ငါးအာရုံဘင်အစု၊ ခင်မှုနှင့်နေ့ကုန်၊
နင် ယခုမေ့ပုံကို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံရှိတော့မခန်း၊
အောက်အဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည် လမ်းကိုလ၊
နင်မြှောက်စမ်း နင့်ကိုယ်၊
ဒေသနာထင်အလင်းရယ်နှင့်၊
နင် အဖျင်း ပိုထက်သာပို၊
သည်လောဘစရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်း ဖို့အစဉ်၊
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား…။
လယ်တီဆရာတော်ဘုရားကြီး
(၁၀) တန်း ကဗျားများမှရယူသည်
3 comments:
မှတ်သားသွားပါတယ်--
ပျော်ရွှင်ပါစေ---
မှတ်သားသွားပါတယ်--
ပျော်ရွှင်ပါစေ---
မင်္ဂလာပါ ညီလေး ...
လယ်တီ ဆရာတော် ဘုရားကြီး ဖြစ်ပါတယ်
အကို အလွန်ကြိုက်တဲ့ တေးထပ်လေးမို့ ထပ်ဖတ်သွားပါတယ်
Post a Comment