြန် ယင်အမိန့်တော်တွင် ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ် နှင့်ပြင်ဦးလွင်မြို့နယ်ဝင်ကျေးရွာများကို တွေ့ ရသည်။ အုန်းတော်၊ ငှက်ကြီးသိုက်၊ ဝက်ဝံ၊ ဆင်ခေါင်းကြီးတို့သည် ပြင်ဦးလွင်မြို့နယ် ကျေးရွာများဖြစ်ပြီး ပြင်ဦးလွင် ကိုထိုစဉ်က ပြင်သီး ဟုရေးသားဖေါ်ပြ ခဲ့သည်။ ဓားပြိုက်နက်ချိုင့်သည် ယခုဓါတ်တော်ချိုင့်နှင့် ဆက်နွယ်နေမည်ဟု မှန်ဆရသည်။ ယင်းအမိန့်တော်ကိုထောက်ရှု့၍ ပြင်ဦးလွင်ကို သက္ကရာဇ် ၁၁၄၉ ခုနှစ် ကတည်းက ပြင်ဦး ဟူသော ရွာနာမည်ဖြင့် တည်ရှိခဲပြီးဖြစ်ကြောင်း အခိုင်အမာဆိုနိုင်သည်။ ပြင်ဥိးလွင်သည် ပြင်ဦးမှဆင်သက်လာသော ရွာအမည်ဖြစ်ပြီး ပြင်ဦးလွင်သို့ မည်သည်အချိန်က လျောဆင်းခဲ့ကြောင်းကိုမူ အထောက်အထားအခိုင်အမာ မတွေ့ရှိရသေးပေ။ အေဒီ(၁၈၈၅)ခု၊ နိုဝင်ဘာလတွင်ကုန်းသာ၊ ဆီဆုံ၊ ဇီးပင်ကြီးဇီးပင်ကလေး၊ ပိန္နဲပင်၊ ဆင်ခေါင်း၊ ၀က်ဝံ၊ ရေငယ်၊ ပြင်ဦးလွင် ကျေးရွာများနှင့် စပ်လျဉ်း၍ အင်္ဂလိပ်မှတ်တမ်းများတွင် တွေ့ရှိရသည်။ ယင်းမှတ်တမ်းများအရ ပြင်ဦးလွင် ရွာမည်ဖြင့် တည်ရှိပြီးဖြစ်သည်ဟု ယူဆရသည်။ ထို့ကြောင့်ပြင်ဦးလွင်သို့ ရွေ့လျားလာပုံတွင် အောင်မြေဘုံသာ ကျောက်စာတစ်ခုတည်းသာ သဲလွန်စ အဖြစ်တွေရှိရသဖြင့် သက္ကရာဇ် (၁၂၁၂) ခုနှစ်တွင် ပြင်ဦး မှ ပြင်ဦးလွင် သို့ရွေ့လျောဆင်သက်လာနိုင်သည်ဟု မှတ်ယူရန်ရှိသည်။ ပြင်ဦးလွင်၌ ရှေးလူကြီးများ အဆို၇ှိခဲ့သည်မှာ ပြင်ဦး၊ ပြင်ကြီး၊ ပြင်စာ၊ ပြင်သုံးပြင်၊ တစ်ပြင်ကောင်းစားမည်ဟု တဘောင်းပေါ်ပေါက်ခဲ့ဖူးကြောင်း မှတ်သားမိပါသည်။ တဘောင်အရရှမ်းနှင့် ဓနုတိုင်းရင်သားများ နေထိုင်ခဲ့ကြသော ပြင်ဦးရွာကလေးမှာ ပြင်ဦးလွင်အမည်ဖြင့် ကောင်းစားနေပါသည်။

ပြင်ဦးလွင်အမည်သို့ ပေးခဲ့ပုံနှင့် ပတ်သတ်၍ ကျောက်ထက်အက္ခရာ တင်ထားသော မဟာသောဘိတရာမ ကျောင်းတိုက် (ဈေးတောင်ကျောင်ကြီးပရ၀ုဏ် အတွင်းရှိအောင်မြေဘုံသာကျောက်စာ)
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
13.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၃ )
သဘာဝပေါက်ပင်
ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝပေါက်ပင် အမျိုးအစားများကို ခွဲခြားသောအမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတောစို၊ အထက်ရွက်ပြတ်ရောနှောတောခြောက်၊ ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတောနှင့်၊ အင်တိုင်းချုံတော၊ တောင်ပေါ်တောခြောက်တော (၆) မျိုးကွဲပြားလျက်ရှိသည်။ သစ်တောအမျိုးအစားလိုက် အဓီကပေါက်ရောက်သေားအပင်များမှာ အမြဲစိမ်းတောတွင်ကညင်၊ ပျဉ်းကတိုး၊ ဝါးပိုး၊ မျက်ဆံကျယ် နှင့် ထီးဝါးတို့ဖြစ်သည်။
