ဒီနေ့ ကျွန်တော့်မွေးနေ့ ဖြစ်လို့ ဒီကဗျာလေးကို တင်လိုက်ပါတယ်...
မွေနေ့ဆိုတာ အိုပွဲပါ
တစ်နှစ်တစ်ခါ၊ မွေးနေ့ပါ၊ လူမှာခေါ်ရိုးရှိ၊၊
တကယ်ပြောင်းတာ၊ ရုပ်နာမ်ပါ၊ ခန္ခာမမြဲသိ၊၊
ရုပ်နာမ်ဓမ္မ၊မမြဲကြ၊ ခဏခဏပြောင်းနေ၏၊၊
သေမင်းမှတ်တိုင်၊ နောက်တစ်တိုင်၊
ရင်ဆိုင်ရောက်လာ၏၊၊
မွေးနေ့ဆိုတာ၊ အိုပွဲပါ၊ သေချာညဏ်ဖြင့်ကြည့်၊၊
အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ၊၊
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏၊၊
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏၊၊
အကျင့်သိက္ခာ၊ ကြီးမှာသာ၊ မှန်စွာစိတ်အေး၏၊၊
ကြီးလေ လှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏၊၊
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်စိတ်အေ၏၊၊
မွေနေ့ဆိုတာ အိုပွဲပါ
တစ်နှစ်တစ်ခါ၊ မွေးနေ့ပါ၊ လူမှာခေါ်ရိုးရှိ၊၊
တကယ်ပြောင်းတာ၊ ရုပ်နာမ်ပါ၊ ခန္ခာမမြဲသိ၊၊
ရုပ်နာမ်ဓမ္မ၊မမြဲကြ၊ ခဏခဏပြောင်းနေ၏၊၊
သေမင်းမှတ်တိုင်၊ နောက်တစ်တိုင်၊
ရင်ဆိုင်ရောက်လာ၏၊၊
မွေးနေ့ဆိုတာ၊ အိုပွဲပါ၊ သေချာညဏ်ဖြင့်ကြည့်၊၊
အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ၊၊
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏၊၊
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏၊၊
အကျင့်သိက္ခာ၊ ကြီးမှာသာ၊ မှန်စွာစိတ်အေး၏၊၊
ကြီးလေ လှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏၊၊
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်စိတ်အေ၏၊၊
တိပိဋက ယောဆရာတော်
ကြွားရဦးမယ်....
ကျွန်တော့်မွေးနေ့မှာ ဒါနပြုဖို့ ဆီစဉ်နေတာ...
..:: ဒါနပြုမဲ့ တာရား CD များ ::..
အင်...အစက ဒီနေ့ Toa Payaoh ကျောင်းမှာဝေမလို့
ဒါပေမဲ့ ကျောင်မှာက ၈ ရက် ၈ လ ဆိုတော့ လူနည်းနည်းရှုပ်လို့ နောက်ကြုံတော့မှဘဲ ဝေတော့မယ်...
ကြွာရတာ အားမရှိလိုက်တာ....
ညီလေးရွှေပြည်ဦးရေ
ReplyDeleteHappy Birthday ပါ
မိဘတွေ သက်ရှိထင်ရှား ကောင်းမွန်ကျန်းမာစွာ ရှိချိန်မှာ ပြည့်စုံအောင် စိတ်ချမ်းသာအောင် ထားနိုင်သော သားလိမ္မာလေးဖြစ်ပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
မောင်လေးရေ happy birthday
ReplyDeleteမွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပညာတတ်ကြီးဖြစ်ပါစေ။ မိဘအားကိုးရတဲ့ သားလိမ္မာတယောက်ဖြစ်ပါစေနော့။
ခင်တဲ့
အမ
**H*A*P*P*Y***B*I*R*T*H*D*A*Y**
ReplyDelete