20.7.09

ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး။
အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွေ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲတွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဆရာဇော်ဂျီ (ဗေဒါလမ်း ကဗျာစု)

1 comment:

desertraindrops said...

ဘယ်တော့မှ မရိုးတဲ့ ဆရာဇော်ဂျီရဲ့ဗေဒါလမ်းပါ။