အထက်ရွက်ပြတ်တောစိုတွင် ကျွန်း၊ ပျဉ်ကတိုး၊ အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ သစ်ယာ၊ နှော၊ ဘင်္ဂ၊ ဝါးပိုးမျက်ဆန်ကျယ်၊ ဝါးဖြူကြီး၊ တင်းဝါးတို့ ပေါက်ရောက်သည်။
အထက်ပါရောနှောတောခြောက်တွင် ကျွန်း၊ ပျဉ်ကတိုး၊ ဖက်ဝန်း၊ ဂျီ၊ ပိတောက်၊ နှော၊ တင်းဝါး၊ သနပ်ခါး၊ မျှင်ဝါး၊ ဝါးဖြူကလေး၊ ဝါးဖြူကြီးများ ပေါက်ရောက်သည်။
အောက်ရွက်ပြတ်ရောနှောတောတွင် ဖက်စို့၊ ဖက်ခါး၊ မျောက်ငို၊ သပြေ၊ သင်းဝင်၊ ထောက်ကြံ့၊ ရေပတုန်း စသည်တို့ပေါက်သည်။
အင်တိုင်တောတွင် အင်၊ သစ်ယာ၊ အင်ကြင်း၊ သစ်စေး၊ တညင်၊ ဝါးဘိုး၊ အတော်များများ ပါက်ရောက်သည်။ အင်တိုင်ချုံတောတွင် အင်၊ အင်ကြင်း၊ သစ်ယာနှင့် ဝါးများလည်း ပေါက်ရောက်သည်။ တောင်ပေါ်တောခြောက်တွင် ဝက်သစ်ချ၊ သစ်အယ်၊ ညံ၊ စကပ်၊ သစ်ချ၊ မက်လိန်၊ ရင်းဂူကြီး၊ ဖက်ကြံ့၊ ဂုံး တို့ပေါက်ရောက်သည်။
မြေဆီလွှာ
ပြင်ဦးလွင်မြို့နယ်သည် ကုန်းမြင့်ပိုင်းဖြစ်သည့်အလျောက် အပူပိုင်း ခြောက်သွေ့ဒေသ နှင့်ဆက်စပ်နေ့သည့်အလျောက် မြေဆီလွာ အမျိုးအစားစုံလင်စွာတွေ့ရသည်။ ရေဆင်းနှင့် ရာသီဥတု အနေအထား အလိုက်တွေ့ရသော မြေဆီလွာအမျိုးအစားများမှာ လယ်မြေဝါ၊ မြေဝါသဲဝန်း၊ မြေနီနှင့် တောင်မြင့်မြေနီ၊ ကာဘွန်နိတ်၊ မြေမည်းများ ဟုကွဲပြာတွေရှိရသည်။
လူဦးရေ
ပြင်ဦးလွင်မြို့နယ်အတွင်း မှီတင်းနေထိုင်သူများကို ခွဲခြားသော မြို့နေ လူဦးရေနှင့် ကျေးလက်နေ လူဦးရေ ဟုခွဲခြားနိုင်သည်။ မြို့ပေါ်တွင် ရပ်ကွက်ကြီး (၂၁) ခုခွဲခြားထားပြီး နေထိုင်သည့် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် လူဦးရေ စုစုပေါင်း (၁၉၅၁၁၅) ဦး ဖြစ်သည်။ လူဦးရေအများဆုံး နေထိုင်သော ရပ်ကွက်မှာ ရပ်ကွက်ကြီး (၅) ဖြစ်သည်။ မြို့နေလူဦးရေတွင် ကျားစုစုပေါင်းမှာ (၃၈၃၆၁) ယောက်ဖြစ်ပြီး၊ မဦးရေမှာ (၃၉၂၆၃) ယောက်ရှိသည်။ ကျေးလက်နေ လူဦးရေများသည် ကျေးရွာအုပ်စုပေါင်း (၄၇) အုပ်စု၊ ကျေးရွာပေါင်း (၁၃၉) ရွာတွင်စုစည်းနေထိုင်ကြသည်။ (၂၀၀၅)ခုနှစ် စာရင်းအရ ကျေးလက်နေ လူဦးရေစုစုပေါင်း (၁၁၇၄၉၁)ယောက်ရှိပြီး၊ ကျားဦးရေ (၆၂၀၁၀) ယောက်နှင့် မဦးရေ (၅၅၄၈၁) ယောက်ရှိသည်။ ကျေးလက် လူအများစုသည် စိုက်ပျိုးရေးကို အခြေခံ လုပ်ကိုင်ကြသည်။ မြို့နေ လူအတော်များများမှာ ၀န်ထမ်း မျာဖြစ်ကြသည်။
ပို့ဆောင်ဆက်သွယ်ရေး
