19.4.09
များများသိမှ များများပေးနိုင်
များများသိမှ များများပေးနိုင်မယ်။ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်။ ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက် ငဲ့လို့ပါ။ ပရဟိတကျတော့ အယုတ်, အလ လူမျိုးမရွေး, ဘာသာနရွေး, ပုဂ္ဂိုလ်မရွေး, ဘယ်သူ, ဘယ်ဝှာမရွေး အားလုံးရဲ့ အကျိုးအတွက်ပါ။
12.4.09
အအေးဆုံးအရိပ်ပေးတာမိဘ
ကိုယ်တက်နိုင်သလောက် သေချာစူးစမ်းလေ့လာ၊ သူတို့ကို မေးတော့လည်း ဘာမှမပြောတက် လိုအပ်ရင်ဆေးဆရာတို့၊ ဆရာဝန်တို့လို စမ်းသပ်လို့ ဆင်းရဲလွတ်အောင် ကူညီဆောင်ရွက်ပေးကြတယ်။ ကရုဏာနဲ့ အရိပ်ပေးပြီး စောင့်ရှောက်ပေးကြတယ်။
တိပိဋက ယောဆရာတော်
တိပိဋက ယောဆရာတော်
9.4.09
အထူးချွန်ဆုံး စွမ်းအားရှင်
သတ္တ၀ါများ ဒုက္ခမျိုးစုံလွတ်ဖို့၊ ချမ်းသာမျိုးစုံရဖို့ ကိုယ့်ဟာကိုယ် နည်းမှန်လမ်းမှန် ကယ်တင်တတ်ဖို့ နည်းလမ်းတွေ ညွှန်ပြပေးလိုတာကြောင့် ကိုယ်ကျိုးစွန့်ခွာပြီး အနစ်နာခံခဲ့တာပါ။
“ဗုဒ္ဓ” ဆိုတာကပဲ အထူးချွန်ဆုံး စွမ်းအားရှင်ရဲ့အမည်ပါ။
တိပိဋက ယောဆရာတော်
“ဗုဒ္ဓ” ဆိုတာကပဲ အထူးချွန်ဆုံး စွမ်းအားရှင်ရဲ့အမည်ပါ။
တိပိဋက ယောဆရာတော်
3.4.09
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
ငါးအာရုံဘင်အစု၊ ခင်မှုနှင့်နေ့ကုန်၊
နင် ယခုမေ့ပုံကို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံရှိတော့မခန်း၊
အောက်အဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည် လမ်းကိုလ၊
နင်မြှောက်စမ်း နင့်ကိုယ်၊
ဒေသနာထင်အလင်းရယ်နှင့်၊
နင် အဖျင်း ပိုထက်သာပို၊
သည်လောဘစရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်း ဖို့အစဉ်၊
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား…။
လယ်တီဆရာတော်ဘုရားကြီး
(၁၀) တန်း ကဗျားများမှရယူသည်
Subscribe to:
Posts (Atom)