ဘိုးတော် ဦးဝိုင်းသည် မိမိမေးသမျှကို ဦးပေါ်ဦးက ဖြေနိုင်သည်ချည်းဖြစ် í(ရ်ျ) နေရုံမျှမက ထို အဖြေ အမေး များဖြင့် မိမိအား ထိကပါး ရိကပါးကျီစား လျှောက်တင် နေသည် များကြောင့် ခဲရာခဲဆစ်များတို့ မေးမြန်းမည်ဟု အကြံတော် ရှိသဖြင့် စာပေ ကျမ်းဂန်နှင့် ပတ်သက်သော မေးခွန်းကို မေးမြန်းတော်မူလေသည်။
တောင်ငါးလုံး ပိတ်ဖုံးကာခိုတဲ့ ရာဇဂြိုဟ်ပြည်လို့ အဆိုရှိတဲ့ အနော်မာမြစ်နဲ့ ယူဇနာသုံးဆယ်ကွာ ရာဇဂြိုဟ်ပြည်ရှိတယ်လို့ ဗုဒ္ဓ၀င်မှာ တွေ့ရတယ်။
တောင်ငါးလုံး ပိတ်ဖုံးကာခိုတဲ့ ရာဇဂြိုဟ်ပြည်လို့ အဆိုရှိတဲ့ အနော်မာမြစ်နဲ့ ယူဇနာသုံးဆယ်ကွာ ရာဇဂြိုဟ်ပြည်ရှိတယ်လို့ ဗုဒ္ဓ၀င်မှာ တွေ့ရတယ်။
“အဲဒီ တောင်ငါးလုံးရဲ့ နောက်ဆုံးတစ်လုံးဖြစ်တဲ့ ၀ိဇÑဂုတ်တောင်(ဂိဇဈဂုတ်တောင်)ရဲ့ ပုံပန်း သဏ²န် (သဏန်) ကိုက ဠင်းတနဲ့ တူလို့လား၊ အဲဒီတောင်ထိပ်မှာ ဠင်းတတွေ နေလို ခေါ်တာလား ဆိုတာ ခွဲခြား လျှောက်တင်စမ်း မောင်မင်း”
ထိုအခါ အမတ်ကြီး ဦးပေါ်ဦးသည် ရုပ်တရက် လက်ယှက်ကာ “ဘုရား ကျွန်တော်ဝန် ငပေါ်ဦး ပုရပိုက်အပေါ် အက©ရာ (အက်ခရာ) တင် í(ရ်ျ) လျှောက်တင်ပါရစေ ဘုရာ”
“အေး….အေး၊ မောင်မင်း နှစ်သက်သလိုတင်ပါ”
ထိုအခါ ဦးပေါ်ဦးသည် အနီးဆုံးရှိ ပုရပိုက်ကို ဆွဲယူကာ ရေးလိုက်လေသည်။
တောင်ငါးလုံး၏ အမည်များမှာ ပဏ္ဏ၀၊ ဝေဘူလ၊ ဝေဘာလ၊ £သိဂီလ (ကကုသိဂီလ)နှင့် ၀ိဇÑဂုတ်တောင်(ဂိဇဈဂုတ်တောင်)ဟူí(ရ်ျ) ဖြစ်ရာ ၀ိဇÑဂုတ်တောင်(ဂိဇဈဂုတ်တောင်)၏ အထွတ်ü ဠင်းတငှက်တို့ နေထိုင် ကျက်စားကြသေားကြောင့် ပါဠိအလိုအားဖြင့် ဠင်းတကို ၀ိဇÑဂုတ်(ဂိဇဈဂုတ်)ဟု ခေါ်သေားကြောင့် ၀ိဇÑဂုတ်(ဂိဇဈဂုတ်)ဟု အမည်တွင်ခြင်းသာ ဖြစ်ပါကြောင်း ရွှေဖ၀ါတော် မြတ်အောက် ရှိခိုးလျှောက်ထားအပ်ပါသည် ဘူရားဟု ရေးသားကာ ဆက်သလိုက်လေသည်။
ဘိုးတော် ဦးဝိုင်းသည် ဆက်သသော စာကို ဖတ်နေရာကနှစ်ခြိုက်တော် မှုသော်လည်း ဠင်းတကို “လ” ကလေးဖြင့်မရေးဘဲ “ဠ”ကြီးဖြင့် ရေသားထားသည်ကို တွေ့ရသဖြင့်ဝိ၀ါဒမကွဲ ရှိတော်မှု í(ရ်ျ) မေးလိုက်ပြန်လေသည်။
“နေပါဦး….ပေူဦးရဲ၊ ဠင်းတကို ဘောက်မဲ့ကြောင့် လ ကလေးနဲ့ မရေးဘဲ ဠ ကြီးနဲ့ ရေးတာလဲ၊ ခွဲထားသတ်ပုံများရှိသေးလိုလာ”
“ခွဲထားရယ်လို့ မရှိပါဘုရား”
“ဒါဖြင့် ဠ ကြီးနဲ့ ရေးတဲအကြောင်းက…”
မှန်လှပါ၊ လ ကလေးနဲ့ ဠ ကြီး မည်သည့်နေရာ မည်သို့သုံးစွဲ ရေးသားရမည်လို့ အဆို အမိန့် မရှိဘူးပါ၊ ဒါကြောင့် ဘုရား ကျွန်တော်မျိုးက ငှက်တကာတို့ ထက် ရှပ်လက©ဏာ (လက်ခဏာ) အရုပ်ဆိုးဠင်းတကို အက©ရာ (အက်ခရာ) တကာတို့ထက် အရုပ်ဆိုးတဲ့ ဠ ကြီးနဲ့သာ ထိုက်တန် ဖက်တပ်မိတဲ့အတွက် ဠင်းတကို ဠ ကြီးနဲ့ ရေးလိုက်ရပါတယ်၊ ဒါမှလဲ သဘာဝယုတ္တိ ကျပါမယ်ဘုရား ဟု လျှောက်ထားလိုက်ရာ ဘုရင်နှင့်တကွ မှူးမတ် အပေါင်းတို့မှာ “ဟုတ်ပေသားပဲ” ဟူ í(ရ်ျ) ပြောဆိုကာ ရယ်ကြ ပြုံးကြနှင့် ချီးကျူးကြလေသည်။
(ဦးမြတ်လှ ပြုစုသေား ဦးပေါ်ဦး လျှောက်ထုံး)
No comments:
Post a Comment