ပြင်ဦးလွင်မြို့သည် မော်တော်ကားလမ်း မီးရထားလမ်း စသည့်ဖြင့်အဓိက ဆက်သွယ်ရေး လမ်းကြောင်းကို အားထားနေရသည် မန္တလေး ပြင်ဦးလွင် မော်တော်ကာလမ်း အလျားမိုင် (၄၂) မိုင်ရှိသည်။ မြို့နယ်အတွက် လိုအပ်သော အဓိကကုန်ပစ္စည်းများကို လည်းကောင်း မြို့နယ်အတွင်းမှ တင်ပို့သော စိုက်ပျိုးရေး ထွက်ကုန်များကို လည်းကောင်း မော်တော်ကားလမ်းကို အသုံးပြုကြသည်။
ရှမ်းပြည်နယ် ဘက်သို့လည်း မော်တော်ကားလမ်းရော မီးရထားလမ်းပါ အသုံးပြု ဆက်သွယ်လာနိုင်သည်။ ပြင်ဦးလွင် မန္တလေး ခရီးသည်တင် ဟိုင်းလတ် ကားသင်း (၇) သင်း (၁၅၈) စီး၊ ဗင်ကားသင်း (၆) သင်း (၁၀၃) ခန့်ရှိသည်။ မန္တလေး လာရှိုးမြို့ များသို့နေ့စဉ် သယ်ယူပို့ဆောင်လျက်ရှိသော မော်တော်ကားသင်းများ ရှိသကဲ့သို့ နေ့စဉ်အချိန်မှန် ပြေဆွဲနေသော လူစီးရထား ကုန်ရထားများလဲရှိပေသည်။ လေကြောင်းခရီး အတွက် ယခင်က အနီးစခမ်းလေဆိပ်ရှိသော်လည်း ခရီးသည်တင် လေယာဉ်များ မဆင်းပေ၊ တစ်ခါတစ်ရံအရေးကြီး ပုဂိုလ်များအတွက် အသုံးပြုသည်မှ တစ်ပါး မသုံစွဲပေ။
ယခင်ကပြင်ဦးလွင်မြို့အဝင်မုဒ်ဦး
ဆက်ပါဦးမည်......
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
8.7.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၂ )
မြေမျက်နှာသွင်ပြင်
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
အမြင့်ပေ ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိတေားဒေသ မှာ ၁၅.၃ ရာခိုင်နှုန်းခန့်ရှိသည်။ မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက် ဒုဋ္ဌဝတီမြစ်၏ မြောက်ဘက်အနီးတလျှောက်နှင့် မြို့နယ်၏ အရှေ့ဘက်တွင်တွေ့ရသည်။ အနောက်တောင်ဘက်ပိုင်မှာ အကျယ်ပြန့်ဆုံးဖြစ်သည်။
အမြင်ပေ ၂၀၀၀ မှ ၃၀၀၀ ကြားဒေသများကို မြို့နယ်၏ အရှေဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက် တို့တွင်တွေ့ရပြီး မြို့နယ် ဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီးဒုတိယ အကျယ်ဆုံးသေား အစိတ်အပိုင်းဖြစ်သည်။
အမြင်ပေ ၂၀၀၀ မှ ၃၀၀၀ ကြားဒေသများကို မြို့နယ်၏ အရှေဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက် တို့တွင်တွေ့ရပြီး မြို့နယ် ဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီးဒုတိယ အကျယ်ဆုံးသေား အစိတ်အပိုင်းဖြစ်သည်။
အမြင့်ပေ ၃၀၀၀ နှင့် ၄၀၀၀ ကြားဒေသမှာ မြိုနယ်ဧရိယာ၏ ၄၆.၇ ရာခိုင်နှုန်းရှိပြီး အကျယ်ပြန်ဆုံးအပိုင်းဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်မှအစပြုပြီး အလယ်ဗဟိုတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
