မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်ဟု ဆိုလိုသည်။
ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တ၀ါများကား ခုနစ်ပါးရှိသည်။
ထိုခုနစ်ပါးမှာ …
၁။ တောက်တဲ့။
၂။ ဇီးကွက်။
၃။ ရွှေပြည်စိုး။
၎။ ယောက်ဖခွေးခေါ်ငှက်။
၅။ တစ်တီတူး (တီတီတွတ်)။
၆။ ဥသြငှက်။
၇။ ဘုတ်ငှက်။
စသည်တို့ဖြစ်သည်။
တိရစ္ဆာန် သတ္တ၀ါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည်ဂုဏ်ပုဒ် ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ် တွင် အကျုံးမ၀င်၊ လူကောင်းတို့ အပြုအမှုမဟုတ်။ တိရစ္ဆာန်တို့၏အလုပ်၊ တိရစ္ဆာန်တို့၏ အမူ အကျင့်သာ ဖြစ်သည် စသည်ဖြင့် ရှုတ်ချ၍ဆိုသည်။ ထောင်လွှားတက်ကြွခြင်းမာနသဘောသို့ ရောက်သောကြောင့် သူတော်ကောင်းတို့ စက်ဆုပ်ကြသည်။အမည်ကိုစွဲ၍ ခေါ်တွင်ခြင်းဖြစ်သော်လည်း တင်စား၍ဆိုသည်။
မြန်မာ့စကားပုံများ မှရယူသည်
25.6.09
24.6.09
သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင် ( ၁ )
တည်နေရာ နယ်နိမိတ်
ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင်တည်ရှိသည်။ မန္တလေးတိုင် အတွင်းတည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင်မပါဝင်ပေ။ အကြောင်းကာမူ ရှမ်းကုန်ပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသေားကြောင့်ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်နှင့် ဆက်စပ်တည်ရှိသေား မြို့နယ်လေးခုရှိသည်။ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် နောင်ချိုမြို့နယ်၊ အနောက်မြောက်ဘက်တွင် မတရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည်မြို့နယ် တို့နှင့်ဆက်စပ်တည်ရှိသည်။
အကျယ်အဝန်း
ပြင်ဦးလွင်းမြို့နယ်၏ တောင်နှင့်မြောက် အရှည်ဆုံးသေားအလျားမှာ ၄၆ မိုင်၊ အကျဉ်းဆုံး (အတိုဆုံး) အလျားမှာ ၁၂ မိုင်ခန့်ရှိပြီး အရှေ့နှင့် အနောက် အကျယ်ဆုံးမိုင် ၃၀ နှင့် အကျဉ်းဆုံးမိုင် ၄ မိုင် ရှိသည်။ ထိုကြောင့် ဧရိယာအားဖြင့် ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဦးလွင်မြို့နယ်သည် ရှမ်းကုန်းမြင့် အနောက်ဘက်စွန်းတွင် တည်ရှိသေားကြောင့် ကုန်းမြင့်ဒေသဖြစ်ပြီး တောင်ကုန်းထူတပ်ပေါးများသည်။ တောင်ပေါ် မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင်အများဆုံး တွေရသည်။ အနိမ့်ဆုံး အပိုင်သည် ပေ ၃၀၀၀ နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃.၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ထိုဒေသများကို မြို့နယ်၏ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် ဒုဋ္ဌဝတီမြစ်တလျှောက်နှင့် အရှေ့ဘက်တွင် အနည်းငယ်စီတွေ့ရသည်။
>>စာရေးသူ+မေမြို့ချစ်ဆွေ<<
ကိုရှမ်းကလေး ဆီမှရယူသည်
22.6.09
11.6.09
ပြည်ပရောက် မြန်မာများရဲ ဇာတိမာန်
တိုင်းတပါးရောက် မြန်မာများရဲ့ ပြောပုံဆိုပုံကို သတိထား နာထောင်ကြည့်လိုက်တော့ တိုင်းတပါးရောက်သွားမှ ပိုပြီး မျိုးချစ်စိတ်ကြီးလာတယ်ဗျ…
ပိုပြီး ဇာတိသွေး ဇာတိမာန်တက်သန်လာတယ်ဟု ထင်လိုက်ရတယ်…..
တိုင်းတစ်ပါး လူမျိုးတွေက သူတို့အကြောင်းကို ပြေားနေမှန်းမသိအောင် မြန်မာတို့ထွင်ထားလိုက်တဲ့ ဗန်းစကားတွေကို နားထောင်ကြည့်ပါ….
(ယပက်လက်)တဲ့…..
(စ..လုံး)တဲ့……
(ဘ..ကုန်း)တဲ့…..
(သူတို့ကိုယ်သူတို့) မြန်မာလူမျိုးကျတော့ ( ရွှေ )တဲ့….
ရုတ်တရက်ကြည့် လိုက်လျှင်တော့ ဟာသကလေးလိုဖြစ်နေတယ်….
ဒါပေမဲ့ ဇာတိမာန်ပါနေတာကိုတော့ အထင်းသားမြင်နေရတယ်….
သူငယ်ချင်းတို့ရော်…ဘယ်လိုထင်ပါသလဲ……
ပိုပြီး ဇာတိသွေး ဇာတိမာန်တက်သန်လာတယ်ဟု ထင်လိုက်ရတယ်…..
တိုင်းတစ်ပါး လူမျိုးတွေက သူတို့အကြောင်းကို ပြေားနေမှန်းမသိအောင် မြန်မာတို့ထွင်ထားလိုက်တဲ့ ဗန်းစကားတွေကို နားထောင်ကြည့်ပါ….
(ယပက်လက်)တဲ့…..
(စ..လုံး)တဲ့……
(ဘ..ကုန်း)တဲ့…..
(သူတို့ကိုယ်သူတို့) မြန်မာလူမျိုးကျတော့ ( ရွှေ )တဲ့….
ရုတ်တရက်ကြည့် လိုက်လျှင်တော့ ဟာသကလေးလိုဖြစ်နေတယ်….
ဒါပေမဲ့ ဇာတိမာန်ပါနေတာကိုတော့ အထင်းသားမြင်နေရတယ်….
သူငယ်ချင်းတို့ရော်…ဘယ်လိုထင်ပါသလဲ……
8.6.09
တော်လိုက်တဲ့သား
မိတ်ဆွေနှစ်ဦး မိသားစုပညာရေးအကြောင်း ပြေားနေကြရာ
' ခင်ဗျာသား ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးသလဲ့ '
' ဒီကောင့်အကြောင်း ပြောရမှာ စိတ်ပျက်စရာပါဗျာ၊ ဒီပုံစံအတိုင်း စာသင်နေရင်တော့ ကျောင်းလည်းပြီးရော ပင်စင်စာလည်းဖြစ်ရော်ပဲလို့ ထင်ရတာပဲ '
' ခင်ဗျာသား ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးသလဲ့ '
' ဒီကောင့်အကြောင်း ပြောရမှာ စိတ်ပျက်စရာပါဗျာ၊ ဒီပုံစံအတိုင်း စာသင်နေရင်တော့ ကျောင်းလည်းပြီးရော ပင်စင်စာလည်းဖြစ်ရော်ပဲလို့ ထင်ရတာပဲ '
3.6.09
Subscribe to:
Posts (Atom)