အမြင့်ပေ ၄၀၀၀ အထက်ကိုမူ မြို့နယ်ဧရိယာ၏ ၆.၂ ရာခိုင်နှုန်းခန့်သာတွေ့ရသည်။ အမြင့်ဆုံးအပိုင်ဖြစ်ပြီး နေရာသုံးခုပြန့်ကျဲ လျှက်ရှိသည်။ ပထမနေရာမှာ ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် အနောက်တောင်မှ အရှေ့မြောက်ဘက်သို့သွယ်တန်းလျှက်ရှိသည်။ အမြင့်ဆုံးမှာ အုပ်ဖိုတောင် (၄၁၅၅) ဖြစ်သည်။ ဒုတိယ နေရာမှာ မနလေး ~ ပြင်ဦးလွင်ကားလမ်း၏ အရှေ့ဘက်နှစ်မိုင်အကွာတွင် ရှိပြီးတောင်အမည်မှာ ကျိုင်းတောင် (၄၁၆၅) မှာအမြင့်ဆုံးဖြစ်သည်။ တတိယနေရာမှာ ပြင်ဦးလွင်၏ အရှေတောင်ဘက် ငါမိုင်ခန့်အကွာတွင်ရှိပြီး အမြင်ဆုံးအပိုင်မှာ စော်ဘွားတောင် (၄၈၁၃) ဖြစ်သည်။
ရေဆင်း
မြို့နယ်အတွင်း စီးဆင်းနေသောချောင်း များမှာ မြေမျက်နှာပြင် ပိုမြင့်သည့်ဗဟိုပိုင်းမှ ချောင်းဖျားခံ ပြီး မြောက်အရပ်မှအပ ကျန်အရပ်မျက်နှာသို့ စီးဆင်းကြသည်။ ချောင်းအများစုမှာမြိုနယ်အရှေ့ဘက်နှင့် တောင်ဘက်တွင် ကွေဝိုက်စီးဆင်းနေသော ဒုဠဝတီမြစ်အတွင်းသို့ စီးဆင်းကြသည်။ တောင်ကုန်းတောင်တန်းများ များပြားခြင်း မိုးရေချိန် ၅၀ လက်မကျော် ရှိခြင်း သစ်တောများထူးထပ်ခြင်း စသော အချက်များကြောင့် ချောင်းပေါများသည် ။ တစ်နှစ်ပတ်လုံး ရေမပြတ်စီးဆင်းသောထင်ရှားသည့် ချောင်းများ မှာ ဓါတ်တော်ချောင်း ၊ ဒီးဒုတ်ချောင်း တို့ဖြစ်ပါသည် ။ ပြင်ဦးလွင်မြို့နယ် အတွင်း စီးဆင်းနေသောချောင်းနှင့် ဂယ်လောင်းချောင်းတို့ဖြစ်ပါသည်။ ပြင်ဦးလွင်မြိုနယ် အတွင်း စီးဆင်းနေသောချောင်းများ၏ ရေဆင်းပုံစံမှာဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။စီးဆင်းလျက်ရှိသောချောင်းများ၏ ရေဆင်းပုံစံမှာ ဆက်ဖြာရေဆင်းပုံစံဖြစ်ပါသည်။ စီးဆင်းလျက်ရှိသောချောင်းများပေါတွင်ရေတံခွန်များဖြစ်ပေါ်လျက်ရှိသည်။ ရေတံခွန်များသည်အနိမ့်အမြင့် အမျိုးမျိုးရှိသော်လည်း အနိမ့်ဆုံးသည် ပေ ၂၀ နှင့် အမြင့်ဆုံးပေ ၃၃၀ ထိရှိသည်။
ရာသီဥတု
ပြင်ဦးလွင်မြို့နယ်သည် အပူပိုင်း ဇုံအတွင်း ကျရောက်ပြီး မန်လေးမြို့နှင့် လတ္တီတွဒ် တစ်တန်းတည်းကျရောက်တည်ရှိသော်လည်းမန်းလေးကဲသို့ ပူပြင်းချောက်သွေ့သောရာသီဥတုမရှိပေ။ ကုန်းမြေမြင်ပမှုကြောင့်ပိုအေးပြီး မိုးပိုမိုရရှိသည်။အထူးသဖြင့်အေးမြသောရာသီဥတုရှိပြီး အနားယူသောတောင်စခန်းမြို့ဖြစ်သည်ကိုပင် ရာသီဥတု ခွဲခြားခြင်း သဘောအရ သမနွေပိုင်း စွတ်စိုသော ရာသီဥတု အမျိုးအစား(ဃတေ)ဖြစ်သည်။တစ်နှစ်အတွင်း အပူချိန်ပြောင်းလဲမှုမှာ မြန်မာနိုင်ငံ ၏ အခြားဒေသများကဲသို့ပင်ဖြစ်သည်။ဇန်န၀ါရီ လသည် အအေးဆုံးလဖြစ်ပြီး မေလ သည် အပူးဆုံးလ ဖြစ်သည်။ဇန်န၀ါရီလ၏ ပျမ်းမျှမဇိမအပူချိန်၅၆.၁ံ င်္ ၊ပျမ်းမျှအမြင့်ဆုံး အပူချိန် ၇၁.၁ံင်္ ၊ပျမ်းမျှ အနိမ့်ဆုံးအပူချိန်မှာ ၄၁.၂ံ င်္ ဖြစ်သည်။ဇန်န၀ါရီလ အအေး ဆုံးရက်များတွင် အပူချိန် ရေခဲမှတ် ၃၂ံ င်္ အောက်ထိကျဆင်းတက်သည်။မေလတွင် နေစဉ့်ပျမ်းမျှမဇိမ အပူချိန် ၇၅ံ င်္ ၊ပျမ်းမျှအနိမ်ဆုံးအပူချိန်သည် ၆၄.၉ံ င်္ နှင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၈၂.၂ံ င်္ဖြစ်သည်။မိုးရေချိန်အားဖြင့် တစ်နှစ်ပတ်လုံး မိုးရွှာသွန်းမှုသည် ၆၀ လက်မ ခန့်ရှိပြိး မိုးရွာရက်ပေါင်း ၉၀ ၀န်းကျင်ရက်ရှိသည်။မိုးအများဆုံးရွာသော လများမှာ သြဂုတ်လနှင့် စက်တင်ဘာလတို့ဖြစ်ပြီးမိုးအနည်းဆုံးလမှာ ဇန်န၀ါရီလ ဖြစ်သည်။မိုးအသည်းထန်းဆုံးရွာသွန်စဉ် တစ်ကြိမ်တည်းနှင့် ၃.၁၅ လက်မ ရွာသွန်းလေ့ရှိသော်လည်း ၁၉၇၃ ခု၊အောက်တိုဘာလ ၃၀ရက်တွင်မူ တစ်ကြိမ်တည်းနှင့် ၄.၂၅ လက်မ ရွာသွန်ခဲ့သည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
1.7.09
ကျွန်တော် ဖြစ်ပုံ....
ကျွန်တော် ၈တန်းတုန်က ၂၀၀၅ လောက်ကပေါ့ ကျောင်းကအလယ်တန်ကျောင်းဆိုတော့ ကျောင်းမှာတော့အတန်းအကြီးဆုံးပေါ့ ကျောင်းနဲ့အိမ်နဲ့က မိနစ် ၂၀ လောက်စက်ဘီးစီးရတယ် ထမင်းစားနားချိန်က ၁၂ နာရီကနေ ၁ နာရီ။ အဲ့ဒီတော့ ကျောင်းကိုထမင်းချိုင့်ယူရတယ်… ၆တန်း နဲ့၇တန်း တုန်းကတော့ယူတယ်…. ၈တန်းကြတော့မယူတော့ဘူး..
အဲ့ဒီတုန်းက ကျောင်းမဆင်းခင် မိဘတွေ ကျောင်းထဲမဝင်ရ ဆိုတဲ့စည်ကမ်းကရှိတော့ ကျောင်း တံခါး ကိုသော့ခတ်ထားတယ် ကျောင်းဆင်းပြီဆိုမှ တာဝန်ကျ ဆရာမက တံခါး သော့လာဖွင့်တယ် ကျောင်း တံခါး ကအောက်မှာ မြေပြင်နဲ့ ၁ပေ ၁ပေခွဲ လောက်လွတ်နေတယ် ကျောင်းသာမိဘတွေက အဲ့ဒီလွတ်တဲ့နေရာကဝင်ကြတယ်။ ကျောင်အုပ်ဆရာမကြီးလဲ ခေါင်းရှုပ်သွာတယ် ဘာလို့လဲ ဆိုတော့ မြို့နယ်ပညာရေးမှူးအိမ်က ကျောင်းရှေ့တဲ့တဲ့မှာလေ။ တစ်ရက်က ကျောင်းသားမိဘ တစ်ယောက် အောက်ကနေငုံ့ဝင်တာကို ပညာရေးမှူ မြင်သွားပြီ ဓာတ်ပုံရိုက်ထားတယ်.. ဆရာမကြီးလဲ ဆရာမတွေကို လုံခြုံရေးမှူး လုပ်ခိုင်တော့တာဘဲ ။ ဝင်တဲ့မိဘတွေရဲ့ ကလေးတွေက သူငယ်တန်း / ပထမ တန်း ကကျောင်းသားမိဘတွေဘဲရှိတော့ ဆရာမတွေလဲ အားနာတာနဲ့ မမြင်ချင်ယောင် ဆောင်ပေးကြတယ်။ တစ်ပတ်လောက်နေတော့ ဆရာမတွေက အဌမတန်းကကျောင်းသားတွေကို လူမိုက်လုပ်ခိုင်းတော့တာဘဲ….
ကျွန်တော်တို့အတန်းကလူညီတယ်လေ.. လူဦးရေက ၄၀ ထဲဆိုတော့ ညီတာပေါ့ နောက်ပြီး ကျောင်းသားအသစ်မရှိဘူး ဒုတိယတန်း၊ တတိယတန်းလောက်ကထဲက တစ်တန်းထဲ နေခဲ့တဲ အတန်းသားတွေဆိုတော ညီကြတယ်…။ဥာဏ်ရည်လည်းတူကြတယ်။. ဆရာမတွေက နှစ်စကတဲက ဥာဏ်ရည်တူလို့ဆိုပြီး စာသင်လိုက်တာ နှစ်ဝက် ဘဲရှိသေးတယ် သမိုင်းကလွဲလို ကျန်တာအကုန်သင်စရာမရှိတော့ဘူး။ အဲ့ဒီတော့ဆရာမတွေလဲ နားရတဲ့အချိန်ပိုရတာပေါ့။ ဆရာမကြီးကလဲ ကျွန်တော်တို့ ကိုဘာလုပ်လုပ်သိပ်မပြောဘူး နောက်ကဖြေရှင်းပေးမဲ့ဆရာမတွေ ရှိတယ်လေ။ ကံဆိုးတာက မိဘတွေကျောင်းထဲ မဝင်ရေး တာဝန်ပေးခံရတာဘဲ…
တစ်လလောက်ကတော့ မိဘတွေနဲ့ ရန်ဖြစ်ရတယ် ။ကျွန်တော်တို့ကဆရာမကြီးကို ကြောက်တယ်လေ.. တစ်လကျော်တော့ မိဘတွေနဲ့ညှိပြီး ကျောင်းဆင်းခါနီ ၅ မိနစ်လောက် အလိုမှာ ကျောင်းတံခါး ကို တရားဝင် ဖွင့်ပေးလိုက်တော့တယ်။ ကျောင်းသားမိဘတွေ သူတို့ သားသမီးရှိတဲ့အခန်းအရောက် ကျောင်းအဆင်း ဆိုတော့အဆင်ပြေသွားတယ်။ နောက်ပိုင်းကျတော့ သွားပြီးစောင့် စရာမလိုတော့ဘူး။အဲ့ဒီအချိန်ကစပြီး အဲ့ဒီတာဝန်ကို ကျွန်တော်ရယ် သူငယ်ချင်း ရဲဝင်း နှင့် မင်းထိုက် ကတာဝန်ယူတယ်။ သူငယ်ချင်းသုံးယောက်မှာ ထူးခြားတာက မင်းထိုက် ကငယ်ငယ်ကတဲက မျက်လုံးတစ်ဖက်မမြင်ရဘူး ။ အုန်းခွံ မျက်လုံးမှန်တာနဲ့ မျက်စိတစ်ဖတ်ကွယ်ခဲ့တယ်.. ၈တန်နှစ်မှာဘဲ မင်းထိုက်ရော ကျွန်တော်ရော မျက်မှန်စတက်ရတယ် ပါဝါလဲအတူတူဘဲ ဒါပေမဲ့ သူအခုမျက်မှန်တက်စရာမလိုတော့ဘူ ကျွန်တော်ကျတော့အခုထိ မျက်မှန်နဲ့ဘဲရှိသေးတယ် ဗျ..
အဲ့ဒီ ကျောင်းတံခါးဖွင့် ဖို့တာဝန်ယူရတာကလည်း နေ့လည်အိမ်ပြန်ထမင်းစား မယ်ဆိုအဆင်ပြေတယ်လေ.. ကျောင်းဆင်းခါနီး ၅မိနစ်အလို ကျောင်းခန်းက စာအုပ်တွေ စက်ဘီးတွေယူ တံခါးဖွင့် ပြီးတာနဲလစ်ပြီ… နေ့လည်ကျောင်းဆင်းချိန်ဆို ကျွန်တော်တို့လမ်းက လူရှုပ်တယ် ။ ကျောင်းပြန်တတ်ချိန်ဆိုရင်တော့ လူတော်တော်ရှင်းသွားပြီ.. ကျောင်းကနေအိမ်ကိုပြန်ရင် လမ်းက တောင်အတက်ကြည့်ဘဲ ထမင်းစားပြီး အပြန်ဆို ရင်လမ်းကအဆင်းချည့်ဘဲလေ.. အဲဒီချိန်ကျရင် ရဲဝင်းကအလယ်ကနေ လက်နှစ်ဘက်လွှတ်တယ် မင်းထိုက်က ဘယ်ဘက်လွှတ်တယ် ကျွန်တော်ကညာဘက်လွှတ် ပြီး စက်ဘီသုံးစီး ယှဉ်စီးကြတယ် လွှတ်ထားတဲ့လက်နဲ့ တယောက်ပခုံး တယောက်ကိုင်ပြီးစီးတယ်လေ ရဲဝင်းဆို ကျောင်းနားက လမ်းဆုံအထိ စက်ဘီးလက်ကိုင်ကို ကိုင်စရာမလိုဘူး။ အဲ့ဒီလိုစီးရတာအရမ်းပျော်တာဘဲ ဗျာ အခုထိမြင်ယောင်နေတုန်းပါဘဲ။
အဲ့ဒီလိုစက်ဘီးကိုစီးလာတာ နောက်တော့ မူကြိုကျောင်းရှေ့မှာ မင်းထိုက် နဲ့ ရဲဝင်းက စက်ဘီးလဲပါတော့တယ်… ကျွန်တော်လဲလွတ်အောင်တော့ ရှောင်လိုက်တယ် … လဲတဲ့ထဲမပါသွာဘူး… ပျော်သွားတာဘဲ..ဟီး.. ကိုယ်မလဲတော့..(တစ်ကိုယ်ကောင်းဆန်တယ်) ရှေ့လည်းကြည့်လိုက်ရော.. လျှပ်စစ်မီးတိုင်က စောင့်နေတယ် ကျွန်တော်လဲ ဟဲ..ဘယ်ရမလဲ စက်ဘီးနဲ့တည့်တည့် သွားတိုက်တာ အရှိန်လွန်ပြီး ခေါင်းနဲ့ပါတိုက်မိရော..(ဘောလုံးသမားအားကျလို့) ခေါင်းမှာ အလုံးကြီးထလာတာဘဲ သိတယ်..တော်တော်အီတယ်ဗျ.. သူငယ်ချင်းတွေကို သတိရလို့ ကြည့်လိုက်တော့ မင်းထိုက်က အုတ်ခုံကို ခေါင်းအုံးပြီး စက်ဘီးကို စောင်အမှတ်နဲခြုံထားတယ်။….ရဲဝင်းက မင်းထိုက်ရဲ့စက်ဘီးပေါ် မှာ ခွေရက်လေး ရဲဝင်းပေါ်မှာ မင်းထိုက်လိုဘဲ စက်ဘီးစောင်လေးခြုံထားတယ်…(စက်ဘီးနှစ်စီးက ထပ်ပြီးလဲကြတယ်လေ..) အဲ့ဒီလိုလှလှ ပ ပ ဖြစ်ပြက်နေတဲ့အချိန်မှာ သံတွေကြားရတယ် ကြားရတဲ့ဘက်ကိုကြည့် လိုက်တော့ ကလေးချစ်တက်တဲ မူကြိုဆရာမတွေ ကျွန်တော်တို့ကို ဝိုင်းရယ်နေတယ်… ခဏ နေတော့ မင်းထိုက်က ‘ဟေ့ ရဲဝင်း ထ’ တဲ့ ရဲဝင်းက ‘ငါ့ လက်နာနေလို စက်ဘီးကို မ မရဘူးကွ’ အဲ့ဒါနဲကျွန်တော်လဲ ပြေးပြီး စက်ဘီးထူပေး လူကိုထူပေးပြီ ဘာဖြစ်သေးလဲမေးတော့ ရဲဝင်းက လက်နာတယ်တဲ့ စက်ဘီးကတော့ ဘာမှမဖြစ်ဘူး.. မင်းထိုက်က လူဘာမှမဖြစ်ဘူး စက်ဘီးလက်ကိုင်က တစ်ပတ်လည်သွာတယ် ပြန်လှည်တော့ မရတော့ဘူး….
အဲ့ဒါနဲ ကျွန်တော်က လွယ်အိပ်တွေ အာလုံး ကိုသယ်ပြီး.. မင်းထိုက်ကရဲဝင်း ဘီးကို စီးပြီး ရဲဝင်းက မင်းထိုက်ရဲ့နောက်က ထိုင်ပြီး မနာတဲ့လက်နဲ မင်းထိုက်ဘီး ကို တွဲပြီး ကျောင်းနားက စက်ဘီးပြင်ဆိုင်ကိုသွားကြတယ်။စက်ဘီးပြင်ဆိုင်ကပြောလိုက်တယ် မင်းထိုက်ရဲ့ဘီးက ၂ရက်၃ရက်လောက်တော့ ကြာမယ်တဲ့ အဲ့ဒါနဲ့စက်ဘီးထားပြီ ကျောင်းရှေ့က ကျွန်တော်တို့ အနိုင်ကျင့်နေကြအကိုကြီး ရဲ့ဆိုင်မှာထိုင်ပြီးဆေးထဲ့ရတယ် အကိုကြီးကလဲ သူ့ရှိသမျှဆေးတွေထုတ်ပေးရှာတယ်.. အဲ့လိုနဲ စက်ဘီးတွေ အကိုကြီးဆီမှာထားပြီး ကျောင်းထဲဝင်မယ်လဲလုပ်ရော ကျောင်းတံခါးကသော့ခတ်ပြီးနေပြီ သော့ခတ်တဲ့ သူငယ်ချင်းတက်ပုကလဲ နာရီဝက်လောက်စောင့်တယ် မလာတာနဲ့ သူလဲဝင်သွားတာ…. ဖြစ်ချင်တော့ ပညာရေးမှူးကြီးက ရုံးမသွားဘဲ သူ့အိမ်မှာဘာလုပ်နေမှန်းသိဘူး။ အဲ့ဒီတော့ မိဘတွေ လမ်းစဉ်တိုင်းကလိုက်မရဘူးဖြစ်နေတယ် … အဲ့တာနဲ့ကျောင်းတစ်ပတ် ပတ်ပြီး ကျောင်းနောက်ကျောက ဆေးရုံထဲသွားပြီး ကျောင်းထဲဝင်ဖို့ အပေါက်လိုက်ရှာတာ ကျောင်းအုပ်ကြီး ရုံးခန်း အောက်က ဆရာမများနားနေခန်း နဲတည့်တည့်မှာ အပေါက်ကတွေ့တယ် အရဲစွန့်ပြီးခိုးဝင်ခဲ့ရတာ ဘယ်ဆရာမမှတော့ မမြင်ဘူးထင်တာဘဲ..
ညနေကျောင်းဆင်းလို့ မင်းထိုက်အိမ်ကိုလိုက်ပို့တော့ မင်းထိုက်အမေက စက်ဘီးရောဆိုတော့ မင်းထိုက်က စက်ဘီးလဲပြီး ပျက်သွားလို့ ပြင်ဆိုင်ပို့ထားတယ်ပြောတော့ သူ့အမေက တစ်ခွန်းဘဲဆူတယ် ‘ မင်းထိုက် နဲ့ မင်းကံ မင်းဘဲခံ’ တဲ့ ကျွန်တော့်တို့မှာ ရယ်ရမလို သူငယ်ချင်းပြောခံရလို့ ဝမ်းနဲပေးရမလို ဖြစ်ခဲ့သေးတယ်... ကျွန်တော်ကတော့ ညနေကြတော့ ခေါင်းကအလုံးကြီးက သေးသွားပြီဆိုတော့ အမေမသိအောင်နေလို့ ရသွားတယ်.. ဒါပေမဲ့ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ပြုစုခဲ့တဲ့အဖွားက ကျွန်တော်မျက်နှာကြည့်တာနဲ့ တန်းသိတယ်.. အမေမသိအောင် လာမေးလို့ပြောပြ လိုက်ရတယ်… ဖွားဖွားကတော့မဆူဘူး နောက်တခါလုပ်ရင် မေမေနဲ့တိုင်မယ်တဲ့… ရဲဝင်းအမေကတော့ တော်သေးတယ် လက်ဘဲနာလို မကျိုးတာကံကောင်းတဲ့.. နောက်နေ့ နံနက် မင်းထိုက်နဲ့ ကျွန်တော် ရဲဝင်းကိုသွားခေါ်တော့ ရဲးဝင်းအမေက သူသားမနေ့က ကျောင်းကအပြန် စက်ဘီးလဲခဲ့တယ် ဆိုတာကိုပြောပြတယ်… ကျွန်တော်တို့မသိသလိုနေခဲ့ရတယ်.. အဲ့နေ့ကစပြီး သူငယ်ချင်းသုံးယောက် စက်ဘီးနှစ်စီးနဲ့ ကျောင်းသွားကျောင်းပြန်လုပ်ရတာ တစ်ပတ်တိတိ နောက် ဘယ်တော့မှ စက်ဘီးကို လက်လွှတ်မစီးရဲတော့ဘူး…. နေ့လည်ကျောင်းဆင်းချိန်မှာလည်း အိမ်မပြန်တော့ဘူး……
. . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .
အခုဆို မင်းထိုက်က ရန်ကုန်မှာအလုပ်လုပ်နေပြီ… ရဲဝင်းလဲ စစ်ထဲဝင်သွားပြီး သူလည် သူ့ခံယူချက်နဲသူဘဲလေ.. သူ့တို့ဘဝကတော့ တည်ငြိမ်သွားပြီထင်တာဘဲ…. ကျွန်တော်ကတော့ ကျောင်းတက်တုံး နောက်ဘာဆက်ဖြစ်မယ်ဆိုတာမသိသေးဘူး ==>
. . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .
ဒီ Post လေးက ကျွန်တော်အတွက် ပထမဦးဆုံး ကိုယ်တိုင်ရေး Post လေးဖြစ်လို့ လိုအပ်ချက်လေးများရှိရင် ခွင့်လွှတ်သိခံပြီ လိုအပ်ချက်များကို ပြေားပြပေးပါ......
ရွှေပြည်ဦး
Subscribe to:
Posts (Atom)